ၾကားသိရသမွ်






crd-

ယူနီကုတ်

တခါမှ မသိကျွမ်းသော်ခဲ့ကြသော်လည်း ကြက်ကြော်စားချင်၍ ဆိုင်ဖက်ကိုငေးကြည့်နေသော မြေးအဖိုးနှစ်ယောက်ကိုခေါ်ယူပြီး ကြက်ကြော်ဝယ်ကျွေးခဲ့သည့် အမျိုးသမီး

ဖိလစ်ပိုင်နိုင်ငံမှ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် ဒေသရှိနာမည်ကြီး ကြက်ကြော်ဆိုင်တစ်ခုတွင် လာရောက်အားပေးစဉ် အပြင်ဖက်ကနေ ဆိုင်ထဲကိုလှမ်းငေးနေသော သနားစရာမြေးအဖိုးနှစ်ယောက်ကို တွေ့သောအခါ

ဆိုင်ထဲသို့ခေါ်ဝင်ခဲ့သည်။ ထို့နောက်စားပွဲဝိုင်းတစ်ခုတွင် ခဏထိုင်စောင့်စေခဲ့ပြီး ဆိုင်ဝန်ထမ်းတစ်ဦးအား ကြက်ကြော် ၂ ပွဲမှာယူခဲ့ပြီး မြေးအဖိုးရှိရာ ဝိုင်းတွင်ချခိုင်းကာ ကျွေးမွေးခဲ့သည်။ အမျိုးသမီးသည် မြေးအဖိုးနှစ်ယောက်က

ဆွေမျိုးသားချင်းမဟုတ်ပေမယ့်လည်း ဝယ်မစားနိုင်၍ ဆိုင်ထဲကိုငေးကြည့်နေသောပုံရိပ်လေးကို မြင်သည့်အခါ စိတ်မကောင်းဖြစ်ရပြီး ကူညီချင်စိတ်ပေါ်လာကာ ကျွေးမွေးခဲ့ခြင်းဖြင့် အများဧ။်ချီးမွမ်းခြင်းများစွာကို ခံခဲ့ရသည်။

crd-





crd-





crd-