ၾကားသိရသမွ်

ကျိုက်ထီးရိုးဘုရားဖူး သွားဖို့ ရည်ရွယ်နေသူများအတွက် ကျိုက်ထီးရိုးဘုရားဖူး သွားသင့်မသွားသင့် (ခုရက်ပိုင်း ခရီးသွားတစ်ဦးရဲ့ ကျိုက်ထီးရိုး ခရီးစဉ် review ကိုပြန်လည် ဖော်ပြပေးလိုက်ပါတယ်)

ကျိုက်ထီးရိုးဘုရားဖူး သွားဖို့ ရည်ရွယ်နေသူများအတွက် အခန့်မသင့်ရင် အဖမ်းပါခံရနိုင်ပါသည်။ ( မိမိသည် တော်လှန်ရေးတွင် ပါဝင်သည် ဖြစ်စေ မပါဝင်သည်ဖြစ်

စေ)

ခုရက်ပိုင်း ခရီးသွားတစ်ဦးရဲ့ ကျိုက်ထီးရိုး ခရီးစဉ် review ကိုပြန်လည် ဖော်ပြပေးလိုက်ပါသည်။ အန္တရာယ်ကင်းကြပါစေ။

ကျိုက်ထီးရိုးဘုရားဖူးအတွေ့ကြုံလေး share ပေးပါရစေ။ စိတ်မွန်းကြပ်တာကြာလာလို့ တစ်ညအိပ် ခရီးသွားလိုက်ပါတယ်။ အကျဉ်းပြောရရင် ပျော်စရာလုံးဝမ

ကောင်းခဲ့ပါ။

ကင်မွန်းစခန်းကနေ စပြီး စစ်ဆေးလိုက်တာ ဘုရားပေါ် တည်းခိုခန်းရောက်လို့ အခန်းထဲထိ စစ်ဆေးပါတယ်။ စိတ်အတော်ကသိကအောင့်ဖြစ်ပါတယ်။

ကင်မွန်းစခန်းရောက်ရောက်ချင်း တောင်တက်ကားလက်မှတ်ဖြတ်တဲ့နေရာမှာ တခါစစ်ပါတယ်။ ရှိသမျှအိတ်တွေအကုန်မွှေနှောက်ပါတယ်။

အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်၊ အဖအမည် အကုန်တောင်းပါတယ်။ လူပါးတဲ့အတွက် လူစုံဖို့ အနည်းဆုံး နာရီဝက်စောင့်ရပါတယ်။

ကားထွက်ပြီး ကားပေါ်မှာ အာမချောင်ဖို့လည်း သတိထားရပါတယ်။ ကားထဲ အရပ်ဝတ်စစ်သားတွေ အရှေ့ထိပ်နဲ့ အနောက်ထိပ်မှာ ဦးထုပ်ဆောင်းပီး လိုက်ပါလာပါ

တယ်။

တောင်ပေါ်မှာစျေးရောင်းတဲ့အန်တီကြီးထင်ပါတယ် အာကျယ်ပြီး “ခေတ်မှမကောင်းတာ ဘုရားဖူးတဲ့သူတွေ လာပါ့မလား” ဆိုပြီးပြောလို့ တောင်ပေါ်ရောက်ပြီး ကား

ပေါ်ကဆင်းတာနဲ့ အဲအရပ်ဝတ်နဲ့နှစ်ယောက်နဲ့စကားပြောပြီး တနေရာခေါ်သွားတာတွေ့လိုက်ပါတယ်။ (ဓာတ်ပုံတော့မရိုက်ရဲခဲ့)

တကားလုံးတိတ်တဆိတ်နဲ့ လိုက်ပါလာပြီး ရသေ့တောင်စခန်းရောက်တော့ ထပ်စစ်ဆေးပါတယ်။ မျက်နှာတွေသေချာလိုက်ကြည့်ပါတယ်။

ပြီးတော့ စခန်းကနေ အရပ်ဝတ် ရဲ/စစ်သားတွေ ၆ ယောက်လောက်ထပ်လိုက်လာပါတယ်။

(လမ်းကြုံလည်းဖြစ်နိုင်)တောင်ပေါ်ရောက်တော့ လမ်းတလျှောက်အရင်လိုစည်ကားမှုမရှိသေးပါဘူး စျေးဆိုင်တွေအတော်များများ ပိတ်ထားပါသေးတယ်။

ဘုရား မုဒ်ဝမှာ တခါထပ်စစ်ပါတယ်။အမည်၊ နေရပ်လိပ်စာ၊ မိဘအမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင် အစ အိတ်တွေအဆုံး စစ်မေးပါတယ်။ (တရားခံအတိုင်းပဲ)ရင်ပြင်ကို

နေ့လည် ၃ နာရီရောက်တော့ လူသူကင်းနေပါသေးတယ်။

တည်းခိုဖို့နေရာရောက်တော့ အမည် မှတ်ပုံတင် အချက်အလက်အကုန် ထပ်တောင်းပါတယ်။ (ဧည့်စာရင်းတွက်ဆိုပြီး)

ရေချိုးအနားယူပြီး ဘုရားပေါ်တက်တော့ လူ ဆယ်ဂဏန်းလောက်ရှိပါတယ်။ ခွေးတွေအတော်များများရင်ပြင်ပေါ်မှာပါ (တကယ်ခွေးကိုပြောတာပါ)။

ရာသီဥတုအတော်သာယာပြီး ဘုရားဖူးရတာ အတော်ကောင်းပါတယ်။ ဒါပေမယ့် ရင်ပြင်ပေါ်လည်း စကားပြောဆင်ခြင်ရပါတယ်။ စကားမပြောရင် အကောင်းဆုံးပါ။

နေရာအနှံ့မှာ အရပ်ဝတ် စစ်သားတွေအတော်များများ လှည့်နေ ထိုင်နေကြပါတယ်။ အရပ်ဝတ်ပေမယ့် တဦးနဲ့တဦး “ဗိုလ်ကြီး” လို့ပဲခေါ်ကြပါတယ်။

ညပိုင်းမှာ လေအတော်တိုက်ပါတယ်။ မိုးဖွဲဖွဲလည်းရွာပါတယ်။ ညပိုင်း ၁၁ ထိပဲ ရင်ပြင်ပေါ်တက်ခွင့်ရပါတယ်။ ၇/၈ နာရီလောက်မှာ

သေနတ်တွေနဲ့ ကင်းလှည့်ပတ်ပါတယ်။ ၉ နာရီလောက်မှာ ရင်ပြင်ပေါ် လူသူမရှိတော့ပါ။ အခန်းပြန်ရောက်တော့ ဧည့်စာရင်းလာစစ်မယ်လို့ သတိလာပေးပါတယ်။

ရာသီဥတုအေးတော့ အိပ်လို့တော့တကယ်ကောင်းပါတယ်။စျေးဆိုင်တွေမစုံသေးတဲ့အတွက် အစားအသောက်နဲနဲခက်ခဲပါတယ်။

လူသူကင်းတာမို့ မနက်အာရုံဘုရားဝတ်ပြုရတာ အတော်လေးကောင်းပါတယ်။

မနက်အပြန်ကားဂိတ်ရောက်တော့ နာမည် မှတ်ပုံတင် အချက်အလက်အစုံထပ်တောင်းပါတယ်။ လူစုံဖို့ ၄၅ မိနစ်လောက်ထပ်စောင့်ရပါတယ်။

ကားထွက်တော့ အနောက်မှာ အရပ်ဝတ်စစ်သား ၂ ယောက်ထပ်လိုက်ပါလာတယ်။ ရသေ့တောင်ရောက်တော့ အတက်ကအတိုင်း ထပ်စစ်ဆေးပါတယ် မျက်နှာတွေ

သေချာကြည့်ပါတယ်။ (ဘာစကားမှမပြောပါနဲ့)

တောင်အောက်ရောက်တော့ တောင်ခြေစခန်းမှာ ထပ်စစ်ပြန်ပါတယ်။ အတော်ကြာအောင် စစ်ပါတယ်။ ကင်မွန်းစခန်းရောက်မှပဲ အသက်ရှူချောင်သလို ခံစားရပါ

တယ်။

နိဂုံးချုပ်ရရင် ဘုရားပဲဖူးချင်ရုံဆို သွားပါ။ အရင်လို ခရီးသွားချင်သလိုဆို လုံးဝမသွားပါနဲ့။ ခရီးသွားခြင်း လွတ်လပ်မှုတွေ တကယ်ကိုပျောက်ဆုံးပါတယ် ပျော်စရာလုံး

ဝမကောင်းပါ။

အထပ်ထပ်အခါခါစစ်လို့ စိတ်အတော် ကသိကအောက့်ဖြစ်ရပါတယ်။ ဘာစကားမှ လွတ်လွတ်လပ်လပ်ပြောမရပါ။

မှတ်ချက်။ မိမိ၏ ကိုယ်ပိုင်အတွေ့ကြုံပါ (တစုံတရာကွဲလွဲနိုင်ပါတယ်)။ Zaw Zaw