ထိတ်လန့်သွားတဲ့ အမျိုးသားတစ်ယောက်ဟာ အမြင့် ၃.၂ ပေနဲ့ အကျယ် ၇၀.၅ လက်မရှိတဲ့ ဧရာမ နကျယ်ကောင်သိုက်ကို အိမ်ခေါင်မိုးအောက်တွင် တွေ့ရပြီး
အကောင်ရေပေါင်းတစ်သိန်းကျော်ရှိတဲ့ အသိုက်ကို တည်ဆောက်ရန် ၁ နှစ်သာကြာပါတယ် ။ ၎င်းဟာ အင်္ဂလန်နိုင်ငံ၊ Warwickshire၊ Animal and Pest Control
Company မှ အသက် ၂၅ နှစ်အရွယ် Ralph Klaus အမည်ရှိ အမျိုးသားက တွေ့ရှိခဲ့တာပါ ။ Ralph က“ နကျယ်ကောင်ရဲ့အသိုက်က အရမ်းကြီးတယ်။ အဲ့တာက
ဘယ်လောက်တောင် ကြီးမားလဲဆိုတာ ပြောမပြတက်လောက်အောင်ပါဘဲ ။” လို့ ဆိုခဲ့ပါတယ် ။
Ralph က အသိုက်ကိုမဖယ်ရှားမီ နကျယ်ကောင်ကို ဆေးနဲ့ ဖျန်းပြီး အဲ့လိုသာ မလုပ်ရင် အလုပ်ကပိုခက်လိမ့်မယ်လို့ ဆိုပါတယ် ။ ထို့အပြင် Ralph က
နကျယ်ကောင်ရဲ့အသိုက်ဟာ နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ အသိုက်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် နကျယ်ကောင်က သူတို့ရဲ့ အသိုက်ကို ၁ ရာသီတွင် ၁
နှစ်သာ တည်ဆောက်ခဲ့ကြတာပါ ။ “ သူတို့ကအသိုက်အဟောင်းတွေကိုမသုံးပါဘူး၊ ဒါကြောင့် တစ်နှစ်လောက်မှာအသိုက်တွေ မြန်မြန်ဆောက်ရမယ်၊ နှစ်စဉ်ဘုရင်မ
က နေရာအသစ်တစ်ခုကို ရှာပြီးတော့ သူတို့က အသိုက်အသစ်တွေ ထပ်ဆောက်တယ် ။ တံတွေးနဲ့ ရောထားတဲ့ သစ်လုံးဟောင်းများကိုသုံးတယ်။ နောက်ပြီး သူတို့ရဲ့
အသိုက်က စက္ကူကဲ့သို့ ပါးလွှာတယ် ” လို့ Ralph က ဆိုပါတယ် ။
JRose (KB Chimmy One)
Reference : khaosod
Zawgyi
ထိတ်လန့်သွားတဲ့ အမျိုးသားတစ်ယောက်ဟာ အမြင့် ၃.၂ ပေနဲ့ အကျယ် ၇၀.၅ လက်မရှိတဲ့ ဧရာမ နကျယ်ကောင်သိုက်ကို အိမ်ခေါင်မိုးအောက်တွင် တွေ့ရပြီး အေ
နာက်ပြီး သူတို့ရဲ့ အသိုက်က စက္ကူကဲ့သို့ ပါးလွှာတယ် ” လို့ Ralph က ဆိုပါတယ် ။
JRose (KB Chimmy One)