ၾကားသိရသမွ်

စခန်းဟောင်းလေးကိုပြန်ရောက်ခဲ့ပြီးအမှတ်တရတွေကိုပြောပြလာတဲ့ ထားထက်ထက်

လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်မတို့ စတည်ခဲ့တဲ့ စခန်းရဲ့အပါတ်စဉ် (၃) သင်တန်းဆင်းပွဲ ကို ပြန်သွားဖြစ်ခဲ့ပါတယ်

လုံခြုံရေးအရ စခန်းကနေ ထွက်ခွါခဲ့ရပေမယ့် အဲ့ဒီနေရာလေးက အမှတ်တရပေါင်း များစွာနဲ့ပါ.

နံနက်လင်းချိန် သွေးသစ္စာသီချင်းဆိုပြီးတာနဲ့ ရတဲ့ ၁၀ မိနစ်လောက်ကို ရအောင်ပြန်အိပ်ကြတဲ့ ကိုတယောတို့ အိုင်တီတို့ စတဲ့ ညီအကို တွေ.အိမ်သာ ၃ ခန်း ကို လူ ၆၀ လောက် တန်းစီ ကြရတာတွေကျွန်မက မျက်နှာသစ်ဖို့ ရေဖွင့်ရင်း ပိုက်ပြုတ်ပြီး တကိုယ်လုံးရွှဲကုန်တာကို လှမ်းရယ်နေတဲ့ ကိုတယောပြုတ်နေတဲ့ ရေပိုက် ကို ဆက်လိုက် ၊ နောက်တနေရာက ထပ်ပြုတ်လိုက် ၊ ထပ်ဆက်လိုက် ဖြစ်ခဲ့ရတာတွေ…

ဖုန်းတွေရဲ့ နှိုးစက်ကြောင့် အမြဲ ဘူနေတဲ့ ဆရာမဒုစရိုက် တဲဟောင်း နဲ့ ကျိုးကြီး ကျိုးလေးတို့ အဖွဲ့တွေ…

ပြောရရင် မကုန်တော့ပါဘူးတစ်ယောက်ချင်းစီက အစ အသေးစိတ် အမှတ်တရရှိပါတယ်…အမြဲ ပြန်တွေးဖြစ်နေတဲ့ မိသားစုလို နေရာဟောင်းလေး ဆီ ပြန်ရတဲ့ အခါ နွေးထွေးသလို တိုးတက်မှုတွေကြောင့် အမြဲ ကျေနပ်ရတဲ့ နေရာလေး…

သင်တန်း အပါတ်စဉ် ၃ ခု ရှိခဲ့ပြီ …

လေ့ကျင့်ပေးပြီးသူ ထောင်ဂဏန်း နီးပါးရှိခဲ့ပြီ .PDF တပ်တော် က အသိအမှတ်ပြု ရဲဘော်ကြီးတွေ အပြင် သင်တန်းနည််းပြ ပြန်ဖြစ်နေပြီဖြစ်တဲ့ ဂုဏ်ယူစရာ ရှေ့အပါတ်စဉ်တွေက ထူးချွန်ရဲဘော်တွေ…

အိမ်နဲ့ဝေးနေပေမယ့် မိသားစုဆီ ပြန်ရောက်ရသလို နွေးထွေးစွာ ကြိုကြတဲ့ အကို ၊ မောင် ၊ အမ ၊ ညီမ ၊ နှမ တွေကျေးဇူးတင် ချစ်ခင်ရပါတယ် …

ကျွန်မ ထွက်လာခဲ့တဲ့ အခါ မိုးရိက္ခာ နဲ့ ရံပုံငွေ နိုင်သလောက် ထောက်တယ် ဆိုပေမယ့် မောင်လေး Dr. Ready နဲ့ မောင်လေး ခေါခေါ တို့ရဲ့ ရံပုံငွေရရှိရေး ကြိုးစားမှု ကြောင့် စခန်းဟာ ကျွန်မတို့ရှိစဉ်ကထက် ပိုပြီးတိုးတက်လာခဲ့တယ်…

လေးစားကျေးဇူးတင် ဂုဏ်ပြုတယ်နော် ငါ့မောင်တို့… ( စိတ်ထဲ အမြဲရှိပါတယ် )

ရုံးအဖွဲ့ ကလဲ တကယ်ကို တိုးတက်အောင် စီမံခန့်ခွဲနိုင်ခဲ့သလို သူတို့ နောက်က ဆက်ခံတဲ့ ရုံးအဖွဲ့သစ်ကို စနစ်တကျ လွှဲပြောင်းလက်ခံ လုပ်ပေးခဲ့တာကလဲ ဂုဏ်ယူစရာကောင်းပါတယ်…

အမ… ကျွန်တော် ရှိုင်းပါ တဲ့ … Shine Htet Zawလက်အုပ်လေး ချီလို့ ကျွန်တော် တို့ကို ကူနိုင်တာကူပါနော် တဲ့ …

မိဘ က အမွေပြတ်စွန့်လွှတ် ခံရတာ တွေ့လို့ Facebook မှာ လူတွေ သတိထားမိတဲ့ စခန်းက fundraiser အသစ် မောင်လေး…

နွေဦးတော်လှန်ရေးသာ မပေါ်ပေါက်ခဲ့ရင် မိသားစု နဲ့ နွေးနွေးထွေးထွေးရှိနေရမယ် ကလေး…

မျက်နှာက ကလေးရုပ် မပျောက်သေး…

သူက စခန်းတခုလုံးရဲ့ fund အတွက် တာဝန်ယူမယ့် ကျွန်မတို့ရဲ့ မျိုးဆက်သစ် လူငယ်…

မိဘ အဆုံးအမကောင်း နဲ့ ကြီးရတဲ့ ကလေးမှန်း သိသာလိုက်တာ…

အင်မတန် ယဉ်ကျေးတဲ့ မောင်လေး…

လေးစားတယ် မောင်လေးရေ …

ကူနိုင်သမျှ ကူပါ့မယ် လို့ ကတိပေးခဲ့သလို တပ်ခွဲရုံးက အသစ်ဖွင့်ထားတဲ့ page ကို လဲ share ပေးပါ့မယ်…

ဒီစာကတော့ လေးစားရတဲ့ ရဲဘော်မောင်ယဉ်ကျေးအကြောင်းကို ကြွားလိုက်တဲ့ အကြွားပို့စ် လို့သာ မှတ်သားပြီး စခန်း ကို တိုက်ရိုက် ပံ့ပိုးကြပါလို့ မေတ္တာရပ်ခံလိုက်ရပါတယ် ရှင် …

ကိုယ့်ထက် တော်တဲ့ ယဉ်ကျေးတဲ့ စိတ်ထားပြည့်ဝတဲ့ နောက်မျိုးဆက်ကို တာဝန်တွေ လက်ဆင့်ကမ်းခွင့် ရနေတာကိုက ကျွန်မတို့ တော်လှန်ရေးအတွက် အားတက်စရာပါပဲ…

Credit ထားထက်ထက်