မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ရောင်းထားသော အမေရိကန်ဒေါ်လာများဖြင့် တင်သွင်းလာသည့် စက်သုံးဆီနှင့် စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။
“စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းစက်သုံးဆီနဲ့ စားသုံးဆီဈေးနှုန်းများ မြင့်တက်မှုအပေါ် စားသုံးသူတွေ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်စေရေးအတွက် စက်သုံးဆီကဏ္ဍမှာ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းနဲ့ ပူးပေါင်းပြီး ဗဟိုဘဏ်နဲ့ချိတ်ဆက်ကာ ရည်ညွှန်းဈေးနဲ့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို USD သန်း ၂၀ ရောင်းပေးခဲ့ပါတယ်။
အဲဒီငွေတွေနဲ့ တင်သွင်းလာတဲ့ စက်သုံးဆီတွေကို စက်တင်ဘာ ၂၂ ရက်မှ စတင်ပြီး ပြင်ပပေါက်ဈေးထက် တစ်လီတာ ကျပ် ၄၀၀ ခန့် သက်သာတဲ့ ဈေးနှုန်းနဲ့ ဓာတ်ဆီဂါလန်ပေါင်း လေးသန်း၊ ဒီဇယ်ဂါလန်ပေါင်း လေးသန်းကျော် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်” ဟု သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် စက်သုံးဆီ အရောင်းဆိုင်များစာရင်းနှင့် ဈေးနှုန်းများကို ပြည်သူများသိရှိဝယ်ယူနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
“အလားတူ ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းနဲ့ ရောင်းပေးတဲ့ USD ၁၉ သန်းနဲ့ တင်သွင်းလာတဲ့ စားအုန်းဆီတွေကို ဆီကုန်သည်အသင်းက စက်တင်ဘာ ၂၀ ရက်မှစ၍ တစ်ပိဿာလျှင် လက်ကားဈေးနှုန်း ၃၇၀၀ ကျပ်နှုန်းနဲ့ စုစုပေါင်း ပိဿာချိန် ၉၈၇၅၇၀၇၊ တန်ချိန် ၁၆၁၃၆ ကို ဖြန့်ဖြူးပေးသွားမှာဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းဒေသကြီးများနဲ့ ရှမ်းပြည်နယ်တွေမှာ ပိဿာချိန် စုစုပေါင်းသိန်း ၆၀၊ တန်ချိန်တစ်သောင်းခန့်ကို ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး
ကျန်တိုင်းဒေသကြီး/ပြည်နယ်များမှာလည်း ဆက်လက်ရောင်းချပေးသွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လက်လီရောင်းဈေးကိုတော့ သက်ဆိုင်ရာဒေသအလိုက် သယ်ယူပို့ဆောင်ခစရိတ်များ ထပ်ပေါင်းပြီး (နှစ်ရာခိုင်နှုန်း) အမြတ်နဲ့ တစ်ပိဿာကို ၃၈၀၀/၃၉၀၀ ဈေးနဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးထက် တစ်ပိဿာအပေါ်မှာ ၁၂၀၀ ကျပ်ခန့် သက်သာသောဈေးနှုန်းနဲ့ ဖြန့်ချိပေးနေခြင်း ဖြစ်ပါတယ်” ဟု သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနှင့် စားသုံးသူပြည်သူများ စက်သုံးဆီအပါအဝင် အခြေခံစားကုန်များကို သင့်တင့်မျှတသည့် ဈေးနှုန်းနှင့် ဝယ်ယူရရှိနိုင်ရန် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနဲ့ စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
လက်ရှိမြန်မာနိုင်ငံတွင် စက်သုံးဆီ၊ စားသုံးဆီအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တက်နေမှု၏ အခြေခံအကြောင်းအရာများသည် စက်သုံးဆီနှင့် စားသုံးဆီအပါအဝင် ပြည်ပမှ တင်သွင်းရသည့် ကုန်စည်များ၏ ကမ္ဘာ့ရောင်းဈေးနှုန်းမြင့်တက်ခြင်း၊ ပြည်တွင်းငွေလဲဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ပြည်တွင်းပြည်ပ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခနှုန်းထားများ မြင့်တက်ခြင်းများကြောင့်ဖြစ်သည်ကို စိစစ် တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ မူဝါဒနှင့် အညီ ပို့ကုန်တိုးမြှင့်နိုင်ရေးနှင့် မဖြစ်မနေအသုံးပြုရန် မလိုအပ်သည့် ကုန်စည်များတင်သွင်းမှု လျှော့ချရေးများကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် သွင်းကုန်ကဏ္ဍနှင့်ပတ်သက်၍ Non-Automatic Licensing Procedures အရ ကုန်ပစ္စည်းများကို စိစစ်တင်သွင်းခွင့်ပြုရန် စီမံဆောင်ရွက်လျက်ရှိပြီး
ပထမအဆင့် လူစီးအိမ်စီးမော်တော်ယာဉ် တင်သွင်းမှုနှင့်ပတ်သက်၍ တစ်ဦးချင်း တင်သွင်းမှုအား စက်တင်ဘာလကုန်မှစ၍ ခွင့်မပြုခြင်း၊ တင်သွင်းမှုများပြားသည့် ကုန်ပစ္စည်းများအပေါ် စနစ်တကျ စိစစ်ပြီးမှ တင်သွင်းခွင့်ပြုခြင်းနှင့် နယ်စပ်ဂိတ်ပေါက်များမှ အချိုရည်၊ အသင့်စားမုန့်မျိုးစုံ အပါအဝင် ပြည်တွင်းတွင် ထုတ်လုပ်နိုင်သည့်ကုန်စည်များကို တင်သွင်းမှုစိစစ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော အမေရိကန်ဒေါ်လာလဲလှယ်နှုန်း အဆမတန်မြင့်တက်နေရသည့် အခြေခံအကြောင်းများတွင် ပို့ကုန်ရငွေအပါအဝင် (Earining) များကို ပြည်တွင်းသို့ ပြန်လည်ပေးပို့မှု နှောင့်နှေးခြင်း၊ မသမာသူအချို့မှ ဒေါ်လာဈေးတက်အောင် ဈေးကစားခြင်းများကြောင့်ဖြစ်ပြီး အမေရိကန်ဒေါ်လာငွေလဲနှုန်း ပြန်လည်ကျဆင်းရေးအတွက် ဈေးကစားမှုများမရှိစေရေးနှင့် Earning များ အမြန်ဆုံးပြန်လည် ဝင်ရောက်ရေးတို့ကို ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများက ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ထုတ္ေရာင္းထားေသာ အေမရိကန္ေဒၚလာမ်ားျဖင့္ တင္သြင္းလာသည့္ စက္သုံးဆီႏွင့္ စားအုန္းဆီမ်ားကို ျပင္ပေပါက္ေဈးထက္ သက္သာေသာေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕က ေျပာၾကားထားသည္။
“စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနအေနနဲ႔ ျပည္တြင္းစက္သုံးဆီနဲ႔ စားသုံးဆီေဈးႏႈန္းမ်ား ျမင့္တက္မႈအေပၚ စားသုံးသူေတြ သင့္တင့္တဲ့ေဈးႏႈန္းနဲ႔ ဝယ္ယူရရွိႏိုင္ေစေရးအတြက္ စက္သုံးဆီက႑မွာ ျမန္မာႏိုင္ငံ စက္သုံးဆီ တင္သြင္းျဖန႔္ျဖဴး ေရာင္းခ်ေရးအသင္းနဲ႔ ပူးေပါင္းၿပီး ဗဟိုဘဏ္နဲ႔ခ်ိတ္ဆက္ကာ ရည္ၫႊန္းေဈးနဲ႔ စက္သုံးဆီတင္သြင္းတဲ့ ကုမၸဏီေတြကို USD သန္း ၂၀ ေရာင္းေပးခဲ့ပါတယ္။
အဲဒီေငြေတြနဲ႔ တင္သြင္းလာတဲ့ စက္သုံးဆီေတြကို စက္တင္ဘာ ၂၂ ရက္မွ စတင္ၿပီး ျပင္ပေပါက္ေဈးထက္ တစ္လီတာ က်ပ္ ၄၀၀ ခန႔္ သက္သာတဲ့ ေဈးႏႈန္းနဲ႔ ဓာတ္ဆီဂါလန္ေပါင္း ေလးသန္း၊ ဒီဇယ္ဂါလန္ေပါင္း ေလးသန္းေက်ာ္ ေရာင္းခ်ေပးသြားမွာ ျဖစ္ပါတယ္” ဟု သတင္းထုတ္ျပန္ေရးအဖြဲ႕က ေျပာၾကားထားသည္။
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ သတ္မွတ္ေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးေနသည့္ စက္သုံးဆီ အေရာင္းဆိုင္မ်ားစာရင္းႏွင့္ ေဈးႏႈန္းမ်ားကို ျပည္သူမ်ားသိရွိဝယ္ယူႏိုင္ရန္ ႏိုင္ငံပိုင္သတင္းစာမ်ား၌ ေဖာ္ျပေပးလ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ေရးအဖြဲ႕က ထုတ္ျပန္ထားသည္။
“အလားတူ ဗဟိုဘဏ္က ရည္ၫႊန္းေဈးႏႈန္းနဲ႔ ေရာင္းေပးတဲ့ USD ၁၉ သန္းနဲ႔ တင္သြင္းလာတဲ့ စားအုန္းဆီေတြကို ဆီကုန္သည္အသင္းက စက္တင္ဘာ ၂၀ ရက္မွစ၍ တစ္ပိႆာလွ်င္ လက္ကားေဈးႏႈန္း ၃၇၀၀ က်ပ္ႏႈန္းနဲ႔ စုစုေပါင္း ပိႆာခ်ိန္ ၉၈၇၅၇၀၇၊ တန္ခ်ိန္ ၁၆၁၃၆ ကို ျဖန႔္ျဖဴးေပးသြားမွာျဖစ္ၿပီး ရန္ကုန္၊ မႏၲေလး၊ စစ္ကိုင္း၊ မေကြး၊ ပဲခူးတိုင္းေဒသႀကီးမ်ားနဲ႔ ရွမ္းျပည္နယ္ေတြမွာ ပိႆာခ်ိန္ စုစုေပါင္းသိန္း ၆၀၊ တန္ခ်ိန္တစ္ေသာင္းခန႔္ကို ျဖန႔္ျဖဴးေရာင္းခ်ေပးခဲ့ၿပီး
က်န္တိုင္းေဒသႀကီး/ျပည္နယ္မ်ားမွာလည္း ဆက္လက္ေရာင္းခ်ေပးသြားဖို႔ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါတယ္။ လက္လီေရာင္းေဈးကိုေတာ့ သက္ဆိုင္ရာေဒသအလိုက္ သယ္ယူပို႔ေဆာင္ခစရိတ္မ်ား ထပ္ေပါင္းၿပီး (ႏွစ္ရာခိုင္ႏႈန္း) အျမတ္နဲ႔ တစ္ပိႆာကို ၃၈၀၀/၃၉၀၀ ေဈးနဲ႔ ေရာင္းခ်ေပးေနတာျဖစ္ပါတယ္။ ျပင္ပေပါက္ေဈးထက္ တစ္ပိႆာအေပၚမွာ ၁၂၀၀ က်ပ္ခန႔္ သက္သာေသာေဈးႏႈန္းနဲ႔ ျဖန႔္ခ်ိေပးေနျခင္း ျဖစ္ပါတယ္” ဟု သတင္းထုတ္ျပန္ေရးအဖြဲ႕က ေျပာၾကားထားသည္။
စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနအေနႏွင့္ စားသုံးသူျပည္သူမ်ား စက္သုံးဆီအပါအဝင္ အေျခခံစားကုန္မ်ားကို သင့္တင့္မွ်တသည့္ ေဈးႏႈန္းႏွင့္ ဝယ္ယူရရွိႏိုင္ရန္ သက္ဆိုင္ရာဌာနမ်ား၊ အသင္းအဖြဲ႕မ်ားနဲ႔ စဥ္ဆက္မျပတ္ ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊
လက္ရွိျမန္မာႏိုင္ငံတြင္ စက္သုံးဆီ၊ စားသုံးဆီအပါအဝင္ အေျခခံစားေသာက္ကုန္ေဈးႏႈန္းမ်ား ေဈးႏႈန္းျမင့္တက္ေနမႈ၏ အေျခခံအေၾကာင္းအရာမ်ားသည္ စက္သုံးဆီႏွင့္ စားသုံးဆီအပါအဝင္ ျပည္ပမွ တင္သြင္းရသည့္ ကုန္စည္မ်ား၏ ကမာၻ႔ေရာင္းေဈးႏႈန္းျမင့္တက္ျခင္း၊ ျပည္တြင္းေငြလဲေဈးႏႈန္းမ်ား ျမင့္တက္ျခင္းႏွင့္ ျပည္တြင္းျပည္ပ ကုန္ပစၥည္း သယ္ယူပို႔ေဆာင္ခႏႈန္းထားမ်ား ျမင့္တက္ျခင္းမ်ားေၾကာင့္ျဖစ္သည္ကို စိစစ္ ေတြ႕ရွိရေၾကာင္း သတင္းထုတ္ျပန္ေရးအဖြဲ႕က ထုတ္ျပန္ထားသည္။
စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံေတာ္၏ မူဝါဒႏွင့္ အညီ ပို႔ကုန္တိုးျမႇင့္ႏိုင္ေရးႏွင့္ မျဖစ္မေနအသုံးျပဳရန္ မလိုအပ္သည့္ ကုန္စည္မ်ားတင္သြင္းမႈ ေလွ်ာ့ခ်ေရးမ်ားကို အထူးအေလးေပး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထို႔ျပင္ သြင္းကုန္က႑ႏွင့္ပတ္သက္၍ Non-Automatic Licensing Procedures အရ ကုန္ပစၥည္းမ်ားကို စိစစ္တင္သြင္းခြင့္ျပဳရန္ စီမံေဆာင္႐ြက္လ်က္ရွိၿပီး
ပထမအဆင့္ လူစီးအိမ္စီးေမာ္ေတာ္ယာဥ္ တင္သြင္းမႈႏွင့္ပတ္သက္၍ တစ္ဦးခ်င္း တင္သြင္းမႈအား စက္တင္ဘာလကုန္မွစ၍ ခြင့္မျပဳျခင္း၊ တင္သြင္းမႈမ်ားျပားသည့္ ကုန္ပစၥည္းမ်ားအေပၚ စနစ္တက် စိစစ္ၿပီးမွ တင္သြင္းခြင့္ျပဳျခင္းႏွင့္ နယ္စပ္ဂိတ္ေပါက္မ်ားမွ အခ်ိဳရည္၊ အသင့္စားမုန႔္မ်ိဳးစုံ အပါအဝင္ ျပည္တြင္းတြင္ ထုတ္လုပ္ႏိုင္သည့္ကုန္စည္မ်ားကို တင္သြင္းမႈစိစစ္ျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ေရးအဖြဲ႕က ထုတ္ျပန္ထားသည္။
လက္ရွိ ျမန္မာႏိုင္ငံတြင္ ႀကဳံေတြ႕ေနရေသာ အေမရိကန္ေဒၚလာလဲလွယ္ႏႈန္း အဆမတန္ျမင့္တက္ေနရသည့္ အေျခခံအေၾကာင္းမ်ားတြင္ ပို႔ကုန္ရေငြအပါအဝင္ (Earining) မ်ားကို ျပည္တြင္းသို႔ ျပန္လည္ေပးပို႔မႈ ေႏွာင့္ေႏွးျခင္း၊ မသမာသူအခ်ိဳ႕မွ ေဒၚလာေဈးတက္ေအာင္ ေဈးကစားျခင္းမ်ားေၾကာင့္ျဖစ္ၿပီး အေမရိကန္ေဒၚလာေငြလဲႏႈန္း ျပန္လည္က်ဆင္းေရးအတြက္ ေဈးကစားမႈမ်ားမရွိေစေရးႏွင့္ Earning မ်ား အျမန္ဆုံးျပန္လည္ ဝင္ေရာက္ေရးတို႔ကို ဗဟိုဘဏ္အပါအဝင္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားက ေျဖရွင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ေရးအဖြဲ႕က ထုတ္ျပန္ထားသည္။