ဗဟုသုတ

မွေးကင်းစ ကလေးလေးတွေ အိပ်နေရင်းပြုံးရတဲ့ အကြောင်းအရင်း

ေမြးကင္းစ ကေလးေတြနဲ႔ လသားအ႐ြယ္ ကေလးေတြက အိပ္ေနရင္းနဲ႔ ၿပဳံးေနတတ္ပါတယ္..။

သူတို႔ရဲ႕ အၿပဳံးက အရမ္းကို ခ်စ္စရာ ေကာင္းပါတယ္။ အျပစ္ကင္းစင္ၿပီး ခ်စ္စရာေကာင္းတဲ့ အၿပဳံးကို မိဘေတြကလည္း အရမ္းသေဘာက် ၾကပါတယ္..။

အဲဒါေၾကာင့္ ကေလးေတြက အိပ္ေနရင္း ၿပဳံးရတဲ့ အေၾကာင္းရင္းကို love media ကေန ေဖာ္ျပေပးသြားပါမယ္ေနာ္..။

ကေလးေတြက မေမြးခင္ကတည္းက ၿပဳံးတတ္ၾကပါတယ္..။

ကိုယ္ဝန္ေဆာင္ မိခင္ေပါင္း ၅၀၀ ေက်ာ္ကို 4D ultrasound ႐ိုက္တဲ့အခါ ၃၁ ပတ္အ႐ြယ္ ကေလးေလးေတြက ၿပဳံးေနတာ ေတြ႕ရပါတယ္..။

သူတို႔ရဲ႕ ၿပဳံးခ်ိန္က ပ်မ္းမွ် ၃. ၂၁ စကၠန႔္ ၾကာပါတယ္။ အဲဒါေၾကာင့္ ကေလးေတြကို မေမြးခင္အေမရဲ႕ ဗိုက္ထဲမွာကတည္းက ၿပဳံးတတ္ေၾကာင္း ေတြ႕ရပါတယ္..။

ပညာရွင္ေတြက ဆက္လက္ ေလ့လာၾကည့္တဲ့အခါ ကေလးေတြက တစ္ခါတေလ ဗိုက္ထဲမွာ ၁၈ ပတ္ အ႐ြယ္ကတည္းက ၿပဳံးတတ္ေနပါၿပီ..။

ဗိုက္ထဲမွာ ၂၆ ပတ္ဆိုရင္ ကိုယ္ဟန္အမူအရာလုပ္တာ၊ ၿပဳံးတာ၊ မ်က္ေတာင္ခတ္တာ၊ ငိုတာေတာင္ လုပ္တတ္ေနပါၿပီ..။

ကေလးေတြ ဗိုက္ထဲမွာေနတုန္း ၿပဳံးတာကို အမွတ္တမဲ့ ျပဳမူတဲ့ အျပဳအမူလို႔ ယူဆၾကပါတယ္..။

ကေလးေတြက ဗိုက္ထဲမွာ ကန္သလို ၿပဳံးတာကလည္း တမင္မရည္႐ြယ္ဘဲ ျဖစ္သြားတဲ့ အျပဳအမူပါ..။

ေမြးကင္းစ ကေလးေတြက အိပ္လိုက္ႏိုးလိုက္ ျဖစ္တတ္သလို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္လည္း အိပ္ေပ်ာ္တတ္ပါတယ္။

REM လိူ႔ေခၚတဲ့အဆင့္မွာ အိပ္ေပ်ာ္ၿပီး မိနစ္ ၆၀ ကေန ၉၀ အတြင္း ျဖစ္ပါတယ္..။

ဒါေပမယ့္ အိပ္စက္မႈ စက္ဝန္းမွာ REM ျဖစ္လိုက္၊ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ပါတယ္..။

အဲဒါေၾကာင့္ ကေလးေတြက REM အဆင့္မွာ ၿပဳံးတတ္သလို ေျခေတြ လက္ေတြလည္း ကန္ပါတယ္..။

ေမြးကင္းစ ကေလးေတြက စကားမေျပာတတ္ ေသးတာေၾကာင့္ ငိုတာနဲ႔ ၿပဳံးတာက သူတို႔ရဲ႕ ဆက္သြယ္မႈ စနစ္ပါ..။

ကေလးေတြရဲ႕ စိတ္ထဲ ေပ်ာ္လာရင္၊ ေမႊးတဲ့ အနံ႔ေလးရလာရင္၊ သာယာတဲ့ အသံေလး ၾကားရင္၊ ႏူးညံ့တဲ့ အထိအေတြ႕ရရင္ ၿပဳံးလာပါတယ္..။

ေမြးကင္းစ ကေလးေတြက အိပ္မက္ မမက္ပါဘူး။ ဒါေပမယ့္ သူတို႔မွာ မွတ္ဉာဏ္ ရွိပါတယ္..။

ကေလးေတြ အိပ္ေနတုန္း ၿပဳံးတာက အိပ္မက္ထဲမွာ ေပ်ာ္လို႔ ၿပဳံးတာမဟုတ္ပါဘူး။ ေမြးကင္းစ ကေလးေတြက မွတ္မိဖို႔၊ စိတ္ကူးယဥ္ဖို႔အတြက္ အရမ္းကို ငယ္ပါေသးတယ္..။

ေမြးကင္းစကေလး ပထမအပတ္မွာ အိပ္စက္တာက သူတို႔ရဲ႕ မွတ္ဉာဏ္နဲ႔ ဦးေႏွာက္လုပ္ငန္းေတြ တိုးတက္ဖို႔ ကူညီေပးပါတယ္။ ၿပီးေတာ့ ေမြးၿပီးမၾကာခင္မွာ ကေလးက မိဘႏွစ္ပါးရဲ႕ အသံကို မွတ္မိၿပီး ခြဲျခားတတ္ေနပါၿပီ..။

Zombie (Lovemedia)

Unicode

မွေးကင်းစ ကလေးတွေနဲ့ လသားအရွယ် ကလေးတွေက အိပ်နေရင်းနဲ့ ပြုံးနေတတ်ပါတယ်..။

သူတို့ရဲ့ အပြုံးက အရမ်းကို ချစ်စရာ ကောင်းပါတယ်။ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ အပြုံးကို မိဘတွေကလည်း အရမ်းသဘောကျ ကြပါတယ်..။

အဲဒါကြောင့် ကလေးတွေက အိပ်နေရင်း ပြုံးရတဲ့ အကြောင်းရင်းကို love media ကနေ ဖော်ပြပေးသွားပါမယ်နော်..။

ကလေးတွေက မမွေးခင်ကတည်းက ပြုံးတတ်ကြပါတယ်..။

ကိုယ်ဝန်ဆောင် မိခင်ပေါင်း ၅၀၀ ကျော်ကို 4D ultrasound ရိုက်တဲ့အခါ ၃၁ ပတ်အရွယ် ကလေးလေးတွေက ပြုံးနေတာ တွေ့ရပါတယ်..။

သူတို့ရဲ့ ပြုံးချိန်က ပျမ်းမျှ ၃. ၂၁ စက္ကန့် ကြာပါတယ်။ အဲဒါကြောင့် ကလေးတွေကို မမွေးခင်အမေရဲ့ ဗိုက်ထဲမှာကတည်းက ပြုံးတတ်ကြောင်း တွေ့ရပါတယ်..။

ပညာရှင်တွေက ဆက်လက် လေ့လာကြည့်တဲ့အခါ ကလေးတွေက တစ်ခါတလေ ဗိုက်ထဲမှာ ၁၈ ပတ် အရွယ်ကတည်းက ပြုံးတတ်နေပါပြီ..။

ဗိုက်ထဲမှာ ၂၆ ပတ်ဆိုရင် ကိုယ်ဟန်အမူအရာလုပ်တာ၊ ပြုံးတာ၊ မျက်တောင်ခတ်တာ၊ ငိုတာတောင် လုပ်တတ်နေပါပြီ..။

ကလေးတွေ ဗိုက်ထဲမှာနေတုန်း ပြုံးတာကို အမှတ်တမဲ့ ပြုမူတဲ့ အပြုအမူလို့ ယူဆကြပါတယ်..။

ကလေးတွေက ဗိုက်ထဲမှာ ကန်သလို ပြုံးတာကလည်း တမင်မရည်ရွယ်ဘဲ ဖြစ်သွားတဲ့ အပြုအမူပါ..။

မွေးကင်းစ ကလေးတွေက အိပ်လိုက်နိုးလိုက် ဖြစ်တတ်သလို နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်တတ်ပါတယ်။

REM လိူ့ခေါ်တဲ့အဆင့်မှာ အိပ်ပျော်ပြီး မိနစ် ၆၀ ကနေ ၉၀ အတွင်း ဖြစ်ပါတယ်..။

ဒါပေမယ့် အိပ်စက်မှု စက်ဝန်းမှာ REM ဖြစ်လိုက်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါတယ်..။

အဲဒါကြောင့် ကလေးတွေက REM အဆင့်မှာ ပြုံးတတ်သလို ခြေတွေ လက်တွေလည်း ကန်ပါတယ်..။

မွေးကင်းစ ကလေးတွေက စကားမပြောတတ် သေးတာကြောင့် ငိုတာနဲ့ ပြုံးတာက သူတို့ရဲ့ ဆက်သွယ်မှု စနစ်ပါ..။

ကလေးတွေရဲ့ စိတ်ထဲ ပျော်လာရင်၊ မွှေးတဲ့ အနံ့လေးရလာရင်၊ သာယာတဲ့ အသံလေး ကြားရင်၊ နူးညံ့တဲ့ အထိအတွေ့ရရင် ပြုံးလာပါတယ်..။

မွေးကင်းစ ကလေးတွေက အိပ်မက် မမက်ပါဘူး။ ဒါပေမယ့် သူတို့မှာ မှတ်ဉာဏ် ရှိပါတယ်..။

ကလေးတွေ အိပ်နေတုန်း ပြုံးတာက အိပ်မက်ထဲမှာ ပျော်လို့ ပြုံးတာမဟုတ်ပါဘူး။ မွေးကင်းစ ကလေးတွေက မှတ်မိဖို့၊ စိတ်ကူးယဉ်ဖို့အတွက် အရမ်းကို ငယ်ပါသေးတယ်..။

မွေးကင်းစကလေး ပထမအပတ်မှာ အိပ်စက်တာက သူတို့ရဲ့ မှတ်ဉာဏ်နဲ့ ဦးနှောက်လုပ်ငန်းတွေ တိုးတက်ဖို့ ကူညီပေးပါတယ်။ ပြီးတော့ မွေးပြီးမကြာခင်မှာ ကလေးက မိဘနှစ်ပါးရဲ့ အသံကို မှတ်မိပြီး ခွဲခြားတတ်နေပါပြီ..။

Zombie (Lovemedia)