အခ်စ္ေရး

ချစ်သူရည်းစားတွေကြား သဝန်တိုတာတွေ နည်းပါးသွားစေမယ့် အဓိကသော့ချက် (၁၀) ချက်

သဝန်တိုတာဟာ လူတိုင်းမှာရှိပြီးတော့ ကိုယ်တန်ဖိုးထားရတဲ့ တစ်စုံတစ်ဦးက တခြားသူနဲ့ စကားပြောပြီဆိုရင် ဖြစ်လာတတ်ကြတဲ့ အရာပါပဲ။ ဒီစိတ်ဟာ လုပ်ဖော်ကိုင်ဖက်တွေထဲမှာတင် မဟုတ်ပဲ သမီးရည်းစားတွေ ကြားထဲမှာပါ ဖြစ်တတ်ပါတယ်။ တကယ်လို့ သင်က ဒီစိတ်ကို ထိန်းချုပ်နိုင်ပြီ ဆိုရင်တော့ သင်တို့ကြားဆက်ဆံရေးတွေ ပိုကောင်းလာမှာ အသေအချာပါပဲ။ ဒါကြောင့် သဝန်တိုတဲ့စိတ်ကို ဘယ်လို လျှော့ချမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ သင်သဝန်တိုတယ် ဆိုတာကို အမှန်အတိုင်း ရှင်းပြပါ။

သင်က အမှားတစ်ခုခု လုပ်ထားတယ် ဆိုရင်လည်း အမှန်အတိုင်း ဖွင့်ပြောပါ။ ရိုးသားတာက အရာရာကို အောင်မြင်စေနိုင်ပါတယ်။ တကယ်လို့ သင်က သင့်ရဲ့ခံစားချက်တွေကို ဖုံးကွယ်ထားမယ် ဆိုရင်တော့ သူကလည်း မမြင်နိုင်သလို သိလည်းသိမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူက သင်မကြိုက်တဲ့သူ တစ်ဦးဦးနဲ့ ပတ်သက်နေတယ်ဆိုရင်လည်း မကြိုက်ဘူး ဆိုတာကို အမှန်အတိုင်း ပြောလိုက်ပါ။ တကယ်လို့ တစ်ဖက်သတ် ချစ်နေတယ်ဆိုလည်း ဖွင့်ပြောလိုက်တာ အကောင်းဆုံးပါပဲ။ဒီလိုဆို တစ်ယောက်နဲ့တစ်ယောက် နားလည်လာပြီး အရာရာ အဆင်ပြေလာပါလိမ့်မယ်။

၂။ သဝန်လိုက်တိုနေတယ်ဆိုတာက သင့်ရဲ့အတ္တပါ။

ပြဿနာတစ်ခုခု ဖြစ်ပြီဆိုရင် ဖြေရှင်းလိုက်တာက အကောင်းဆုံး နည်းလမ်းပါပဲ။ ဒါပေမယ့် ဒီလို မဖြေရှင်းခင်မှာ ကိစ္စတိုင်းကို အကျိုးသင့်အကြောင်းသင့် စဉ်းစားသင့်ပါတယ်။ သင့်ရဲ့ သဝန်တိုစိတ်ကြောင့် ဖြစ်လာတဲ့ပြဿနာ ဆိုရင်တော့ ပိုလို့တောင် စဉ်းစားသင့်ပါတယ်။ ပြီးတော့ “ငါ့ရဲ့ သဝန်တိုမှုက ဘာကိုဖြေရှင်းဖို့ ကြိုးစားနေတာလဲ “လို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ဒီလိုပြဿနာက သင့်ရဲ့ ချစ်သူရည်းစားကို ထိခိုက်စေနိုင်လား။ သူ့အလုပ်မှာ အဆင်မပြေမှုတွေ ဖြစ်သွားစေမလား ဆိုတာကို သေချာလေး တွေးသင့်ပါတယ်။

၃။ သင့်ခံစားချက်တွေကို ထုတ်ပြောပါ။

သဝန်တိုမှုကို ဖြေရှင်းဖို့ နောက်ထပ်နည်းလမ်းက သင့်ရဲ့ခံစားချက်နဲ့ ဘာကြောင့်လဲ ဆိုတာကို သင့်ရဲ့လက်တွဲဖော်ကို ပြောဖို့ပါ။ မပြောပဲနေရင် သူသတိမထားမိနိုင်ပါဘူး။ ပြောပြရင်လည်း စိတ်အနှောင့်အယှက် ဖြစ်မသွားစေဖို့ကို သတိထားပါ။ အပြောမတော်ရင် သင်တို့ဆက်ဆံရေး ပိုဆိုးသွားနိုင်ပါတယ်။ ပြီးတော့ နှစ်ယောက်တည်း သီးသန့်ရှိနေချိန်မှာ ပြောတာက ပိုကောင်းပါတယ်။

၄။ ကိုယ့်ကိုယ်ကို အကောင်းမြင်ပါ။

သင့်ရဲ့အားနည်းချက်တွေကို မေ့ပစ်ပြီး သင့်ရဲ့အပြုသဘောဆောင်တဲ့ စရိုက်လက္ခဏာတွေကို အာရုံစိုက်တာဟာ ကိုယ့်ကိုယ်ကို လေးစားမှုကို တိုးတက်စေနိုင်ပါတယ်။ သဝန်တိုတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သူများနဲ့သွားပြီး နှိုင်းယှဉ်နေမိတတ်ပါတယ်။ လူတိုင်းမှာ တန်ဖိုးကိုယ်စီ ရှိတာကြောင့် သင့်ရဲ့တန်ဖိုးကို ကိုယ်တိုင်မြင်အောင် အာရုံစိုက်ကြည့်ပါ။

၅။ အတိတ်က အရာတွေကိုမေ့ပြီး လက်ရှိအချိန်ကိုပဲ အာရုံစိုက်ပါ။

သင့်ချစ်သူရဲ့အတိတ်ကို လိုက်ပြီး သဝန်တိုက တကယ်တော့ အဆင်မပြေပါဘူး။ သင့်အတွက်လည်း တွေးလေ နာကျင်လေ ဖြစ်နေမှာပါ။ အဲဒါကြောင့် လက်ရှိအချိန်ကို တန်ဖိုးထားပြီး အကောင်းဆုံး ချစ်ပေးလိုက်တာက ပိုပြီး ပျော်စရာကောင်းတဲ့ အချစ်ရေး၊ စိတ်ဖိစီးမှုကင်းတဲ့ အချစ်ရေး ဖြစ်လာစေပါတယ်။

၆။ သဝန်တိုမယ်လို့ တွေးလိုက်ရင် နှစ်ခါပြန်စဉ်းစားပါ။

သင့်ချစ်သူက တစ်ယောက်ယောက်နဲ့ စကားပြောနေတဲ့အချိန်၊ အလုပ်လုပ်နေတဲ့အချိန်မှာ သင်က သဝန်တိုနေမှာပါ။ သဝန်တိုပြီး တစ်ဖက်လူနဲ့ သင့်ချစ်သူကို သင့်ရဲ့မသေချာတဲ့ အထင်တွေနဲ့ စွပ်စွဲလိုက်ရင် အမှားကြီး မှားသွားပါလိမ့်မယ်။ တစ်ဖက်လူရဲ့ သိက္ခာကို စော်ကားရာရောက်သလို သင့်ချစ်သူကိုလည်း မယုံကြည်ရာရောက်ပါတယ်။ သင့်ချစ်သူကလည်း သင့်ကို မရင့်ကျက်တဲ့သူအဖြစ် ထင်မြင်သွားပါလိမ့်မယ်။

၇။ အေးအေးဆေးဆေး ဆွေးနွေးပါ။

သဝန်တိုလာရင် စကားလုံးတွေ၊ အပြုအမူတွေက ပြင်းထန်လာပါတယ်။ အဲဒီအခါ ပြဿနာက ပိုဆိုးလာနိုင်ပါတယ်။ တစ်ခါနှစ်ခါ သဝန်တိုတာက ပြဿနာ မရှိပေမယ့် အမြဲတမ်း သဝန်တိုနေတယ် ဆိုရင်တော့ အချိန်ယူ ဆွေးနွေးဖို့ လိုအပ်နေပါပြီ။

၈။ သင့်ရဲ့အခြေအနေကို ယုံကြည်ရတဲ့ သူငယ်ချင်းတစ်ယောက်ကို ပြောပြပါ။

သင့်ရဲ့ပြဿနာနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှု ဖြစ်လာတဲ့အခါ သဝန်တိုတာက လူအများစုမှ ဖြစ်လေ့ရှိတဲ့ ပြဿနာဆိုတာ သတိရပေးပါ။ သင်ကြုံနေရတဲ့ ပြဿနာကို ယုံကြည်ရတဲ့ သူငယ်ချင်းတစ်ယောက်ကို ပြောပြလိုက်တဲ့အခါ သင့်ကို ကူညီပေးနိုင်ပါလိမ့်မယ်။ စိတ်ဖိစီးမှုတွေ၊ ကြောက်စိတ်တွေလည်း လျော့ပါးသွားပါလိမ့်မယ်။

၉။ မသေချာတဲ့ အထင်တွေကို စွန့်လွှတ်လိုက်ပါ။

သင့်ချစ်သူကို တစ်ယောက်ယောက်နဲ့ လိုက်သဝန်တိုနေပေမယ့် လက်တွေ့မှာတော့ သူတို့က သင်ထင်သလို ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ တကယ် လက်တွေ့မှာ ခံစားနေရမှာကတော့ သင်ကိုယ်တိုင်ပါပဲ။ အဲဒါကြောင့် မရေရာတဲ့ တစ်ဖက်သတ် အတွေးတွေကို ထားပစ်ခဲ့ပါ။

၁၀။ သင့်ချစ်သူမရှိလည်း ပျော်ရွှင်တတ်အောင် ကြိုးစားပါ။

သင့်ချစ်သူကို ချစ်တာက ကောင်းပေမယ့် တစ်ချိန်လုံး သူမရှိရင် မဖြစ်ဘူးဆိုပြီး စိတ်ပိုင်းဆိုင်ရာ မှီခိုနေတာကတော့ မကောင်းပါဘူး။ နှစ်ယောက်လုံးမှာလည်း ကိုယ်ပိုင်အချိန် ဆိုတာ ရှိသင့်ပါတယ်။ သူကြိုက်တဲ့အရာတွေကို လုပ်ဖို့ ယုံကြည်မှုပေးပြီး သင့်အတွက်လည်း ပြန်ပြီး အချိန်ပေးပါ။ သင့်ရဲ့ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို သင်ကိုယ်တိုင်ပဲ ဖန်တီးနိုင်မှာပါ။

Zombie (Lovemedia)

for zawgyi

ခ်စ္သူရည္းစားေတြၾကား သဝန္တိုတာေတြ နည္းပါးသြားေစမယ့္ အဓိကေသာ့ခ်က္ (၁၀) ခ်က္

သဝန္တိုတာဟာ လူတိုင္းမွာရွိၿပီးေတာ့ ကိုယ္တန္ဖိုးထားရတဲ့ တစ္စုံတစ္ဦးက တျခားသူနဲ႔ စကားေျပာၿပီဆိုရင္ ျဖစ္လာတတ္ၾကတဲ့ အရာပါပဲ။ ဒီစိတ္ဟာ လုပ္ေဖာ္ကိုင္ဖက္ေတြထဲမွာတင္ မဟုတ္ပဲ သမီးရည္းစားေတြ ၾကားထဲမွာပါ ျဖစ္တတ္ပါတယ္။ တကယ္လို႔ သင္က ဒီစိတ္ကို ထိန္းခ်ဳပ္ႏိုင္ၿပီ ဆိုရင္ေတာ့ သင္တို႔ၾကားဆက္ဆံေရးေတြ ပိုေကာင္းလာမွာ အေသအခ်ာပါပဲ။ ဒါေၾကာင့္ သဝန္တိုတဲ့စိတ္ကို ဘယ္လို ေလွ်ာ့ခ်မလဲ ဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

၁။ သင္သဝန္တိုတယ္ ဆိုတာကို အမွန္အတိုင္းရွင္းျပပါ။

သင္က အမွားတစ္ခုခု လုပ္ထားတယ္ ဆိုရင္လည္း အမွန္အတိုင္း ဖြင့္ေျပာပါ။ ႐ိုးသားတာက အရာရာကို ေအာင္ျမင္ေစႏိုင္ပါတယ္။ တကယ္လို႔ သင္က သင့္ရဲ႕ခံစားခ်က္ေတြကို ဖုံးကြယ္ထားမယ္ ဆိုရင္ေတာ့ သူကလည္း မျမင္ႏိုင္သလို သိလည္းသိမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သူက သင္မႀကိဳက္တဲ့သူ တစ္ဦးဦးနဲ႔ ပတ္သက္ေနတယ္ဆိုရင္လည္း မႀကိဳက္ဘူး ဆိုတာကို အမွန္အတိုင္း ေျပာလိုက္ပါ။ တကယ္လို႔ တစ္ဖက္သတ္ ခ်စ္ေနတယ္ဆိုလည္း ဖြင့္ေျပာလိုက္တာ အေကာင္းဆုံးပါပဲ။

ဒီလိုဆို တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္လာၿပီး အရာရာ အဆင္ေျပလာပါလိမ့္မယ္။

၂။ သဝန္လိုက္တိုေနတယ္ဆိုတာက သင့္ရဲ႕အတၱပါ။

ျပႆနာတစ္ခုခု ျဖစ္ၿပီဆိုရင္ ေျဖရွင္းလိုက္တာက အေကာင္းဆုံး နည္းလမ္းပါပဲ။ ဒါေပမယ့္ ဒီလို မေျဖရွင္းခင္မွာ ကိစၥတိုင္းကို အက်ိဳးသင့္အေၾကာင္းသင့္ စဥ္းစားသင့္ပါတယ္။ သင့္ရဲ႕ သဝန္တိုစိတ္ေၾကာင့္ ျဖစ္လာတဲ့ျပႆနာ ဆိုရင္ေတာ့ ပိုလို႔ေတာင္ စဥ္းစားသင့္ပါတယ္။ ၿပီးေတာ့ “ငါ့ရဲ႕ သဝန္တိုမႈက ဘာကိုေျဖရွင္းဖို႔ ႀကိဳးစားေနတာလဲ “လို႔ ကိုယ့္ကိုယ္ကို ျပန္ေမးပါ။ ဒီလိုျပႆနာက သင့္ရဲ႕ ခ်စ္သူရည္းစားကို ထိခိုက္ေစႏိုင္လား။ သူ႔အလုပ္မွာ အဆင္မေျပမႈေတြ ျဖစ္သြားေစမလား ဆိုတာကို ေသခ်ာေလး ေတြးသင့္ပါတယ္။

၃။ သင့္ခံစားခ်က္ေတြကို ထုတ္ေျပာပါ။

သဝန္တိုမႈကို ေျဖရွင္းဖို႔ ေနာက္ထပ္နည္းလမ္းက သင့္ရဲ႕ခံစားခ်က္နဲ႔ ဘာေၾကာင့္လဲ ဆိုတာကို သင့္ရဲ႕လက္တြဲေဖာ္ကို ေျပာဖို႔ပါ။ မေျပာပဲေနရင္ သူသတိမထားမိႏိုင္ပါဘူး။ ေျပာျပရင္လည္း စိတ္အေႏွာင့္အယွက္ ျဖစ္မသြားေစဖို႔ကို သတိထားပါ။ အေျပာမေတာ္ရင္ သင္တို႔ဆက္ဆံေရး ပိုဆိုးသြားႏိုင္ပါတယ္။ ၿပီးေတာ့ ႏွစ္ေယာက္တည္း သီးသန႔္ရွိေနခ်ိန္မွာ ေျပာတာက ပိုေကာင္းပါတယ္။

၄။ ကိုယ့္ကိုယ္ကို အေကာင္းျမင္ပါ။

သင့္ရဲ႕အားနည္းခ်က္ေတြကို ေမ့ပစ္ၿပီး သင့္ရဲ႕အျပဳသေဘာေဆာင္တဲ့ စ႐ိုက္လကၡဏာေတြကို အာ႐ုံစိုက္တာဟာ ကိုယ့္ကိုယ္ကို ေလးစားမႈကို တိုးတက္ေစႏိုင္ပါတယ္။ သဝန္တိုတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ သူမ်ားနဲ႔သြားၿပီး ႏႈိင္းယွဥ္ေနမိတတ္ပါတယ္။ လူတိုင္းမွာ တန္ဖိုးကိုယ္စီ ရွိတာေၾကာင့္ သင့္ရဲ႕တန္ဖိုးကို ကိုယ္တိုင္ျမင္ေအာင္ အာ႐ုံစိုက္ၾကည့္ပါ။

၅။ အတိတ္က အရာေတြကိုေမ့ၿပီး လက္ရွိအခ်ိန္ကိုပဲ အာ႐ုံစိုက္ပါ။

သင့္ခ်စ္သူရဲ႕အတိတ္ကို လိုက္ၿပီး သဝန္တိုက တကယ္ေတာ့ အဆင္မေျပပါဘူး။ သင့္အတြက္လည္း ေတြးေလ နာက်င္ေလ ျဖစ္ေနမွာပါ။ အဲဒါေၾကာင့္ လက္ရွိအခ်ိန္ကို တန္ဖိုးထားၿပီး အေကာင္းဆုံး ခ်စ္ေပးလိုက္တာက ပိုၿပီး ေပ်ာ္စရာေကာင္းတဲ့ အခ်စ္ေရး၊ စိတ္ဖိစီးမႈကင္းတဲ့ အခ်စ္ေရး ျဖစ္လာေစပါတယ္။

၆။ သဝန္တိုမယ္လို႔ ေတြးလိုက္ရင္ ႏွစ္ခါျပန္စဥ္းစားပါ။

သင့္ခ်စ္သူက တစ္ေယာက္ေယာက္နဲ႔ စကားေျပာေနတဲ့အခ်ိန္၊ အလုပ္လုပ္ေနတဲ့အခ်ိန္မွာ သင္က သဝန္တိုေနမွာပါ။ သဝန္တိုၿပီး တစ္ဖက္လူနဲ႔ သင့္ခ်စ္သူကို သင့္ရဲ႕မေသခ်ာတဲ့ အထင္ေတြနဲ႔ စြပ္စြဲလိုက္ရင္ အမွားႀကီး မွားသြားပါလိမ့္မယ္။ တစ္ဖက္လူရဲ႕ သိကၡာကို ေစာ္ကားရာေရာက္သလို သင့္ခ်စ္သူကိုလည္း မယုံၾကည္ရာေရာက္ပါတယ္။ သင့္ခ်စ္သူကလည္း သင့္ကို မရင့္က်က္တဲ့သူအျဖစ္ ထင္ျမင္သြားပါလိမ့္မယ္။

၇။ ေအးေအးေဆးေဆး ေဆြးေႏြးပါ။

သဝန္တိုလာရင္ စကားလုံးေတြ၊ အျပဳအမူေတြက ျပင္းထန္လာပါတယ္။ အဲဒီအခါ ျပႆနာက ပိုဆိုးလာႏိုင္ပါတယ္။ တစ္ခါႏွစ္ခါ သဝန္တိုတာက ျပႆနာ မရွိေပမယ့္ အၿမဲတမ္း သဝန္တိုေနတယ္ ဆိုရင္ေတာ့ အခ်ိန္ယူ ေဆြးေႏြးဖို႔ လိုအပ္ေနပါၿပီ။

၈။ သင့္ရဲ႕အေျခအေနကို ယုံၾကည္ရတဲ့ သူငယ္ခ်င္းတစ္ေယာက္ကို ေျပာျပပါ။

သင့္ရဲ႕ျပႆနာနဲ႔ ပတ္သက္ၿပီး စိတ္ဖိစီးမႈ ျဖစ္လာတဲ့အခါ သဝန္တိုတာက လူအမ်ားစုမွ ျဖစ္ေလ့ရွိတဲ့ ျပႆနာဆိုတာ သတိရေပးပါ။ သင္ႀကဳံေနရတဲ့ ျပႆနာကို ယုံၾကည္ရတဲ့ သူငယ္ခ်င္းတစ္ေယာက္ကို ေျပာျပလိုက္တဲ့အခါ သင့္ကို ကူညီေပးႏိုင္ပါလိမ့္မယ္။ စိတ္ဖိစီးမႈေတြ၊ ေၾကာက္စိတ္ေတြလည္း ေလ်ာ့ပါးသြားပါလိမ့္မယ္။

၉။ မေသခ်ာတဲ့ အထင္ေတြကို စြန႔္လႊတ္လိုက္ပါ။

သင့္ခ်စ္သူကို တစ္ေယာက္ေယာက္နဲ႔ လိုက္သဝန္တိုေနေပမယ့္ လက္ေတြ႕မွာေတာ့ သူတို႔က သင္ထင္သလို ဟုတ္ခ်င္မွ ဟုတ္ပါလိမ့္မယ္။ တကယ္ လက္ေတြ႕မွာ ခံစားေနရမွာကေတာ့ သင္ကိုယ္တိုင္ပါပဲ။ အဲဒါေၾကာင့္ မေရရာတဲ့ တစ္ဖက္သတ္ အေတြးေတြကို ထားပစ္ခဲ့ပါ။

၁၀။ သင့္ခ်စ္သူမရွိလည္း ေပ်ာ္႐ႊင္တတ္ေအာင္ ႀကိဳးစားပါ။

သင့္ခ်စ္သူကို ခ်စ္တာက ေကာင္းေပမယ့္ တစ္ခ်ိန္လုံး သူမရွိရင္ မျဖစ္ဘူးဆိုၿပီး စိတ္ပိုင္းဆိုင္ရာ မွီခိုေနတာကေတာ့ မေကာင္းပါဘူး။ ႏွစ္ေယာက္လုံးမွာလည္း ကိုယ္ပိုင္အခ်ိန္ ဆိုတာ ရွိသင့္ပါတယ္။ သူႀကိဳက္တဲ့အရာေတြကို လုပ္ဖို႔ ယုံၾကည္မႈေပးၿပီး သင့္အတြက္လည္း ျပန္ၿပီး အခ်ိန္ေပးပါ။ သင့္ရဲ႕ေပ်ာ္႐ႊင္မႈနဲ႔ ေအာင္ျမင္မႈကို သင္ကိုယ္တိုင္ပဲ ဖန္တီးႏိုင္မွာပါ။

Zombie (Lovemedia)