အလွပေရးရာ

သင့်အဆီတွေကို ကျစေဖို့အတွက် ပြေးတာထက် ပိုထိရောက်တဲ့ နည်းလမ်း (၈) မျိုး …

ကိုယ်အလေးချိန် လျှော့ချဖို့ အတွက် စဉ်းစားလိုက်ပြီ ဆိုရင် အရင်ဆုံးတွေးမိတဲ့ လေ့ကျင့်ခန်းက ပြေးခြင်းပါပဲ။

ဒါဟာ အရိုးရှင်းဆုံးနည်းလမ်း ဖြစ်ပြီးတော့ ဘာစက်ကိရိယာ အကူအညီမှ မလိုအပ်ပါဘူး။

တစ်နေ့ကို တစ်နာရီ ၅ မိုင်နှုန်းနဲ့ နာရီဝက်လောက် ပြေးခြင်းဟာ …

(၁၅၅) ပေါင်ရှိတဲ့ လူတစ်ယောက်ကို (၂၉၈) ကယ်လိုရီထိ လောင်ကျွမ်းစေပါတယ်။

တချို့လူတွေ အတွက်ကတော့ ပြေးတာဟာ အဆင်မပြေစေ ပါဘူး။

တချို့ကျတော့လည်း ပြေးတာကို မကြိုက်ကြ ပါဘူး။

အဲ့ဒါကြောင့် ပြေးစရာမလိုပဲ သင့်အဆီတွေကို လောင်ကျွမ်းသွားစေမယ့် နည်းလမ်းတွေကို love media ကနေ ဖော်ပြပေး သွားပါမယ်။

၁။ ကြိုးခုန်ခြင်း (၃၇၂ ကယ်လိုရီ)

ကလေးတွေသာမက လူကြီးတွေပါ ကြိုက်နှ စ်သက် ကြတဲ့ ကစားနည်းတစ်မျိုးပါ။

အားကစားသမားအများစု ပြုလုပ်လေ့ရှိတဲ့ နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။

ကြိုးခုန်ခြင်းဟာ နေရာမယူတဲ့ အပြင် မိမိ ကျွမ်းကျင်ရင် ကျွမ်းကျင်သလို ခုန်နိုင်တာကြောင့်၊

သင့်ကို အတွေ့အကြုံအသစ်တွေ ရစေမယ့် အပြင် အဆီတွေ ကိုပါ လောင်ကျွမ်းစေ မှာပါ။

၂။ ရေကူးခြင်း (၄၀၉ ကယ်လိုရီ)

ရေကူးခြင်းဟာ အဆီတွေကို အလွန်အမင်း လောင်ကျွမ်းစေတဲ့အပြင် တခြားရောဂါတွေကနေလည်း သင့်ကို ကာကွယ်ပေးပါတယ်။

ဘယ်လို ရောဂါတွေလည်း ဆိုတော့ လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း စတဲ့ရောဂါတွေပါ။

ကြွက်သားတွေကိုလည်း တောင့်တင်းစေ ပါသေးတယ်။

၃။ ကျောက်တောင်တက်ခြင်း (၄၀၉ ကယ်လိုရီ)

ကျောက်တောင်တက်ခြင်းက အဆီတွေကို လောင်ကျွမ်းစေတဲ့အပြင် သင့်ကိုလည်း စိတ်လှုပ်ရှားစေမှာ အမှန်ပါပဲ။

ကြွက်သားတွေကိုလည်း အကုန်အလုပ် လုပ်ခိုင်းရတာကြောင့် သင့်ကို သန်မာလာစေမှာပါ။ အာရုံစိုက်မှုလည်း တိုးတက်စေပါတယ်။

၄။ စက်ဘီးစီးခြင်း ( ၆၁၄ ကယ်လိုရီ)

ပြေးတာနဲ့ စက်ဘီးစီးတာရဲ့ ကွာခြားချက်က အများကြီး ရှိပါတယ်။

တစ်နေရာရာကို ကား (သို့) ဆိုင်ကယ်နဲ့ သွားတာထက် စက်ဘီးစီးသွားတာက သင့်ကို အကျိုးပိုရှိစေပါတယ်။

စက်ဘီးစီးတာက တစ်ကိုယ်လုံးကို လှုပ်ရှားရတာဖြစ်တဲ့အတွက် ကြွက်သားတွေကို သန်မာစေပြီး သက်လုံ တက်လာစေပါတယ်။

ဒါ့အပြင် နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါသေးတယ်။

၅။ အေရိုးဘစ် ကစားခြင်း (၃၇၂ ကယ်လိုရီ)

အေရိုးဘစ် လေ့ကျင့်ခန်းတွေဟာ တီးလုံးတွေနဲ့ တွဲပြီးတော့ ကစားရတာကြောင့်၊

သင့်စိတ်ကို မြူးကြွစေတဲ့အပြင် အဆီတွေကိုလည်း လောင်ကျွမ်းစေပါတယ်။

အင်အားအများကြီး မသုံးရတာကြောင့် အရိုးပွရောဂါရှိသူတွေ ပြုလုပ်ရင်တောင် အဆင်ပြေစေမယ့် နည်းလမ်း ဖြစ်ပါတယ်။

၆။ ပြေးစက်ပေါ် ပြေးခြင်း (၃၃၅ ကယ်လိုရီ)

ဒီလိုပြေးခြင်းဟာ ခန္ဒာကိုယ်အောက်ပိုင်းက ပေါင်တွေ၊ ခြေသလုံးတွေ အရိုးအဆစ်တွေကို သန်မာစေတဲ့အပြင်၊

ခန္ဒာကိုယ်အပေါ်ပိုင်းကဖြစ်တဲ့ လက်မောင်း၊ ကျော၊ တင်ပါး စတာတွေကို တောင့်တင်းစေပါတယ်။

အိမ်ထဲမှာပဲ လေ့ကျင့်လို့ အဆင်ပြေပြီးတော့ ထိခိုက်မှု နည်းတဲ့အတွက် ကိုယ်ဝန်ဆောင်ပြီးပြီးချင်း အမျိုးသမီးတွေအတွက်၊

ခန္ဒာကိုယ်ကို ပုံပြန်သွင်းဖို့အတွက် လေ့ကျင့်ဖို့ အဆင်ပြေစေပါတယ်။

၇။ ထိုင်ထလုပ်ခြင်း (၃၁၆ ကယ်လိုရီ)

ဒီလေ့ကျင့်ခန်းဟာလည်း အိမ်မှာတစ်ယောက်တည်း လုပ်လို့ရပြီးတော့ ဘာစက်အကူအညီမှ မလိုအပ်ပါဘူး။

ဒီလေ့ကျင့်ခန်းမှာတော့ ပြင်းအားအပေါ် မူတည်ပြီး တစ်မိနစ်ကို (၁၀) ကီလိုရီအထိကို လောင်ကျွမ်းစေနိုင်ပါတယ်။

၈။ ဘော်လီဘောကစားခြင်း (၄၄၆ ကယ်လိုရီ)

ဒီကစားနည်းကတော့ အတော်ကို ပျော်ဖို့ကောင်းတဲ့ ကစားနည်း ဖြစ်ပါတယ်။

လူများများနဲ့ ဆော့ရတာကြောင့် စိတ်ကို တက်ကြွစေတဲ့အပြင် အဆီတွေကိုလည်း အလွန်အမင်း လောင်ကျွမ်းစေပါတယ်။

သက်လုံတက်စေတဲ့အပြင် အခြားသော ရောဂါတွေကနေကာကွယ်ပေးပါတယ်။

Bonus- အားကစားမဟုတ်ပဲ အဆီတွေကို လောင်ကျွမ်းစေတဲ့နည်းလမ်း (၃၇၂ ကယ်လိုရီ)

ဒီနည်းလမ်းကတော့ဘာအားကစားမှ လုပ်စရာမလိုပဲ အဆီတွေကို လောင်ကျွမ်းစေတဲ့နည်း ဖြစ်ပါတယ်။

ပင်လည်း မပင်ပန်းသလို အားလည်း မကုန်စေပါဘူး။ ဘယ်လိုနည်းလဲဆိုတော့ ကလေးတွေနဲ့ ကစားတာပါပဲ။

ကလေးတွေနဲ့သာ တစ်နေ့ကို (၁) နာရီလောက်သာ ဆော့ကစားပေးပါ။

သင့်အဆီတွေ လျော့ကျသွားတာကို တွေ့ရပါလိမ့်မယ်။

crd

Zawgyi