တရက်ကို ၂၇ ခေါက်သာ ရွတ်ဖတ်ပါ ဘဝတွင် စိန် ရွှေ ငွေ၊ အိမ် တိုက် ခြံ ကား အဆင်ပြေပြေ ၀င်လာစေမည့် ဂါထာတော်

စိန် ၊ရွှေ၊ငွေ၊ အိမ် ၊တိုက်၊ခြံ၊ကား အဆင်ပြေပြေ ၀င်လာစေမည့် ဂါထာတော်

၂၇ ခေါက်သာ ရွတ်ဖတ်ပါ ဘဝတွင် စိန်ရွှေငွေ၊ အိမ်တိုက်ခြံကား မလိုချင်မှအဆုံး ပေါများချမ်းသာလာပါလိမ့်မယ်

မနက်အာရုံတက်တိုင်း၂၇ခေါက်တိတိရွတ်ဖတ်ပေးပါကမိမိဘဝတွင်စိန်၊ရွှေ၊ငွေ၊ကျောက်သံပတ္တမြား၊အိမ်တိုက်ခြံကားမလိုချင်မှအဆုံးပေါများချမ်းသာလာစေ၏

တောစောင့်နတ်၊တောင်စောင့်နတ်၊ရုက္ခစိုး၊ဘုမ္မစိုး၊အာကာသစိုး၊လူမိန်းမ၊လူယောက်ကျား၊တိရစ္ဆာန်များ၊စုန်းကဝေ၊အစိမ်းသရဲ၊နာနာဘာဝများ၊အတွင်း၃၇မင်း၊အပြင်၃၇မင်း၊ဘုတ်၊ဘီလူး၊နတ်စိုးနတ်ဝါးများပါချစ်ခင်လာ၏

၊တောင်းတိုင်းတတိုင်းရ၏၊သတိပြုရန်မှာ၂၇ခေါက်သာရွတ်ရန်နှင့်မနက်အာရုံတက်ချိနိရွတ်ပါ၊ကာမေသုကံရှောင်ပါ၊အဖြတ်အတောက်မှန်မှန်နှင့်ခက်လေးလေးဘဲရွတ်ပါ၊

အံ့သြရလောက်အောင်တန်ခိုးကြီးတဲ့ဂါထာတော်ပါကျွန်မကတော့ပုတီးစိတ်ပါတယ်

မဏိဇောတပတ္တမြားရတနာဂါထာတော်

၁။ ဒိဝါတပတိ အာဒိစ္စော

ရတ္တိမာ ဘာတိ စန္ဒိမာ

ဿန္နဒ္ဓေါ ခတ္တိယောတပတိ

ဈာယီ တပတိ ဗြဟ္မဏော

အထသဗ္ဗာ မဟောရတ္တိံ

ဗုဒ္ဓေါ တပတိ တေဇသာ

ဧတေန သစ္စဝဇ္ဇေန သောတ္ထိမေ

ဟောတု ဇယ မင်္ဂလံ။ ။

၂။ ဖုဋ္ဌဿ လောကဓမ္မေဟိ

စိတ္တံ ယဿ န ကမ္ပတိ

အ သောကံ ဝိရဇံ ခေမံ။

၃။ တုဋ္ဌေဟိ တုဋ္ဌေဟိ မမတုဋ္ဌေဟိ

ပိယေဟိ ပိယေဟိ မမပိယေဟိ

သိန္နေဟံ သိန္နေဟံ မမသိန္နေဟံ

ရာဇစိတ္တံ ပိယံမှိုင်းမှိုင်း

အမစ္စရာဇစိတ္တံ ပိယံမှိုင်းမှိုင်း

အမစ္စစိတ္တံ ပိယံမှိုင်းမှိုင်း

ဒေဝစိတ္တံ ပိယံမှိုင်းမှိုင်း

ဒေဝီစိတ္တံ ပိယံမှိုင်းမှိုင်း

ပုရိသစိတ္တံ ပိယံမှိုင်းမှိုင်း

ဣတ္ထိစိတ္တံ ပိယံမှိုင်းမှိုင်း

မနုဿစိတ္တံ ပိယံမှိုင်းမှိုင်း

အမနုဿစိတ္တံ ပိယံမှိုင်းမှိုင်း

သဗ္ဗစိတ္တံ ပိယံမှိုင်းမှိုင်း

သြောင်း ဧဟိ ဧဟိ ဗလံခြင်း

သြောင်း ဧဟိ ဧဟိ ဗလံကပ်

သြောင်း ဧဟိ ဧဟိ ဗလံခြင်းကပ်စေ။

၎။ သဗ္ဗဟိတ မင်္ဂလာနိ

ပုညာဘိ သိရီသောဘဏီ

သူရဿတီစ မေမာတာ

နိစ္စံ ရက္ခန္တု မံသဒါ။

ထိုဂါထာတော် (၄)ပုဒ်ကို နေ့စဉ်ရွတ်ဖတ် သရဇ္ဈယ်နေသောပုဂ္ဂိုလ်များသည် ဣစ္ဆာသယ၊ လိုတရသော မဏိဇောတ ပတ္တမြားမျက်ရှင်ကို ရရှိထားသည်နှင့်

အသွင်အလားသဏ္ဍာန်တူလှသောကြောင့် ထိုဂါထာတော်(၄)ပုဒ်ကို မဏိဇောတပတ္တမြား ရတနာဂါထာတော်ဟု ခေါ်တွင်ပါ သည်။

နေ့စဉ်နံနက်အရုဏ်တက်ချိန်တွင်သော်လည်းကောင်း၊ ညဘက်အိပ်ခါနီးတွင် သော် လည်းကောင်း၊ဂါထာတော်တစ်ပုဒ်ချင်းစီိကို (၂၇) ခေါက်စီ် ဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ရပါမည်။

ထိုပြင် ဂါထာတော် (၄)ပုဒ်ကို (၁၀၈)ခေါက်စေ့အောင်ရွတ်ဖတ် သရဇ္ဈာယ်ရာ၌ တစ်ထိုင်တည်းနှင့်(ဝါ)ဣရိယာပုတ် တစ်ပါးတည်း နှင့်ပြီးစီးအောင် ရွတ်ဖတ်သရဇ္ဈာယ်ရမည်ကို အထူးသတိပြုပါလေ။

ထိုဂါထာ (၄)ပုဒ်၏ သတ္တိ-သိဒ္ဓိအစွမ်းမှာ ဂါထာတော်များကို ညွှန်ကြားထား သည့်အတိုင်း ရွတ်ဖက်သရဇ္ဈာယ်၍ (၉)ရက်မြောက်သောနေ့မှ စတင်၍ စီးပွားရေးများ အထူး အောင်မြင်တိုးတက်လာတော့၏

စီးပွားရေးအထစ် အငေါ့များ ၊ အဖုအထစ်များ၊ အခက်အခဲများ ပြေလည်လာရ၏။

အဆင်ပြေ လာရ၏ လုပ်ချင်သည့် စီးပွားရေးအရောင်းအဝယ်လုပ်ငန်းမှန်သမျှ မ အောင်မြင်တာမရှိ၊ အဆင်မပြေတာမရှိ၊

မတိုးတက်တာ မရှိ၊အခက်အခဲမရှိတော့ဘဲ ပျော်ပျော်ရွှင်ရွှင်ဝမ်းသာအားရ အံသြစွာတိုးတက် အဆင် မ ပြေလာပါလိမ့်မည်။

ကြိုက်သည့်ဆိုင်ဖွင့် ဘာ လုပ်ငန်းကိုပဲလုပ်လုပ် အကျိုးမပေးဘူးဆိုသည်မှာ မရှိနိုင်တော့ပေ။ဂါထာတော်၏ တန်ခိုးစွမ်း အား ကြောင့် အဆင်မပြေတာမရှိ အကျိုးမပေးဘူးဆိုတာမရှိ ငွေရေးကြေးရေးအခက်အခဲမရှိ၊

ငွေရေးကြေးရေး ဘေးကြပ်နံကြပ်မရှိ၊ ငွေရွှေရတနာ ဆုံး ရှုံးမှုမရှိ အား လုံးပင် အောင်မြင်တိုးတက်ရတော့၏။ှုတ်ပါးစပ်မှ ဈေးခေါ်တိုင်းရ၏။ ဈေးဆစ်တိုင်း ရလာတော့၏

နှုတ်ဝစီမှ စီးပွားရေးနှင့်ပက်သက်၍ ပြောချင်ရာပြော၊ စိတ်ထဲ ရှိရာတို့ကို ကြိုက်နှစ်သက်သလိုသာပြော၊စိတ်ထဲရှိရာတို့ကို ကြိုက်နှစ်သက်သလိုသာပြော၊ ပြောဆိုတိုင်းပြီးစီး၏ ပြောဆိုတိုင်း အောင်မြင်လာရ၏။

တောင်း တိုင်းလည်းရလာစေ၏။ စည်းစိမ်၊ ဥစ္စာ၊ ရတနာ၊ရွှေ၊ငွေ၊အိုးအိမ်၊တိုက်၊ခြံ၊ကားဤ (၉)ပါးသော ပစ္စည်း တို့သည် ဝင်လာမစဲ၊စည်းကားစွာတိုးတက် ဝင်ရောက်လာရကုန်၏

ဂါထာတော်၏ တန်ခိုးအားကြောင့် မိမိတို့၏ စီးပွားရေးအေ၇ာင်း အဝယ်လုပ်ငန်းများ၊ မိမိ၏စီးပွားရေး အလုပ်အကိုင်များ ကို နတ်ကောင်းနတ်မြတ်များက လာရောက်ကူညီမစ စောင့်ရှောက်လာရကုန် ၏၊

အိမ်တွင်းရေး၊ မိသားစု အေးအေးချမ်းချမ်းဖြစ်လာရကုန်၏။ အိမ်တွင်းရေး၊ မိသားစုအရေးဆူဆူပူပူမရှိနိုင်တော့ချေ၊ လက် အောက်ငယ်သား၊

အခိုင်းအစေ၊ကျေးကျွန်၊ သားသမီး၊ မြေးမြစ်ကစ၍ ဆူဆူပူပူမရှိ တော့ပဲတည်ငြိမ်အေးချမ်းလာစေရတော့၏။

မိမိ၏ အိမ်တွင်းရေးအပေါ်၌လည်းကောင်း၊ မိမိ၏မိသားစု သားသမီးများအပေါ်၌လည်းကောင်း၊ မိမိ ၏ စီးပွားရေးအလုပ်အကိုင် အရောင်းအဝယ်များ အပေါ်၌လည်းကောင်းစိတ်ချလာရတော့၏။

စိတ်တိုင်းကျလာရတော့၏ အားရကျေနပ် လာရ တော့၏။ အပူ သောက၊ဗျာပါဒ၊ စိတ်ရှုပ်မှု၊စိတ်ဆင်းရဲမှု၊ မှန်သမျှမရှိနိုင်တော့ချေ။

မဖြစ်ပေါ်လာနိုင်တော့ပေ။ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် အားရ ကျေ နပ်စွာဖြင့် စိတ်ဆန္ဒအလိုကိုပြီးစီးအောင်မြင်စေရာ၏

Credit