အောက်တိုဘာ ၂၇
အောက်တိုဘာ ၂၇
ယနေ့ နံနက်အစောပိုင်းက မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ (၀၀ ၃၀)အချိန်ခန့်၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်
အဆိုပါမီးလောင်မှုကို မူဆယ်ခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ မူဆယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်ခဲ့တာကြောင့် နံနက် ၂ နာရီခန့်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ယင်းမီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ လောင်ကျွမ်းမှု ဖြစ်စဉ်ကိုတော့ ထုတ်ပြန်ထားခြင်းမ ရှိပါဘူး ။