“အလှူရှင် မရှိတဲ့နေ့တွေဆိုရင် ဒီလိုပဲ ဘုန်းပေးရပါတယ်”
သင့်ရဲ့ ရှယ်တစ်ချက်ကြောင့် အလှူရှင်တစ်ဦးပေါ်ခဲ့ရင် အဆုံးမရှိတဲ့ ကုသိုလ်ထူးရနိုင်ပါသည်။
သြဂုတ်(၁) AlinnMyay(အလင်းမြေ)
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ဖလံဗိုလ်ကျေးရွာအနီးမှာရှိတဲ့ မာဃိန္ဒာရာမ ဥယျာဉ်လေး ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ မရှိဆင်းရဲနွမ်းပါးကလေးများနှင့် မိဘမဲ့ကလေးများ၊ ရှင်သာမဏေ၊ သီလရှင်ဆရာလေး စုစုပေါင်း (၂၅၀) ကျော်ရှိပြီး၊ နယ်ကျောင်းတစ်ကျောင်းဖြစ်နေတာကြောင့် အလှူရှင် နည်းပါးကာ အနေအစား အလွန်ဆင်းရဲနွမ်းပါးနေပါတယ်။ အလှူရှင်မရှိတဲ့နေ့တွေမှာဆိုရင် ဘူးသီးဟင်းရည် ကျဲကျဲ ဇွန်းကြီးတစ်ဇွန်းနဲ့ ဆွမ်းကို ဖျော်ပြီး မိဘမဲ့ ရှင်သာမဏေ သီလရှင်လေးတွေ ဆွမ်းဘုန်းပေးနေကြရတာကို AlinnMyay(အလင်းမြေ)မီဒီယာ မှ လက်တွေ့ တွေ့မြင်ခံစားခဲ့ရပါတယ်။ အဆိုပါနေ့မှာပဲ AlinnMyay(အလင်းမြေ)မီဒီယာ နှင့် အသိမိတ်ဆွေ အပေါင်းအသင်းများမှ ထာဝရဆွမ်းပဒေသာပင်အတွက် အလှူငွေ (၁၀၅၀၀၀၀) ဆယ်သိန်းငါးသောင်းကျပ်၊ မန္တလေးမြို့ထိပ်တန်းရွှေဘုရင် ရတနာရွှေဆိုင်မှ ရေသန့်ဗူးကြီးနှင့် ရေခွက်အစုံ (၄၀) တို့ အား လှူဒါန်းခဲ့ပါတယ်။
ကိုရင်လေးတွေ၊ သီလရှင်လေးတွေ ဘုန်းပေးနေတာကိုကြည့်ပြီး ရင်ထဲမှာတကယ်စိတ်မကောင်းဖြစ်ပြီး လိုက်ပါလာသူ တော်တော်များများ မျက်ရည်တောင်ကျမိခဲ့ကြပါတယ်၊ သူတို့လေးတွေ ဘုန်းပေးနေကြတာ ယခုတင်ပြတဲ့ ဗွီဒီယိုထဲမှာ မြင်တဲ့အတိုင်း ဗူးသီးဟင်းရည် ဇွန်းကြီးတစ်ဇွန်းနဲ့ ဆွမ်းကို ဖျော်ပြီး ဘုန်းပေးနေကြတာ ဖြစ်ပါတယ်။ အခုလို အလှူရှင်မရှိတဲ့နေ့တွေမှာ ဒီလိုပဲ ဘုန်းပေးပြီး အချိုပွဲဆိုတာလည်း မဘုန်းပေးနိုင်ဘူးလို့ သိရပါတယ်။
အဆိုပါ အမှန်တကယ်လိုအပ်နေသော ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို မိဘပြည်သူများအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြစေရန် ယခုလို AlinnMyay(အလင်းမြေ)မီဒီယာ မှ သွားရောက်ရိုက်ကူးတင်ဆက်ရင်း မိတ်ဆွေများနှင့် စုပေါင်းကာ လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
မာဃိန္ဒာရာမ ဥယျာဉ်လေး ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကို သွားရောက်လှူဒါန်းလိုသူများအနေဖြင့် မန္တလေးမြို့ ဝေဇယန္တာပရဟိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာ (ဖုန်း – 09777462227) ဆက်သွယ်ပြီး ဦးကျော်စွာမှ လိုက်ပါပို့ဆောင်ပေးခြင်း၊ လမ်းညွှန်ပေးခြင်းများဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။
AlinnMyay(အလင်းမြေ)မီဒီယာ ပရိသတ်ကြီးနှင့် အတူ မိဘပြည်သူများအားလုံးမှ အဆိုပါ ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်းသို့ တတ်နိုင်သလောက် သွားရောက် လှူဒါန်းပေးကြပါရန် နှင့် ကိုယ်တိုင် မလှူဖြစ်သေးရင်လည်း အလှူရှင်များ ပေါ်ပေါက်လာစေရန် လက်ဆင့်ကမ်းမျှဝေပေးကြပါလို့ AlinnMyay(အလင်းမြေ)မီဒီယာ မှ တိုက်တွန်း နှိုးဆော်ပေးလိုက်ပါရစေခင်ဗျာ..။
#AlinnMyay(အလင်းမြေ)#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ
Credit to AlinnMyay