ၾကားသိရသမွ်

သံလိုက်လူသားဖြစ်ချင်မိခဲ့တာကြောင့် သံလိုက်ဘောလုံး ၅၄ လုံးကို မျိုချလိုက်တဲ့ ကောင်လေး

အသက် ၁၂ နှစ်အရွယ်ဗြိတိသျှကလေးငယ်တစ်ဦးဟာ သံလိုက် ၅၄ လုံးကို မျိုချပြီးနောက် အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရတယ်လို့ နိုင်ငံတကာသတင်းဝက်ဘ်ဆိုက်တစ်ခုမှာ ဖော်ပြလာခဲ့ပါတယ် ။ ဒါဟာမိဘတွေကို သတိထားဖို့ သတိပေးတဲ့ နောက်ထပ်သတင်းတစ်ခုပါ ။ အင်္ဂလန်၊ မန်ချက်စတာမှ ကောင်လေး Rhiley Morrison ဟာ မတူညီတဲ့ အချိန်များအတွင်း သံလိုက်ဘောလုံးနှစ်ကြိမ်မျိုချခဲ့ပါတယ် ။ ကောင်လေးက သံလိုက်ဓာတ်ဟာ သူ့ရဲ့ အစာအိမ်မှာ ကပ်ငြိခြင်းရှိ၊ မရှိကို သိလိုခဲ့တာကြောင့် မျိုချခဲ့တာပါ ။ နောက်ပြီး သူက သံလိုက်ဓာတ်ဟာ ဝမ်းဗိုက်နဲ့ တွဲလိုက်တဲ့အခါ ၎င်းက တစ်ခုကို တစ်ခု ဆွဲငြိစေသလားဆိုပြီး သံသယများ အပါအဝင်နဲ့ စမ်းပြီး မျိုချကြည့်တယ်လို့ဆိုခဲ့ပါတယ် ။

လေးရက်အကြာမှာ ကောင်လေး Rhiley က မဖြစ်နိုင်ဘူးဆိုတာသိခဲ့ပြီး နောက်ဆုံးတော့ မိခင်ဖြစ်သူ Paige Ward ကို သူ မတော်တဆသံလိုက်မျိုချလိုက်တယ်လို့ ပြောပြခဲ့ပါတယ် ။ သူက အမေကို သံလိုက်၂ လုံးသာမျိုချလိုက်တယ်လို့ မိခင်ကိုပြောပြသော်လည်း မိခင်ကသားဖြစ်သူကို ဆေးရုံသို့ခေါ်သွားတဲ့အခါ ဓာတ်မှန်ရလဒ်အရ အစာအိမ်နဲ့ အူလမ်းကြောင်းနှစ်ခုလုံးမှာ သံလိုက်ဘောလုံး ၅၄ လုံးရှိနေခဲ့ပါတယ် ။ ဆရာဝန်တွေကကောင်လေးကို အရေးပေါ်ခွဲစိတ်ဖို့ စေလွှတ်လိုက်ပါတယ် ။ သံလိုက်ကို ၆ နာရီကြာ ဖယ်ရှားရပြီး သံလိုက်ဓာတ်အားက ကောင်လေးကို ပူလောင်စေနိုင်ရုံမက အရေးကြီးတဲ့ တစ်သျှူးများ သို့မဟုတ် ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေနိုင်ပါတယ် ။

JRose (KB Chimmy One)

Reference : thainewsonline

Zawgyi

အသက္ ၁၂ ႏွစ္အ႐ြယ္ၿဗိတိသွ်ကေလးငယ္တစ္ဦးဟာ သံလိုက္ ၅၄ လုံးကို မ်ိဳခ်ၿပီးေနာက္ အေရးေပၚခြဲစိတ္မႈခံယူခဲ့ရတယ္လို႔ ႏိုင္ငံတကာသတင္းဝက္ဘ္ဆိုက္တစ္ခုမွာ ေဖာ္ျပလာခဲ့ပါတယ္ ။ ဒါဟာမိဘေတြကို သတိထားဖို႔ သတိေပးတဲ့ ေနာက္ထပ္သတင္းတစ္ခုပါ ။ အဂၤလန္၊ မန္ခ်က္စတာမွ ေကာင္ေလး Rhiley Morrison ဟာ မတူညီတဲ့ အခ်ိန္မ်ားအတြင္း သံလိုက္ေဘာလုံးႏွစ္ႀကိမ္မ်ိဳခ်ခဲ့ပါတယ္ ။ ေကာင္ေလးက သံလိုက္ဓာတ္ဟာ သူ႔ရဲ႕ အစာအိမ္မွာ ကပ္ၿငိျခင္းရွိ၊ မရွိကို သိလိုခဲ့တာေၾကာင့္ မ်ိဳခ်ခဲ့တာပါ ။ ေနာက္ၿပီး သူက သံလိုက္ဓာတ္ဟာ ဝမ္းဗိုက္နဲ႔ တြဲလိုက္တဲ့အခါ ၎က တစ္ခုကို တစ္ခု ဆြဲၿငိိေစသလားဆိုၿပီး သံသယမ်ား အပါအဝင္နဲ႔ စမ္းၿပီး မ်ိဳခ်ၾကည့္တယ္လို႔ဆိုခဲ့ပါတယ္ ။

ေလးရက္အၾကာမွာ ေကာင္ေလး Rhiley က မျဖစ္ႏိုင္ဘူးဆိုတာသိခဲ့ၿပီး ေနာက္ဆုံးေတာ့ မိခင္ျဖစ္သူ Paige Ward ကို သူ မေတာ္တဆသံလိုက္မ်ိဳခ်လိုက္တယ္လို႔ ေျပာျပခဲ့ပါတယ္ ။ သူက အေမကို သံလိုက္၂ လုံးသာမ်ိဳခ်လိုက္တယ္လို႔ မိခင္ကိုေျပာျပေသာ္လည္း မိခင္ကသားျဖစ္သူကို ေဆး႐ုံသို႔ေခၚသြားတဲ့အခါ ဓာတ္မွန္ရလဒ္အရ အစာအိမ္နဲ႔ အူလမ္းေၾကာင္းႏွစ္ခုလုံးမွာ သံလိုက္ေဘာလုံး ၅၄ လုံးရွိေနခဲ့ပါတယ္ ။ ဆရာဝန္ေတြကေကာင္ေလးကို အေရးေပၚခြဲစိတ္ဖို႔ ေစလႊတ္လိုက္ပါတယ္ ။ သံလိုက္ကို ၆ နာရီၾကာ ဖယ္ရွားရၿပီး သံလိုက္ဓာတ္အားက ေကာင္ေလးကို ပူေလာင္ေစႏိုင္႐ုံမက အေရးႀကီးတဲ့ တစ္သွ်ဴးမ်ား သို႔မဟုတ္ ကိုယ္တြင္းအဂၤါမ်ားကို ပ်က္စီးေစႏိုင္ပါတယ္ ။

JRose (KB Chimmy One)