ၾကားသိရသမွ်

စစ်တပ်က ပစ်သတ်၍ သေဆုံးသွားသော အလောင်း (၂၂) လောင်းကို သဂြိုလ်ပေးပြီးနောက် လက်နက်ကိုင်ခေါင်းဆောင်ဖြစ်လာသူ….

စာစစ်တပ်က ပစ်သတ်၍ သေဆုံးသွားသော အလောင်း (၂၂) လောင်းကို သဂြိုလ်ပေးပြီးနောက် လက်နက်ကိုင်ခေါင်းဆောင်ဖြစ်လာသူ

ကိုဗစ်ကပ်ဘေးကာလနှင့် စစ်အာဏာသိမ်းမှု အစောပိုင်းလများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်သူ မြင်းခြံသားကြီးသည် ဒေသတွင်း ပြောက်ကျားတပ်ဖွဲ့ကို ဦးဆောင်နေသည်။

၎င်းတို့အဖွဲ့ကို Zero ပြောက်ကျားတပ်ဖွဲ့ဟု အမည်ပေးပြီး လှုပ်ရှားနေစဉ် စစ်ကောင်စီတပ်သားတို့က သူ၏ နေအိမ်သို့ သုံးကြိမ် သွားရောက်ပြီး အသုံးအဆောင်များ သိမ်းယူသွားကြသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြစဉ် ပစ်သတ်ခံရသူတို့၏ ရုပ်အလောင်းများကို ကောက်ယူ၍ ကိုယ်တိုင်သန့်စင်ပေးကာ တလေးတစား ဂုဏ်ပြုသင်္ဂြိုဟ်ပေးခဲ့သူ ကိုသက်ကြီး ခေါ် ဦးသက်နိုင်အောင်က တော်လှန်ရေးအောင်မြင်ပြီးလျှင် နိုင်ငံတော်ထံ လက်နက်များ အပ်နှံကာ Zero အမည်ဖြင့် လူမှုကူညီရေးအသင်းတည်ထောင်လိုသည်ဟု ဆိုသည်။

ကိုသက်ကြီးသည် မြင်းခြံတွင် ငြိမ်းခြမ်းစွာဆန္ဒပြနေသော ပြည်သူလူထုအား စစ်ကောင်စီက ပစ်သတ်သောကြောင့် သေဆုံးသွားသော ရုပ်အလောင်း (၂၂) လောင်းကို ကျည်ဆံများကြား မျက်ရည်ယိုဗုံးများကြားထဲမှ စွန့်စားကောက်ယူခဲ့၍ သဂြိုလ်ပေးခဲ့ပြီး ယခုအချိန်တွင် Zero ပြောက်ကျားတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်လာသည်၄၇ နှစ်အရွယ် ကိုသက်ကြီး (ခေါ်) ဦးသက်နိုင်အောင်သည် လက်နက်မျိုးစုံ ကိုင်ဆောင်ပြကာ ဓာတ်ပုံများကိုလဲ လူမှုကွန်ယက်တွင်တင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စိန်ခေါ်လျက်ရှိသည်

” သူတို့ကိုမကြောက်ပါဘူး၊ မကြောက်လို့လည်း လက်နက်မရှိစဉ်ကတည်းက သူတို့ကိုတော်လှန်ခဲ့တာ၊ အခုလက်နက်ရှိပြီဆိုတော့ ပိုပြီးမကြောက်တာပေါ့ ” ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်

unicode





