ၾကားသိရသမွ်

ေငြတိုးေခ်းစားေသာ သူေတာ္ေကာင္း

လွန်ခဲ့သော နှစ်ပေါင်းအတော်ကြာလောက်က #မန္တလေးတိုင်း_ပျော်ဘွယ်မြို့နယ်ထဲမှာ ငွေတိုးချေးစားတဲ့ သူတော်ကောင်းကြီး တစ်ယောက် ပေါ်ထွက်ခဲ့ဘူး ပါတယ်။

သူ့ကို တစ်နယ်လုံးက ကြည်ညိုလေးစားကြတယ်တဲ့။အခုအချိန်ထိအောင် တသသပြောနေကြတုန်းပါ။ဆရာတော် ပျော်ဘွယ်မြို့ကို တရားတစ်ည သွားဟောတာနဲ့သိခဲ့ရတာပါ။သူက အတိုးကို အနည်းဆုံး ယူတယ်။ဥပမာ…တစ်ရာ နှစ်ကျပ်တိုးလောက်ပေါ့…ထူးခြားချက်ကတော့ ယာတစ်ကွက်ကို ငါးသောင်းနဲ့ အပေါင်ခံ ထားတယ်။အဲဒီလယ်ကို လုပ်စားရင်းနဲ့ အရင်းကြေသွားပြီဆိုရင် ပေါင်တဲ့သူကိုခေါ်ပြီး တစ်ခါတည်း ပြန်ပေးလိုက်ပါတယ် လစဉ်ရတဲ့ အတိုးနဲ့တင် ကျေနပ်လိုက်တဲ့ သဘောပေါ့…

သူ့ရဲ့ခြံရှေ့မှာဒီလိုလေးစာရေးထားပါတယ်။စားရေးအတွက်အခက်အခဲရှိရင်စပါးတစ်တောင်းနှင့်_ဆီတစ်ပုလင်း_လူတိုင်းလာယူနိုင်သည်တဲ့။အိမ်ရှေ့မှာလည်း ဆီကို ရာဝင်အိုးကြီးနဲ့ ထည့်ထားပြီး စပါးကိုတော့ အမိုးလုပ်ပြီး ပုံပေးထားတယ်။

စပါးတို့ ဆီတို့ လာယူတဲ့သူကို သူပြောတဲ့ စကားလေးက…ကလေးမ…အပေါ်ယံကြည့်ရင် စပါးတစ်တောင်းနဲ့ ဆီတစ်ပုလင်း ရတဲ့ ကလေးမက ဦးကိုကျေးဇူးတင်ရမှာ။နက်နက်နဲနဲ တွေးကြည့်ရင်ဦးက ကလေးမကို ကျေးဇူးတင်ရမှာပါ။

ဘာကြောင့်လည်းဆိုတော့…ကလေးမက စပါးတစ်တောင်း ဆီတစ်ပုလင်းနဲ့ပြီးသွားပေမယ့် ဦးကတော့ ဘဝပေါင်းတစ်သိန်း စပါးတင်းပေါင်းများစွာ၊ဆီပုလင်းပေါင်းများစွာ ပြန်ရမှာမို့ပါ။

ပညာမဲ့အမြင်နဲ့ကြည့်ရင် ယူသူက ရသွားတာပါ ပညာရှိအမြင်နဲ့ကြည့်တော့ ပေးသူက ရတာပါ။ဒါကြောင့် ပညာမဲ့ကယူရတာကို ပျော်ပေမယ့်ပညာရှိကလှူရတာကိုပျော်တာပါ။ဘာသာခြားတစ်ဦးကဘုရားရှင်ကိုမေးဘူးတယ်။လူတိုင်းချမ်းသာချင်ကြတယ်။ဒါကြောင့် ချမ်းသာအောင်လည်း နည်းမျိုးစုံနဲ့ကြိုးစားနေကြတယ်။ဒါပေမဲ့ တစ်ရာမှာတစ်ယောက်လောက်သာ ချမ်းသာပြီး( ၉၉ )ယောက်က ဘာကြောင့် ဆင်းရဲတာလဲတဲ့။ဘုရားရှင်က ဖြေပေးပါတယ်။

လူတစ်ရာမှာ…တစ်ယောက်လောက်ပဲလှူရတာကို ပျော်ခဲ့ကြလို့ ချမ်းသာပြီး ကျန်(၉၉)ယောက်ကတော့ ယူရတာကို ပျော်ခဲ့ကြလို့ ဆင်းရဲတာပါတဲ့။

ကလေးမက…ဦးချမ်းသာအောင် အကျိုးဆောင်ပြီးပြီ ဦးကလည်း ကလေးမ ချမ်းသာအောင် အကျိုးဆောင်ပါ့မယ် ထမင်းကျက်တာနဲ့ ကြွလာတဲ့ သံဃာတော်တွေကိုဆွမ်းလောင်းပါ။သံဃာတစ်ပါးကို ဆွမ်းလှူရင် ဘဝကုဋေတစ်သိန်းမကအောင် ချမ်းသာပါတယ်။

သူတော်ကောင်းဆိုတော့…သေမယ့်နေ့ကိုကြိုသိပါတယ် အသက်လည်း( ၉ဝ )ကျော်လောက် နေရတယ်လို့ မှတ်မိနေတယ်။
သူဟာသူ့ရဲ့အမျိုးသမီးကိုမှာတယ်။မနက်ဖြန်ညနေ(၄)နာရီငါဆုံးမှာငါမဆုံးခင်သံဃာတွေကိုနေ့ဆွမ်းကပ်ပြီးဓမ္မစကြာတရားနာချင်တယ် စီစဉ်ပေးပါတဲ့ ဆွမ်းကပ် တရားနာပြီး ပြောတဲ့အတိုင်း ညနေ( ၄ )နာရီမှာ ဆုံးသွားပါတယ်။

ငွေတိုးချေးစားသူတိုင်း အပြစ်ဖြစ်ပါသလားလို့ မေးလာလို့ ဒီပို့စ်ကို တင်ပေးတာပါ။ကိုယ်အတိုးရ ပြီးရောဆိုပြီး တစ်ရာ( ၂ဝ )တိုး ( ၃ဝ )တိုးလောက်ထိယူပြီး မဆပ်နိုင်တဲ့အခါ အိမ်သိမ်း ခြံသိမ်းလုပ်တဲ့ သူတွေကတော့ အပြစ်ရှိပြီး အပါယ်ကျနိုင်တာပေါ့။

ဦးကျောက်ခဲလို…တစ်ဖက်လူ အဆင်ပြေဖို့ ဦးစားပေးသူတွေကတော့ အပြစ်မဖြစ်တဲ့အပြင် အတိုးငွေသာမက ကုသိုလ်တောင် ရပါသေးတယ်။

မေတ္တာများစွာဖြင့် …

Credit-မေတ္တာရှင်

zawgyi

လြန္ခဲ့ေသာ ႏွစ္ေပါင္းအေတာ္ၾကာေလာက္က #မႏၲေလးတိုင္း_ေပ်ာ္ဘြယ္ၿမိဳ႕နယ္ထဲမွာ ေငြတိုးေခ်းစားတဲ့ သူေတာ္ေကာင္းႀကီး တစ္ေယာက္ ေပၚထြက္ခဲ့ဘူး ပါတယ္။

သူ႔ကို တစ္နယ္လုံးက ၾကည္ညိဳေလးစားၾကတယ္တဲ့။အခုအခ်ိန္ထိေအာင္ တသသေျပာေနၾကတုန္းပါ။ဆရာေတာ္ ေပ်ာ္ဘြယ္ၿမိဳ႕ကို တရားတစ္ည သြားေဟာတာနဲ႔သိခဲ့ရတာပါ။သူက အတိုးကို အနည္းဆုံး ယူတယ္။ဥပမာ…တစ္ရာ ႏွစ္က်ပ္တိုးေလာက္ေပါ့…ထူးျခားခ်က္ကေတာ့ ယာတစ္ကြက္ကို ငါးေသာင္းနဲ႔ အေပါင္ခံ ထားတယ္။အဲဒီလယ္ကို လုပ္စားရင္းနဲ႔ အရင္းေၾကသြားၿပီဆိုရင္ ေပါင္တဲ့သူကိုေခၚၿပီး တစ္ခါတည္း ျပန္ေပးလိုက္ပါတယ္ လစဥ္ရတဲ့ အတိုးနဲ႔တင္ ေက်နပ္လိုက္တဲ့ သေဘာေပါ့…

သူ႔ရဲ့ၿခံေရွ႕မွာဒီလိုေလးစာေရးထားပါတယ္။စားေရးအတြက္အခက္အခဲရွိရင္စပါးတစ္ေတာင္းႏွင့္_ဆီတစ္ပုလင္း_လူတိုင္းလာယူနိုင္သည္တဲ့။အိမ္ေရွ႕မွာလည္း ဆီကို ရာဝင္အိုးႀကီးနဲ႔ ထည့္ထားၿပီး စပါးကိုေတာ့ အမိုးလုပ္ၿပီး ပုံေပးထားတယ္။

စပါးတို႔ ဆီတို႔ လာယူတဲ့သူကို သူေျပာတဲ့ စကားေလးက…ကေလးမ…အေပၚယံၾကည့္ရင္ စပါးတစ္ေတာင္းနဲ႔ ဆီတစ္ပုလင္း ရတဲ့ ကေလးမက ဦးကိုေက်းဇူးတင္ရမွာ။နက္နက္နဲနဲ ေတြးၾကည့္ရင္ဦးက ကေလးမကို ေက်းဇူးတင္ရမွာပါ။

ဘာေၾကာင့္လည္းဆိုေတာ့…ကေလးမက စပါးတစ္ေတာင္း ဆီတစ္ပုလင္းနဲ႔ၿပီးသြားေပမယ့္ ဦးကေတာ့ ဘဝေပါင္းတစ္သိန္း စပါးတင္းေပါင္းမ်ားစြာ၊ဆီပုလင္းေပါင္းမ်ားစြာ ျပန္ရမွာမို႔ပါ။

ပညာမဲ့အျမင္နဲ႔ၾကည့္ရင္ ယူသူက ရသြားတာပါ ပညာရွိအျမင္နဲ႔ၾကည့္ေတာ့ ေပးသူက ရတာပါ။ဒါေၾကာင့္ ပညာမဲ့ကယူရတာကို ေပ်ာ္ေပမယ့္ပညာရွိကလႉရတာကိုေပ်ာ္တာပါ။ဘာသာျခားတစ္ဦးကဘုရားရွင္ကိုေမးဘူးတယ္။လူတိုင္းခ်မ္းသာခ်င္ၾကတယ္။ဒါေၾကာင့္ ခ်မ္းသာေအာင္လည္း နည္းမ်ိဳးစုံနဲ႔ႀကိဳးစားေနၾကတယ္။ဒါေပမဲ့ တစ္ရာမွာတစ္ေယာက္ေလာက္သာ ခ်မ္းသာၿပီး( ၉၉ )ေယာက္က ဘာေၾကာင့္ ဆင္းရဲတာလဲတဲ့။ဘုရားရွင္က ေျဖေပးပါတယ္။

လူတစ္ရာမွာ…တစ္ေယာက္ေလာက္ပဲလႉရတာကို ေပ်ာ္ခဲ့ၾကလို႔ ခ်မ္းသာၿပီး က်န္(၉၉)ေယာက္ကေတာ့ ယူရတာကို ေပ်ာ္ခဲ့ၾကလို႔ ဆင္းရဲတာပါတဲ့။

ကေလးမက…ဦးခ်မ္းသာေအာင္ အက်ိဳးေဆာင္ၿပီးၿပီ ဦးကလည္း ကေလးမ ခ်မ္းသာေအာင္ အက်ိဳးေဆာင္ပါ့မယ္ ထမင္းက်က္တာနဲ႔ ႂကြလာတဲ့ သံဃာေတာ္ေတြကိုဆြမ္းေလာင္းပါ။သံဃာတစ္ပါးကို ဆြမ္းလႉရင္ ဘဝကုေဋတစ္သိန္းမကေအာင္ ခ်မ္းသာပါတယ္။

သူေတာ္ေကာင္းဆိုေတာ့…ေသမယ့္ေန႔ကိုႀကိဳသိပါတယ္ အသက္လည္း( ၉ဝ )ေက်ာ္ေလာက္ ေနရတယ္လို႔ မွတ္မိေနတယ္။
သူဟာသူ႔ရဲ့အမ်ိဳးသမီးကိုမွာတယ္။မနက္ျဖန္ညေန(၄)နာရီငါဆုံးမွာငါမဆုံးခင္သံဃာေတြကိုေန႔ဆြမ္းကပ္ၿပီးဓမၼစၾကာတရားနာခ်င္တယ္ စီစဥ္ေပးပါတဲ့ ဆြမ္းကပ္ တရားနာၿပီး ေျပာတဲ့အတိုင္း ညေန( ၄ )နာရီမွာ ဆုံးသြားပါတယ္။

ေငြတိုးေခ်းစားသူတိုင္း အျပစ္ျဖစ္ပါသလားလို႔ ေမးလာလို႔ ဒီပို႔စ္ကို တင္ေပးတာပါ။ကိုယ္အတိုးရ ၿပီးေရာဆိုၿပီး တစ္ရာ( ၂ဝ )တိုး ( ၃ဝ )တိုးေလာက္ထိယူၿပီး မဆပ္နိုင္တဲ့အခါ အိမ္သိမ္း ၿခံသိမ္းလုပ္တဲ့ သူေတြကေတာ့ အျပစ္ရွိၿပီး အပါယ္က်နိုင္တာေပါ့။

ဦးေက်ာက္ခဲလို…တစ္ဖက္လူ အဆင္ေျပဖို႔ ဦးစားေပးသူေတြကေတာ့ အျပစ္မျဖစ္တဲ့အျပင္ အတိုးေငြသာမက ကုသိုလ္ေတာင္ ရပါေသးတယ္။

ေမတၱာမ်ားစြာျဖင့္ …

Credit-ေမတၱာရွင္