အာစနီ မုန်တိုင်းကြောင့် ဟိုင်းကြီးကျွန်းမြို့မှာ ယနေ့ဖြစ်သွားတာပါ (ရုပ်/သံ)
အောက်တွင် ရုပ်သံပါဝင်သည်။
မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နေသည့် ဟိုင်းကြီးကျွန်းမြို့က ပင်လယ်ပြင်၏ မွန်းလွဲပိုင်းအခြေအနေ(ရုပ်/သံ)
မြန်မာနိုင်ငံကို ဦးတည်လာတဲ့ မုန်တိုင်းဟာ ယနေ့ မတ်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းမှာ ဟိုင်းကြီးကျွန်းမြို့ကို ဝင်ရောက် ဖြတ်ကျော်နေပြီလို့ မိုးဇလကသတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ မိုးဇလကတော့ မုန်တိုင်းဟာ အားကောင်းတဲ့မုန်းတိုင်ဖြစ်ပြီး လက်ရှိအချိန်မှာ အညိုရောင်အဆင့်သတ်မှတ်လိုက်ပြီလို့ ဆိုပါတယ်။
နောက် ၂၄ နာရီအတွင်းမှာ မုန်တိုင်းဟာ ပုသိမ်မြို့အနားကနေ မြောက်ဘက်အတိုင်းဆက်လက်ရွေ့လျားပြီး ရခိုင်ကမ်းရိုးတန်းတောင်ပကိုင်းအနီးကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်ထားပါတယ်။