၈၅နှစ်အရွယ်သီလရှင်တစ်ပါးကို မျိုဖို့ကြိုးစားခဲ့တဲ့ စပါးအုံးမြွေကြီး
အသက် 85 နှစ်ကိုပင် ရောက်နေပြီဖြစ်တဲ့ Chin Darachan လို့ ဘွဲ့အမည်ရတဲ့ ဖွားသီလရှင်ကြီးကို 26 ပေ 3 လက်မ အရှည်ရှိတဲ့ စပါးအုံးမြွေကြီးတစ်ကောင်က မျိုဖို့
ကြိုးစားခဲ့ပါတယ်။ အဖွား Chin ဟာ အရပ် 3 ပေ 9 လက်မသာ ရှိပြီး၊ အသက်အရွယ်အားဖြင့်လည်း အိုမင်းနေပြီမို့ ဒီလို အရွယ်အစားကြီးတဲ့ မြွေတစ်ကောင်
အတွက်တော့ အလွယ်တကူ မျိုလို့ ရနိုင်တဲ့ အနေအထားဖြစ်ကြောင်း Metro သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
အဖွား Chin ဟာ သစ်တောတွေဖုံးအုပ်နေတဲ့ ရာယောင်းပြည်နယ်က ဘုန်းတော်ကြီးကျောင်းတစ်ခုထဲမှာ သီးသန့်သင်္ခန်းကျောင်းလေးနဲ့ နေထိုင်ပါတယ်။ သူမဟာ
အချိန်ပြည့် တရားအားထုတ်ခြင်းကြောင့် အပြင်မှာ တွေ့ရခဲ့ပါတယ်။ တစ်နေ့မှာတော့ သူမရဲ့ အိပ်ခန်းတံခါးကို ဖွင့်လိုက်ချိန်မှာ အိပ်ယာထက် ရောက်နေတဲ့ မြွေကြီးနဲ့
ထိပ်တိုက် တိုးခဲ့ပါတယ်။
မြွေကြီးဟာ အဖွား Chen ရဲ့ ခြေထောက်ကို ကိုက်ပြီး၊ အလိုရှိရာကို ဆွဲခေါ်ဖို့ ကြိုစားခဲ့ပါတယ်။ ယင်းနောက် ထုံးစံအတိုင်း ကိုယ်နဲ့ရစ်ပတ်ကာ အရိုးတွေကို ချိုးပြီး
မျိုဖို့ စတင်ခဲ့ပါတယ်။ အဖွား Chin ရဲ့ အော်သံကို ကြားခဲ့ရတဲ့ ကျောင်းတွင်းက ရဟန်းတော်တွေနဲ့ ကပ္ပိယတွေဟာ တုတ်တွေဓားတွေနဲ့ အဖွား Chin ရဲ့ သင်္ခန်းရှိရာကို
ရောက်လာခဲ့ပါတယ်။
မြွေဟာ ကြပ်တည်းစွား ရစ်ပတ်ထားပြီး၊ ပါးစပ်ကလည်း အဖွားရဲ့ ခြေထောက်ကို ငုံထားခဲ့ပါတယ်။ အဖွား Chin က အခုဆို ပတ်တီးတွေနဲ့ သူမရဲ့ ကျောင်းသင်္ခန်းကို
ပြန်ရောက်နေပါပြီ။ အဖွားက ” အိပ်ခန်းတံခါး ဖွင့်ဖွင့်ချင်းပဲ သူက လျှင်မြန်စွာ တိုက်ခိုက်ပါတယ် … မြွေကြီးက ထင်မှတ်မထားလောက်အောင်ကို လျှင်မြန်ပါတယ်
ဆရာလေးလည်း အသံကုန်အော်ရတာပေါ့ ‘လို့ ရှင်းပြပါတယ်။
အဖွားက ဆက်ပြီး ” ဘုန်းကြီးတွေနဲ့ ကပ္ပိယတွေ ရောက်လာကြတယ် … မြွေကြီးကို ခွာဖို့အတွက် စတီးပလာယာတွေ သုံးရတယ် .. နောက်တော့ မြွေကို အောင်မြင်
စွာ ဖယ်လိုက်နိုင်ပြီး သူလည်း ကပ္ပိယတွေလက်ချက်နဲ့ ဒဏ်ရာ တော်တော် ရသွားပုံပါဘဲ … အရှင်တိုင်း တောထဲကို ပြန်လွှတ်လိုက်ရပါတယ် “လို့ ပြောခဲ့ပါတယ်။
အဖွားဟာ မြွေကိုက်တဲ့ဒဏ်ရာကြောင့် ခြေထောက်တွေမှာ စုစုပေါင်း အချက် 20 လောက် ချုပ်ခဲ့ရပါတယ်။ ဒါပေမယ့် မြွေကြီးကို ကြောက်ရွံ့တာကလွဲရင် စိတ်ဆိုး
ဒေါသထွက်ခြင်းတော့ မရှိပါဘူးတဲ့။ အဖွားက ” ဒါက သူတို့ သဘာဝလေ … သူတို့ သဘာဝမှာတော့ ကြီးနိုင်ငယ်ညှဉ်းကိုး … ဆက်ပြီး အသက်ရှင်ခွင့်ရတာကိုပဲ
ကျေးဇူးတင်ရမှာပေါ့ “လို့ ပြောခဲ့ပါတယ်။
Zawgyi
အသက္ 85 ႏွစ္ကိုပင္ ေရာက္ေနၿပီျဖစ္တဲ့ Chin Darachan လို႔ ဘြဲ႕အမည္ရတဲ့ ဖြားသီလရွင္ႀကီးကို 26 ေပ 3 လက္မ အရွည္ရွိတဲ့ စပါးအုံးေႁမြႀကီးတစ္ေ
ကာင္က မ်ိဳဖို႔ ႀကိဳးစားခဲ့ပါတယ္။ အဖြား Chin ဟာ အရပ္ 3 ေပ 9 လက္မသာ ရွိၿပီး၊ အသက္အ႐ြယ္အားျဖင့္လည္း အိုမင္းေနၿပီမို႔ ဒီလို အ႐ြယ္အစားႀကီးတဲ့
ေႁမြတစ္ေကာင္အတြက္ေတာ့ အလြယ္တကူ မ်ိဳလို႔ ရႏိုင္တဲ့ အေနအထားျဖစ္ေၾကာင္း Metro သတင္းမွာ ေဖာ္ျပထားပါတယ္။ ထိုင္းႏိုင္ငံမွာ ျဖစ္ပ်က္ခဲ့
တာျဖစ္ပါတယ္။
အဖြား Chin ဟာ သစ္ေတာေတြဖုံးအုပ္ေနတဲ့ ရာေယာင္းျပည္နယ္က ဘုန္းေတာ္ႀကီးေက်ာင္းတစ္ခုထဲမွာ သီးသန႔္သခၤန္းေက်ာင္းေလးနဲ႔ ေနထိုင္ပါ
တယ္။ သူမဟာ အခ်ိန္ျပည့္ တရားအားထုတ္ျခင္းေၾကာင့္ အျပင္မွာ ေတြ႕ရခဲ့ပါတယ္။ တစ္ေန႔မွာေတာ့ သူမရဲ႕ အိပ္ခန္းတံခါးကို ဖြင့္လိုက္ခ်ိန္မွာ အိပ္ယာ
ထက္ ေရာက္ေနတဲ့ ေႁမြႀကီးနဲ႔ ထိပ္တိုက္ တိုးခဲ့ပါတယ္။
ေႁမြႀကီးဟာ အဖြား Chen ရဲ႕ ေျခေထာက္ကို ကိုက္ၿပီး၊ အလိုရွိရာကို ဆြဲေခၚဖို႔ ႀကိဳစားခဲ့ပါတယ္။ ယင္းေနာက္ ထုံးစံအတိုင္း ကိုယ္နဲ႔ရစ္ပတ္ကာ
အ႐ိုးေတြကို ခ်ိဳးၿပီး မ်ိဳဖို႔ စတင္ခဲ့ပါတယ္။ အဖြား Chin ရဲ႕ ေအာ္သံကို ၾကားခဲ့ရတဲ့ ေက်ာင္းတြင္းက ရဟန္းေတာ္ေတြနဲ႔ ကပၸိယေတြဟာ တု
တ္ေတြဓားေတြနဲ႔ အဖြား Chin ရဲ႕ သခၤန္းရွိရာကို ေရာက္လာခဲ့ပါတယ္။
ေႁမြဟာ ၾကပ္တည္းစြား ရစ္ပတ္ထားၿပီး၊ ပါးစပ္ကလည္း အဖြားရဲ႕ ေျခေထာက္ကို ငုံထားခဲ့ပါတယ္။ အဖြား Chin က အခုဆို ပတ္တီးေတြနဲ႔ သူမရဲ႕ ေက်ာင္း
သခၤန္းကို ျပန္ေရာက္ေနပါၿပီ။ အဖြားက ” အိပ္ခန္းတံခါး ဖြင့္ဖြင့္ခ်င္းပဲ သူက လွ်င္ျမန္စြာ တိုက္ခိုက္ပါတယ္ … ေႁမြႀကီးက ထင္မွတ္မထားေလာက္ေအာ
င္ကို လွ်င္ျမန္ပါတယ္ ဆရာေလးလည္း အသံကုန္ေအာ္ရတာေပါ့ ‘လို႔ ရွင္းျပပါတယ္။
အဖြားက ဆက္ၿပီး ” ဘုန္းႀကီးေတြနဲ႔ ကပၸိယေတြ ေရာက္လာၾကတယ္ … ေႁမြႀကီးကို ခြာဖို႔အတြက္ စတီးပလာယာေတြ သုံးရတယ္ .. ေနာ
က္ေတာ့ ေႁမြကို ေအာင္ျမင္စြာ ဖယ္လိုက္ႏိုင္ၿပီး သူလည္း ကပၸိယေတြလက္ခ်က္နဲ႔ ဒဏ္ရာ ေတာ္ေတာ္ ရသြားပုံပါဘဲ … အရွင္တိုင္း ေတာထဲကို ျပန္လႊ
တ္လိုက္ရပါတယ္ “လို႔ ေျပာခဲ့ပါတယ္။
အဖြားဟာ ေႁမြကိုက္တဲ့ဒဏ္ရာေၾကာင့္ ေျခေထာက္ေတြမွာ စုစုေပါင္း အခ်က္ 20 ေလာက္ ခ်ဳပ္ခဲ့ရပါတယ္။ ဒါေပမယ့္ ေႁမြႀကီးကို ေၾကာ
က္႐ြံ႕တာကလြဲရင္ စိတ္ဆိုးေဒါသထြက္ျခင္းေတာ့ မရွိပါဘူးတဲ့။ အဖြားက ” ဒါက သူတို႔ သဘာဝေလ … သူတို႔ သဘာဝမွာေတာ့ ႀကီးႏိုင္ငယ္ညႇဥ္းကိုး …
ဆက္ၿပီး အသက္ရွင္ခြင့္ရတာကိုပဲ ေက်းဇူးတင္ရမွာေပါ့ “လို႔ ေျပာခဲ့ပါတယ္။
crd