ၾကားသိရသမွ်

ကိုယ်ဝန်အရင့်မာနဲ့ ကျောင်းသားတွေကိုစာသင်ပေးဖို့ ချောက်ကမ်းပါးနှင့်ပင်လယ်ကိုဖြတ်ကူးပြီး နေ့စဉ် ၂ နာရီကြာလမ်းလျှောက်သွားခဲ့တဲ့ ဆရာမ

ဆရာတို့ရဲ့စေတနာကြောင့် ကျောင်းသားများက စာဖတ်၊ ရေး၊ ရေတွက်၊ အမူအကျင့်ကောင်းတွေသင်ယူနိုင်ကြရပါတယ်။ သို့ပေမယ့် လူတော်တော်များများဟာ ကိုယ်ဝန်ဆောင်ဆရာမတစ်ဦးက ကျောင်းသားတွေကိုစာသင်ကြားပေးဖို့ နေ့စဉ်ပင်လယ်ကိုဖြတ်ကူးပြီး တောင်တွေတက်နေရတဲ့အကြောင်းကိုသိရပြီးနောက် အံ့ဩဝမ်းနည်းသွားခဲ့ကြပါတယ်။ ၎င်းဟာ ဖိလစ်ပိုင်နိုင်ငံ Occidental Mindoro ဒေသရှိ Patag မူလတန်းကျောင်းဌာနခွဲတွင်ပညာသင်ကြားပေးရန် ကိုယ့်အသက်ကိုစွန့်စားခဲ့တဲ့ Jay Ann Salibio အမည်ရှိဆရာမတစ်ဦးဘဲဖြစ်ပါတယ်။

ဆရာမ Salibio ရဲ့အဆိုအရ ၎င်းနေရာဒေသဟာ မြို့ပြနဲ့ဝေးပြီး ဖွံ့မဖြိုးတိုးတက်သေးတာကြောင့် Occidental Mindoro ရှိကျောင်းသားများကိုစာသင်ပေးဖို့ ပင်လယ်ကိုဖြတ်ရန်၊ ချောက်ကမ်းပါးများပေါ်တက်ရန်၊ စုစုပေါင်းလမ်းလျှောက်ရန်နှစ်နာရီကျော်ကြာပါတယ်။ ဆရာမ Salibio ဟာ သူမတွင်ကိုယ်ဝန်ရှိနေပြီး မီးဖွားခွင့်ယူသင့်ကြောင်းကိုသိပေမဲ့လည်း ကျောင်းသားများအားသင်ကြားရန် ကျောင်းဆက်သွားဖို့ကိုသာရွေးချယ်ခဲ့ပါတယ်။

ဆရာမ Salibio ဟာ ဘယ်သူမှသူမကို အလုပ်ခန့်အစားမထိုးပေးတာကြောင့် သူမဟာ ကျောင်းသားများကိုအခမဲ့စာသင်ကြားပေးနေပါတယ်။ လေ့လာချက်များအရ ဆရာမ Salibio ဟာ ထိုဒေသမှာ ဆေးရုံများမရှိတာကြောင့် ကလေးမွေးဖွားချိန်မှာ ပိုမိုကြီးမားတဲ့ပြဿနာကိုကြုံတွေ့နိုင်ပါတယ်။

၎င်းမူလတန်းကျောင်းဟာ တောင်ပေါ်ရဲ့တစ်ဝက်လောက်မှာတည်ရှိပြီး ကျောင်းသို့သွားရန်လှေကိုလည်းစီးရပါသေးတယ်။ “ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအနေနဲ့ ကျွန်မအရမ်းအလုပ်ကြိုးစားနေတာမှန်ပေမဲ့ ကျွန်မဘဝက အဲဒီအပေါ်မှာ မူတည်နေတယ် ၊ ကျွန်မဒီလမှာမွေးတော့မှာပါ” လို့ Salibio ကဆိုခဲ့ပါတယ်။

ဆရာမ Salibio ရဲ့မျက်နှာဟာ ပင်ပန်းနွမ်းနယ်နေတဲ့ပုံရိပ်ကိုသိသာထင်ရှားစေသလို အထူးသဖြင့် သူမမှာကိုယ်ဝန်ရှိနေပြီး ကျောင်းသွားရန်ပြင်ဆင်တဲ့အခါမှာလည်း သတိထားဂရုစိုက်ရန်လိုအပ်နေပါတယ်။

ဒါကြောင့် သူမတို့ကပင်လယ်ကိုဖြတ်ကူးတဲ့အခါ သူမတို့ရဲ့လုံခြုံမှုအတွက် အသက်ကယ်အင်္ကျီတွေထုတ်ပေးဖို့ပညာရေး၀န်ကြီးဌာနကိုတောင်းဆိုခဲ့ပေမယ့် အေဂျင်စီကပြန်လည်ဖြေကြားခြင်းမရှိသေးပုံရပါတယ်။

သို့ပေမဲ့ Jay Anne အမည်ရှိ netizen တစ်ဦးရဲ့ကျေးဇူးကြောင့် သူမရဲ့ပုံရိပ်တွေဟာ အင်တာနက်ပေါ်ပျံ့နှံ့သွားခဲ့ပြီး netizen များကလည်း သူမကိုအကူအညီပေးဖို့ရန်ပုံငွေရှာခဲ့ကြပါတယ်။ ထို့ပြင် အချို့ကလည်း ၎င်းဒေသမှသက်ဆိုင်ရာအစိုးရများအနေနဲ့ လမ်းပန်းဆက်သွယ်ရေး၊ ၎င်းမူလတန်းကျောင်းနှင့် အနာဂတ်မျိုးဆက်သစ်တွေကိုမွေးထုတ်ပေးနေတဲ့ဆရာမ Salibio ရဲ့လိုအပ်ချက်များကို လေ့လာဖြည့်ဆည်းပေးသင့်ကြောင်း ပြောဆိုနေခဲ့ကြပါတယ်။

Mia (KB Chimmy One)

Reference : everytruenews24