ၾကားသိရသမွ်

ရေနွေးပူဖြင့်လောင်းခဲ့သည့် စမ်းချောင်းက အမျိုးသမီးငါးဦး ပြန်လွတ်ပြီ…

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရေနွေးပူဖြင့်လောင်းခဲ့သည့် စမ်းချောင်းက အမျိုးသမီးငါးဦး ပြန်လွတ်ပြီ

ဆန္ဒပြမှုများကို ဖြိုခွင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရေနွေးပူဖြင့် တိုက်ပေါ်မှ လောင်းချခဲ့သည့် အမျိုးသမီး ၅ဦးမှာ ယနေ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်

တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသက်နောင်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့သည့်မတ်လပိုင်းအတွင်းက စမ်းချောင်းမြို့နယ်အတွင်းမှာ ဆန္ဒပြမှုများအား ဖြိုခွင်း ခဲ့စဉ်က အမျိုးသမီး ၅ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပေါ်မှနေ၍

ရေနွေးပူဖြင့် လောင်းချခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

“စမ်းချောင်းက ရေနွေးသူရဲကောင်းမလေးတွေ ထွက်လာပါပြီ”လို့ ၎င်းတို့ရဲ့အမှုကို လိုက်ပ ါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးသက်နောင်က ၎င်းရဲ့

လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပေါ်မှ ရေနွေးပူဖြင့်လောင်းခဲ့သည့် စမ်းချောင်းမှ အမျိုးသမီး ၅ဦးမှာ မအိအိအောင်၊ မခင်နှင်းဦး၊ မယုယုဝင်း၊ မဒေလီအောင်

နဲ့ မစန္ဒာမိုးတို့ဖြစ်ကာ ၎င်းတို့သည် အင်းစိန်ထောင်ရဲ့ အမျိုးသမီးအချုပ်ဆောင် ၃မှာ နေထိုင်ခဲ့ကြရတာဖြစ်ပါတယ်။

အောက်တိုဘာလ ၁၈ရက်နေ့ကစပြီး ဆန္ဒပြရာမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် တိုင်းနဲ့ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်များမှ အကျဉ်းသူ/

အကျဉ်းသားနဲ့ တရားရင်ဆိုင်နေရသူ ၅၀၀၀ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးလျက်ရှိတာဖြစ်ပါတယ်။

Zawgyi/