တရားမဝင်ဆေးခြောက်များ ဖမ်းဆီးရမိခဲ့တဲ့အမှုနဲ့ပတ်သတ်ပီး ရှာရွတ်ခန်းရဲ့သားဖြစ်သူကို အာမခံနဲ့လွှတ်ပေး
ကြာသပတေးနေ့မှာ အိန္ဒိယတရားရုံးတစ်ခုက ဘောလိဝုဒ်သရုပ်ဆောင် ရှာရွတ်ခန်းရဲ့သားဖြစ်သူကို အာမခံနဲ့ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၃ ပတ်ကျော်က တရားမဝင်ဆေးခြောက်များ ဖမ်းဆီးရမိခဲ့တဲ့အမှုတစ်ခုမှာ ရှာရွတ်ခန်းရဲ့သားဖြစ်သူဟာ အဖမ်းခံခဲ့ရတာဖြစ်ကာ သတင်းတွေပျံ့နှံသွားခဲ့ပြီး မီဒီယာကြားမှာလည်း အငြင်းပွားစရာတွေဖြစ်ခဲ့ပါတယ်။
“တရားရုံးက အခုတင်ပဲအာမခံလွှတ်ပေးဖို့ ပြောလိုက်ပါတယ်။ အသနားခံလျှောက်ထားတဲ့ ၃ ယောက်စလုံး မနက်ဖြန်ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ လွတ်လာမှာဖြစ်ပါတယ်”လို့ ခန်းရဲ့သားဖြစ်သူဘက်က ရှေ့နေက မွမ်ဘိုင်းမြို့ရှိ တရားရုံးတစ်ခုအပြင်ဘက်မှာ ပြောသွားပါတယ်။

မွမ်ဘိုင်းကမ်းရိုးတန်းဘက်မှာ ခုတ်မောင်းနေတဲ့ အပျော်စီးသင်္ဘောတစ်စီးကို အောက်တိုဘာ ၂ ရက်နေ့က စီးနင်းရှာဖွေရာမှာ အသက် ၂၃ နှစ်အရွယ်ရှိ ရှာရွတ်ခန်းရဲ့သားအကြီးဆုံးဖြစ်သူ အာယန်ခန်းအပါအဝင် လူအများအပြားအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
ဆေးခြောက်ရှာဖွေရေးအဖွဲ (NCB) ဖက်ဒရယ်အေဂျင်စီက စီးနင်းဝင်ရောက်ခဲ့တာဖြစ်ပြီး အာယန်ခန်းဟာ ဆေးသုံးစွဲသလို ဖြန့်ဝေသူလည်းဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
အာယန်ခန်းကတော့ ရှေ့နေတွေကတဆင့် စွပ်စွဲချက်တွေကို ငြင်းလိုက်ပြီး စီးနင်းရှာဖွေစဉ်က သူ့ကိုယ်ပေါ်မှာ ဆေးခြောက်မတွေ့ရှိခဲ့ဘူးလို့ ချေပပြောဆိုထားပါတယ်။

မွမ်ဘိုင်းမြိုရှိ တိုင်းဝန်ကြီးများအဖွဲ့မှ ဝန်ကြီးတစ်ဦးဖြစ်တဲ့ Nawab Malik က ရှာရွတ်ခန်းရဲ့သားနဲ့ တခြားသူတွေကို မဟုတ်မမှန်ဘဲစွပ်စွဲနေကြတာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က အရာရှိကို လူပြောင်းစေချင်နေတာဖြစ်ပါတယ်။
ရှာရွတ်ခန်းဟာ အိန္ဒိယနိုင်ငံရဲ့ အကျော်ကြားဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပြီး သူ့သားအမှုကိုစစ်ဆေးရာမှာ ၂ ပတ် ၃ ပတ်လောက်အထိ ကြာရှည်နေချိန်မှာ ပရိသတ်တွေက လူမှုကွန်ရက်တွေကနေ အားပေးထောက်ခံခဲ့ကြပါတယ်။
သရုပ်ဆောင် Ranganathan Madhavan က “တော်သေးတာပေါ့ဗျာ။ အဖေတစ်ယောက်အနေနဲ့ သားဖြစ်သူလွတ်လာတော့ စိတ်သက်သာရာ ရသွားတာပေါ့”လို တွစ်တာမှာ ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့နှစ်ကတည်းက ဆေးခြောက်ရှာဖွေရေးတာဝန်ရှိသူတွေမှာ အိန္ဒိယနာမည်ကြီးသရုပ်ဆောင်တွေနဲ့ တီဗီအစီအစဉ်တွေမှာ ပါဝင်တဲ့သူတွေကို သတိထား စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

Credit
တရားမဝင္ေဆးေျခာက္မ်ား ဖမ္းဆီးရမိခဲ့တဲ့အမႈနဲ႔ပတ္သတ္ပီး ရွာ႐ြတ္ခန္းရဲ႕သားျဖစ္သူကို အာမခံနဲ႔လႊတ္ေပး
ၾကာသပေတးေန႔မွာ အိႏၵိယတရား႐ုံးတစ္ခုက ေဘာလိဝုဒ္သ႐ုပ္ေဆာင္ ရွာ႐ြတ္ခန္းရဲ႕သားျဖစ္သူကို အာမခံနဲ႔ျပန္လႊတ္ေပးလိုက္ၿပီျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ၃ ပတ္ေက်ာ္က တရားမဝင္ေဆးေျခာက္မ်ား ဖမ္းဆီးရမိခဲ့တဲ့အမႈတစ္ခုမွာ ရွာ႐ြတ္ခန္းရဲ႕သားျဖစ္သူဟာ အဖမ္းခံခဲ့ရတာျဖစ္ကာ သတင္းေတြပ်ံ႕ႏွံသြားခဲ့ၿပီး မီဒီယာၾကားမွာလည္း အျငင္းပြားစရာေတြျဖစ္ခဲ့ပါတယ္။
“တရား႐ုံးက အခုတင္ပဲအာမခံလႊတ္ေပးဖို႔ ေျပာလိုက္ပါတယ္။ အသနားခံေလွ်ာက္ထားတဲ့ ၃ ေယာက္စလုံး မနက္ျဖန္ဒါမွမဟုတ္ တနဂၤေႏြေန႔မွာ လြတ္လာမွာျဖစ္ပါတယ္”လို႔ ခန္းရဲ႕သားျဖစ္သူဘက္က ေရွ႕ေနက မြမ္ဘိုင္းၿမိဳ႕ရွိ တရား႐ုံးတစ္ခုအျပင္ဘက္မွာ ေျပာသြားပါတယ္။
မြမ္ဘိုင္းကမ္း႐ိုးတန္းဘက္မွာ ခုတ္ေမာင္းေနတဲ့ အေပ်ာ္စီးသေဘၤာတစ္စီးကို ေအာက္တိုဘာ ၂ ရက္ေန႔က စီးနင္းရွာေဖြရာမွာ အသက္ ၂၃ ႏွစ္အ႐ြယ္ရွိ ရွာ႐ြတ္ခန္းရဲ႕သားအႀကီးဆုံးျဖစ္သူ အာယန္ခန္းအပါအဝင္ လူအမ်ားအျပားအဖမ္းခံခဲ့ရတာျဖစ္ပါတယ္။ေဆးေျခာက္ရွာေဖြေရးအဖြဲ (NCB) ဖက္ဒရယ္ေအဂ်င္စီက စီးနင္းဝင္ေရာက္ခဲ့တာျဖစ္ၿပီး အာယန္ခန္းဟာ ေဆးသုံးစြဲသလို ျဖန႔္ေဝသူလည္းျဖစ္တယ္လို႔ စြပ္စြဲထားပါတယ္။
အာယန္ခန္းကေတာ့ ေရွ႕ေနေတြကတဆင့္ စြပ္စြဲခ်က္ေတြကို ျငင္းလိုက္ၿပီး စီးနင္းရွာေဖြစဥ္က သူ႔ကိုယ္ေပၚမွာ ေဆးေျခာက္မေတြ႕ရွိခဲ့ဘူးလို႔ ေခ်ပေျပာဆိုထားပါတယ္။
မြမ္ဘိုင္းၿမိဳရွိ တိုင္းဝန္ႀကီးမ်ားအဖြဲ႕မွ ဝန္ႀကီးတစ္ဦးျဖစ္တဲ့ Nawab Malik က ရွာ႐ြတ္ခန္းရဲ႕သားနဲ႔ တျခားသူေတြကို မဟုတ္မမွန္ဘဲစြပ္စြဲေနၾကတာျဖစ္ၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႕က အရာရွိကို လူေျပာင္းေစခ်င္ေနတာျဖစ္ပါတယ္။
ရွာ႐ြတ္ခန္းဟာ အိႏၵိယႏိုင္ငံရဲ႕ အေက်ာ္ၾကားဆုံးပုဂၢိဳလ္ေတြထဲက တစ္ဦးျဖစ္ၿပီး သူ႔သားအမႈကိုစစ္ေဆးရာမွာ ၂ ပတ္ ၃ ပတ္ေလာက္အထိ ၾကာရွည္ေနခ်ိန္မွာ ပရိသတ္ေတြက လူမႈကြန္ရက္ေတြကေန အားေပးေထာက္ခံခဲ့ၾကပါတယ္။
သ႐ုပ္ေဆာင္ Ranganathan Madhavan က “ေတာ္ေသးတာေပါ့ဗ်ာ။ အေဖတစ္ေယာက္အေနနဲ႔ သားျဖစ္သူလြတ္လာေတာ့ စိတ္သက္သာရာ ရသြားတာေပါ့”လို တြစ္တာမွာ ေဖာ္ျပထားပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ကတည္းက ေဆးေျခာက္ရွာေဖြေရးတာဝန္ရွိသူေတြမွာ အိႏၵိယနာမည္ႀကီးသ႐ုပ္ေဆာင္ေတြနဲ႔ တီဗီအစီအစဥ္ေတြမွာ ပါဝင္တဲ့သူေတြကို သတိထား ေစာင့္ၾကည့္ေနၾကတာျဖစ္ပါတယ္။
Credit



