ၾကားသိရသမွ်

တပတ်ရစ်အထည်ဆိုင်မှ ငွေများစုဆောင်းလို့ရတဲ့နည်းလမ်းကိုမျှဝေပေးခဲ့ကြတဲ့ ချစ်သူစုံတွဲတစ်တွဲ

၁၀ အတွင်း ငွေအမြောက်အမြားစုဆောင်းနိုင်ခဲ့တဲ့နည်းလမ်းကိုပြန်လည်မျှဝေပေးခဲ့တဲ့ စုံတွဲတစ်တွဲလူတိုင်းနီးပါးဟာ ငွေစုခြင်းကတကယ်ခက်ခဲတယ်ဆိုတာကို သဘောတူကြပါလိမ့်မယ်။ အထူးသဖြင့် ကျွန်တော်တို့မှာ ပြန်ဆပ်ရမဲ့များပြားလှတဲ့အရာတွေ ၊ ပေးချေရမယ့်ငွေတောင်းခံလွှာတွေနဲ့ ကျွန်တော်တို့ရဲ့၀င်ငွေတွေထပ်ပိုတဲ့အရာကိုလိုချင်တဲ့အချိန်တွေရှိနေခြင်းကြောင့် လူတိုင်းနီးပါးအတွက် ငွေစုခြင်းဟာ တကယ်ကိုခက်ခဲနေစေမှာအမှန်ပါဘဲ။ သို့ပေမယ့် ဖိလစ်ပိုင်နိုင်ငံရှိ Chi Kai အမည်ရှိအမျိုးသမီးနှင့် Jazzely Ebarom အမည်ရှိအမျိုးသားတို့ဇနီးမောင်နှံဟာ ကူးစက်ရောဂါကာလအခက်အခဲများကြားမှ ချွေတာခဲ့ကြပြီးနောက် Php ၁၅၄,၀၀၀ ( ၅၈သိန်းကျော်)ကိုစုဆောင်းနိုင်ခဲ့ခြင်းက အချို့သော netizen များစွာကိုအထင်ကြီးလေးစားသွားစေခဲ့ပါတယ်။

Chi Kai ဟာ သူမရဲ့post တစ်ခုမှာ သူမနဲ့ခင်ပွန်းဖြစ်သူတို့က ukay-ukay (တပတ်ရစ်ဆိုင်)မှ ထိပ်တန်းအဆင့်အိတ်များ ၊ အလှကုန်ပစ္စည်းများကို ၎င်းတို့တွေးထားခဲ့တာထပ်ပိုပြီးရောင်းချနိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။

Chi Kai ဟာ ဒီ post ကိုဝေမျှရတဲ့ရယ်ရွယ်ချက်က သူမတို့အောင်မြင်နိုင်ခဲ့တယ်ဆိုတာကိုဂုဏ်ယူဝင့်ကြွားဖို့မဟုတ်ဘဲ အခြားသူများကိုလည်း ဒီလိုပဲလုပ်ဖို့လှုံ့ဆော်တာဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

Chi Kai ဟာ သူများအမြင်မှာ သူမတို့ရဲ့အလုပ်ကလွယ်ကူတယ်လို့ထင်ရပေမဲ့ သူမတို့ရဲ့အိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် အပြင်းအထန်အလုပ်ကြိုးစားခဲ့ရသလို ၊ ထိုအရာက သူမတို့အတွက်ခက်ခဲခဲ့ပေမဲ့လည်း အလုပ်ပိုလုပ်ရန်နှင့်ငွေစုဆောင်းရန်အတွက် အနားမှာသူမအားလှုံ့ဆော်ပေးခဲ့တဲ့လက်တွဲဖော်ကောင်းတစ်ဦးရှိနေခြင်းကလည်း သူမအား ကံကောင်းစေကြောင်းပြောကြားခဲ့ပါတယ်။

၁၀ လအတွင်း ဒီလောက်ငွေကိုစုမိဖို့ဘယ်လိုချွေတာနိုင်ခဲ့ရတဲ့အကြောင်းက Chi Kai ဟာ သူမရဲ့ဝင်ငွေများကို ဇိမ်ခံပစ္စည်းများနှင့် မလိုအပ်တဲ့အရာများအတွက်သုံးမယ့်အစား ထိုငွေများကို အပတ်တိုင်းခေါက်ပြီး သူမတို့ရဲ့ရှယ်ယာထည့်ထားတဲ့ piggy bank ထဲ၌သာထည့်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။

သူမတို့ဇနီးမောင်နှံနှစ်ဦး ဟာ အလွန်သေးငယ်တဲ့ piggy bank တစ်ခုမှာ Php ၁၅၄,၀၀၀ စုဆောင်းနိုင်ခဲ့တာက netizen များအားအံ့အားသင့်သွားစေခဲ့ပါတယ်။

များစွာတဲ့ငွေများကိုထိုကဲ့သို့စုဆောင်းတာက ငွေစက္ကူကိုပျက်စီးစေနိုင်တာကြောင့် ထိုအရာကအကြံဥာဏ်ကောင်းမဟုတ်ကြောင်းထောက်ပြခဲ့ကြတဲ့ netizen တစ်ချို့ရှိသလို သူမရဲ့ငွေအများကြီးစုနိုင်ခဲ့တဲ့နည်းလမ်းက ၎င်းတို့အား inspire ဖြစ်သွားစေတယ်လို့ဆိုတဲ့ netizen များစွာလည်းရှိနေခဲ့ပါတယ်။

Mia (KB Chimmy One)

Reference : rachfeed