ထိုင်းနိုင်ငံက အမျိုးသမီးတစ်ယောက်က ဒေသခံတီဗွီအစီအစဉ်တစ်ခုမှာ သူမရဲ့ အတွေ့အကြုံကို ပြန်လည်မျှဝေခဲ့တယ်လို့ သိရပါတယ်။ ထိုအကြောင်းကတော့ သူမဟာ အခုအခါမှာ ခေတ်စားနေတဲ့ ရင်သားပိုကြီးအောင် အစားထိုးခွဲစိတ်မှု ခံယူခဲ့သူဖြစ်ပါတယ်တဲ့။
အဲ့ဒီခွဲစိတ်မှုကိုတော့ သူမဟာ နာမည်ရ ဆေးခန်းတစ်ခုမှာ ပြုလုပ်ခဲ့တာပါတဲ့။သူမရဲ့နာမည်ကိုတော့ Preeyaporn လို့သာ ဖော်ပြထားပြီးတော့ Preeyaporn က လွန်ခဲ့တဲ့ နှစ်နှစ်လောက်က 425cc အရွယ်အစား ရင်စားဆီလီကွန်ပြုပြင်မှု ပြုလုပ်ခဲ့တာပါ။ တစ်နှစ်လောက်ကြာသည်အထိတော့ အဲဒီ ထည့်သွင်းထားတဲ့ ဆီလီကွန်တွေက အဆင်ပြေနေခဲ့ပါသေးတယ်တဲ့။
ဒါပေမယ့်လည်းဘဲ ချစ်သူအမျိုးသားနဲ့ အတူတူနေတဲ့အခါမှာတော့ ချစ်သူဟာ အလွန်ကို ဖျစ်ညှစ်သောင်းကျန်ခဲ့တာကြောင့်ဘဲ သူမမှာ အလွန်နာကျင်ခဲ့ရတာပါတဲ့။ အဲဒီတုန်းကတည်းကတော့ ရင်သားအတွင်းထည့်သွင်းထားတဲ့ ဆီလီကွန်တွေက ပြုတ်ထွက်သွားခဲ့တာပါတဲ့။ ဒါကိုတောင် သူမက နာတာပဲသိပြီးတော့ သတိမထားမိခဲ့ဘူးလို့ ဆိုတာပါ။ဘာကြောင့် တစ်နှစ်ကြာမှ ဆီလီကွန်တွေ ပြုတ်ထွက်တာကို သိရတာလဲဆိုတော့ အဲဒီအချိန်တုန်းက ထုံထိုင်းနာကျင်နေတဲ့အတွက် သူမမှာ တစ်ခြားအရာတွေကို မစဉ်းစားနိုင်ခဲ့ပါဘူးတဲ့နော်။
နောက်ပိုင်းမှာတော့ သူမရဲ့ ရင်သားတွေဟာ အောက်ကို တွဲကျလာခဲ့ပြီးတော့ သူမလည်း အံ့သြခဲ့ရကြောင်းနဲ့ ဒေါက်တာ Natchaya Maitreewech နဲ့ ပြသတဲ့အခါမှာ အကြောင်းစုံ သိခဲ့ရပါတယ်တဲ့။ဒေါက်တာရဲ့ ပြောပြချက်အရ ပထမခွဲစိတ်ထည့်သွင်းစဉ်တုန်းကတည်းက ပြန်ပြီးချုပ်တဲ့အခါက မသေမသပ်ဖြစ်ပြီး ဒါ့အပြင်၊ ရင်သားအတွင်း ထည့်သွင်းတဲ့ ဆီလီကွန်တွေဟာ အရည်အသွေးနိမ့်တဲ့အတွက် ဖြစ်သင့်တာထက်ပိုပြီး မာနေခဲ့ကြောင်းနဲ့ ဒါဟာ တစ်ခြားဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့ အနေအထားလို့ ပြောပါတယ်နော်။ အခုချိန်မှာ သူမဟာ ရင်သားတွေကို ပြန်လည် ပြင်ဆင်ပြီးပြီလို့ သိရပါတယ်နော်။
credit
Zawgyi
credit