အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအဖက်မလုပ်၍ Non-CDMဝန်ထမ်းများ အလုပ်ထွက်ရန်စဥ်စား
အာဏာသိမ်းစစ်ကောင်စီအား နိုင်ငံတကာကအသိအမှတ်မပြုဘဲ ဖယ်ကျဥ်လာသောလက်ရှိနိုင်ငံရေးအခင်းအကျင်းများက Non-CDM
ဝန်ထမ်းများကို အကာအကွယ်မဲ့စေပြီး ဆက်လက်တာဝန်ထမ်းဆောင်ရန် စိတ်မပါတော့ကြောင်း Non-CDM ဝန်ထမ်းများကပြောသည်။
CDM ဝန်ထမ်းများမှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်မထန်ဆောင်ဘဲ ၊အကြမ်းမဖက်ဘဲ အာဏာဖီဆန်နေကြခြင်း
ဖြစ်သည်။
Non-CDM ဝန်ထမ်းများမှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြခြင်းဖြစ် သည်။
“ကျွန်တော်တို့ CDM မလုပ်ခဲ့တာက စစ်ကောင်စီကို ထောက်ခံလွန်းလို့ မဟုတ်ဘူး။ မိသားစုမှာ ကိုယ်မရှိရင် မဖြစ်တဲ့အခါ ဘယ်ကိုမှ
တိမ်းရှောင်မရလို့ အလုပ်ဆက်လုပ်နေတာ။ အခုကတော့ အလုပ်လည်း မလုပ်ချင်တော့သလို ရာထူးတိုးလည်း မလျှောက်တော့ဘူး။ အလုပ်
ထွက်ချင်ပြီ”ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အဆင့်အရာရှိတစ်ဦးက People Spring’s သတင်းဌာနသို့ ပြောသည်။
” သတင်းတွေ မြင်တွေ့နေရသလောက်နိင်ငံရေးအပြောင်းအလဲက ဖြစ်တော့မယ်လို့ ကျွန်မတို့ ဝန်ထမ်းတွေကြား ပြောနေကြတယ်။ စစ်
ကောင်စီကို မယုံကြတော့ဘူး။ အများစုက မဖြစ်လို့သာ လုပ်နေရတာ။အလုပ်ထွက်ချင်နေကြပြီ။ အရာရှိတွေလည်း ကြောက်နေကြပြီ”ဟု
ပြန်ဆက်ဌာနမှ ခရိုင်အဆင့် အမျိုးသားဝန်ထမ်းတစ်ဦးကပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် ယခုအခါ ယခင်က သူအားထောက်ခံခဲ့သည့် အာဆီယံအသိုက်အဝန်း၏ ပြစ်ပယ်မှုကိုပါရင်ဆိုင်လာရပြီး ကု
လသမ္မဂနှင့် EU နိုင်ငံများကလည်း ပြည်သူထံ အာဏာအမြန်ဆုံး ပြန်အပ်ရန် ဖိအားပေးနေသည်။
အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိကျင်းပမည့်အာဆီယံထိပ်သီးအစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်း
အောင်လှိုင်ကို ဖိတ်ကြားမည်မဟုတ်ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အတည်ပြုထားသလို ပြုပြင်ပြောင်းလဲရေး မလုပ်သမျှ
အာဆီယံအစည်းအဝေးများတွင် စစ်ကောင်စီကို တက်ခွင့်မပေးရန် အင်ဒိုနီးရှားနိုင်ငံက အဆိုပြုထားသည်ဟု ရိုက်တာသတင်းဌာနက
သတင်းဖော်ပြထားသည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ဘဲ ကြားနေမူကိုင်စွဲထားသည်ဆိုသော အာဆီယံအဖွဲ့ကြီး၏ သမိုင်း
တွင်စစ် အာဏာသိမ်းမှုကြောင့် အာဆီယံထိပ်သီးအ စည်းအဝေးတွင် အာဏာလုခေါင်းဆောင်ကို မဖိတ်ကြားခြင်းမှာ ပထမဆုံးအကြိမ်
ဖြစ်သည်။ Source;People’s Spring
Zawgyi
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအဖက်မလုပ်၍ Non-CDMဝန်ထမ်းများ အလုပ်ထွက်ရန်စဉ်စား
အာဏာသိမ်းစစ်ကောင်စီအား နိုင်ငံတကာကအသိအမှတ်မပြုဘဲ ဖယ်ကျဉ်လာသောလက်ရှိနိုင်ငံရေးအခင်းအကျင်းများက Non-CDM ဝန်ထ
မ်းများကို အကာအကွယ်မဲ့စေပြီး ဆက်လက်တာဝန်ထမ်းဆောင်ရန် စိတ်မပါတော့ကြောင်း Non-CDM ဝန်ထမ်းများကပြောသည်။
CDM ဝန်ထမ်းများမှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်မထန်ဆောင်ဘဲ ၊အကြမ်းမဖက်ဘဲ အာဏာဖီဆန်နေကြခြ
င်းဖြစ်သည်။ Non-CDM ဝန်ထမ်းများမှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြခြင်းဖြစ် သည်။
“ကျွန်တော်တို့ CDM မလုပ်ခဲ့တာက စစ်ကောင်စီကို ထောက်ခံလွန်းလို့ မဟုတ်ဘူး။ မိသားစုမှာ ကိုယ်မရှိရင် မဖြစ်တဲ့အခါ ဘယ်ကိုမှ တိ
မ်းရှောင်မရလို့ အလုပ်ဆက်လုပ်နေတာ။ အခုကတော့ အလုပ်လည်း မလုပ်ချင်တော့သလို ရာထူးတိုးလည်း မလျှောက်တော့ဘူး။ အ
လုပ်ထွက်ချင်ပြီ”ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အဆင့်အရာရှိတစ်ဦးက People Spring’s သတင်းဌာနသို့ ပြောသည်။
” သတင်းတွေ မြင်တွေ့နေရသလောက်နိင်ငံရေးအပြောင်းအလဲက ဖြစ်တော့မယ်လို့ ကျွန်မတို့ ဝန်ထမ်းတွေကြား ေြ
ပာနေကြတယ်။ စစ်ကောင်စီကို မယုံကြတော့ဘူး။ အများစုက မဖြစ်လို့သာ လုပ်နေရတာ။အလုပ်ထွက်ချင်နေကြပြီ။ အရာရှိတွေ
လည်း ကြောက်နေကြပြီ”ဟု ပြန်ဆက်ဌာနမှ ခရိုင်အဆင့် အမျိုးသားဝန်ထမ်းတစ်ဦးကပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် ယခုအခါ ယခင်က သူအားထောက်ခံခဲ့သည့် အာဆီယံအသိုက်အဝန်း၏ ပြစ်ပယ်မှုကိုပါရင်ဆိုင်လာရပြီး ကုလသ
မ္မဂနှင့် EU နိုင်ငံများကလည်း ပြည်သူထံ အာဏာအမြန်ဆုံး ပြန်အပ်ရန် ဖိအားပေးနေသည်။
အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိကျင်းပမည့်အာဆီယံထိပ်သီးအစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းေ
အာင်လှိုင်ကို ဖိတ်ကြားမည်မဟုတ်ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အတည်ပြုထားသလို ပြုပြင်ပြောင်းလဲရေး မလုပ်သမျှ
အာဆီယံအစည်းအဝေးများတွင် စစ်ကောင်စီကို တက်ခွင့်မပေးရန် အင်ဒိုနီးရှားနိုင်ငံက အဆိုပြုထားသည်ဟု ရိုက်တာသတင်းဌာနက သတ
င်းဖော်ပြထားသည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ဘဲ ကြားနေမူကိုင်စွဲထားသည်ဆိုသော အာဆီယံအဖွဲ့ကြီး၏ သ
မိုင်းတွင်စစ် အာဏာသိမ်းမှုကြောင့် အာဆီယံထိပ်သီးအ စည်းအဝေးတွင် အာဏာလုခေါင်းဆောင်ကို မဖိတ်ကြားခြင်းမှာ
ပထမဆုံးအကြိမ်ဖြစ်သည်။ Source;People’s Spring