crd : MMLoad
photo : May Myat Noe (fb)
Unicode
ဝါရင့် International Model တယောက်လိုမျိုး မိမိုက်နေပြီး အထာကျလွန်းတဲ့ မြန်မာမော်ဒယ် မေမြတ်နိုးရဲ့ ပုံရိပ်များ…
နိုင်ငံ့ဂုဏ်ဆောင်အလှမယ် ကမ္ဘာ့ Top Model စာရင်းဝင် မေမြတ်နိုးကတော့ အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အများနဲ့မတူတမူ ထူးခြားတဲ့ အလှတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲ ရောက်လာခဲ့တဲ့သူပဲ ဖြစ်ပါတယ်။ စကားပြောတဲ့အခါမှာလည်း confidence ရှိရှိ၊ ချိုသာတဲ့ အသံလေးတွေ နဲ့အတူ၊ ထူးခြားတဲ့အသားအရည်နဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ မျက်နှာပိုင်ရှင်သူမ ကို ပရိတ်သတ်တွေက အလွန်ပဲတန်ဖိုးထားချစ်ခင်ကြတာပဲဖြစ်ပါတယ်။
မေမြတ်နိုး ကတော့ ဖေဖော်ဝါရီလ အစကတည်းမှစတင်ပြီး ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်မှ ရပ်တည်ကာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုအတွက် လမ်းထွက်ကာ တတ်နိုင်သလောက် ပါဝင် ဆောင်ရွက် ပေးေ
နသူလည်းဖြစ်ပါတယ်။ နိုင်ငံခြားသို့ရောက်ရှိနေပေမယ့်လဲ သူမအတတ်နိုင်ဆုံး ပါဝင်တော်လှန်ခဲ့ပါသေးတယ်။ ပြည်သူလူထု နဲ့အတူ ယုံကြည်ရာ ပန်းတိုင်ကို လျှောက်လှမ်းနေသူ ဖြစ်တာကြောင့် အားလုံးက သူမရဲ့ စိတ်ထားလေးကို လေးစားနေကြတာပါ။
မေမြတ်နိုးကတော့ အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ သူမက ဖက်ရှင်တွေကိုလည်း လိုက်ဖက်ညီစွာဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ အခုလည်း အညိုဆင်အသားအရေလေးနဲ့ စူရှတဲ့အကြည့်တွေနဲ့ အမိုက်စား
ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေထုတ်ပြလာပါတယ် ။ ပုံတိုင်းက International Model လို မိမိုက်နေပြီး အထာကျလွန်းတဲ့ သူမရဲ့ ဖက်ရှင်တွေက အခါခါပြန်ကြည့်ချင်ရလောက်အောင်ပါပဲ။ မေမြတ်နိုးရဲ့ အမိုက်စား ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။
crd : MMLoad
photo : May Myat Noe (fb)