တနင်္ဂနွေ
ယခု ကာလများ အတွင်း ခရီးသွား အလုပ်၊ ကုန်သည် အလုပ်များ အထူး အကျိုး ရှိမည်။ လူမျိုးကွဲ၊ လူမျိုးခြား များ နှင့် ပတ်သက်၍ အကျိုးပေးမည်။ လက်လွန်ထားသော ငွေကြေးများ ပြန်လည် တောင်းခံ ရရှိမည်။
ကိုယ်တိုင်တွင် လည်းကောင်း၊ မိသားစုတွင် လည်းကောင်း ပြည်ပ ခရီးများ ရှိနေမည်။ လုပ်ငန်းခွင်နှင့် ဆက်စပ်သော ခရီးများ သွား လာရ တတ်သည်။ ခက်ခဲသော ပြဿနာ များအား ဖြေရှင်း နိုင်လိမ့်မည်။
ဘာသာရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေလည်း လုပ်ကိုင်ရ တတ်ပါတယ်။ အမျိုးသမီး တစ်ယောက်ရဲ့ အကူအညီ ကောင်းတွေ ရရှိနိုင် ပါတယ်။
ဆွေမျိုး၊ မိတ်ဆွေရင်း တွေရဲ့ ရာထူး တတ်တဲ့ သတင်း၊ ထီဆုကြီး ပေါက်တဲ့ သတင်း စသည်ဖြင့် ဝမ်းသာစရာများ ကြုံရ ကြားရ တတ်ပါတယ်။
မိတ်ဆွေ၊ အပေါင်းအသင်း၊ သားချင်း၊ မောင်နှမတို့ထံမှ ကောင်းသော သတင်း စကားများ ကြားသိရမည်။ လူမျိုးကွဲ၊ လူမျိုးခြား၊ ဘာသာ ဓလေ့ မတူသူများနှင့် လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် ရလိမ့်မည်။
အချစ်ရေး၊ အိမ်ထောင်ရေး များမှာတော့ ညှိနှိုင်း မရတာတွေ ဖြစ်ရ တတ်ပါတယ်။ ရှေ့တိုးရ ခက်၊ နောက်ဆုတ်ရ ခက် အခြေအနေမျိုးတွေ ကြုံ တွေ့ လာရ တတ်ပါတယ်။
လူကြီးတွေ ဝင်ရှုပ်လို့ အပူမီးတွေ ပိုတောက်တဲ့ ကိန်းမျိုးလည်း ဆိုက်သွား ရတတ် ပါတယ်။ ကျန်းမာရေး လွန်စွာမှ အားကောင်း နေမည်။
ရှိနေတဲ့ ရောဂါတွေ အရှင်း ပျောက်သွား လိမ့်မယ်။ ပညာရေး မှာတော့ အွန်လိုင်း ကနေ ပညာရှာဖို့ အကောင်းဆုံး ကာလ ပါပဲ။
အကျိုးပေးဂဏန်း…၁/၄/၈
အထူးဟော…..ခက်ခဲနေတဲ့ ကိစ္စတွေ ပြေလည် သွားတတ်ပါတယ်။
ယတြာ ရေခဲမုန့် ဘုရားကပ်လှူပါ။
တနင်္လာ
ဒီကာလမှာ မိမိဝယ်မိတဲ့ ပစ္စည်းက တန်ရာ တန်ကြေး ထက် များစွာ ပိုနေသော ငွေလိမ် ညာရောင်း ချ သူထံမှ ဝယ်ယူမိကာ ငွေကြေး ဆုံးရှုံးမှုများ အလွန် များပြား နေရတတ်သည်။
တစ်ပါးသူတို့ တာဝန်ယူ လုပ်ကိုင်လိုခြင်း မရှိ သော လုပ်ငန်းကြီးများကို တာဝန်ယူ လုပ်ကိုင်ရခြင်းများ ကြုံတွေ့ ရမည်။ အန္တရာယ် မရှိ လင့်ကစား စိတ် ပင်ပန်းရခြင်း များ ကြုံတွေ့ နေရမည်။
မတော်တဆ ထိမိ ခိုက်မိ ဖြစ်တတ်တာ၊ ကျန်းမာရေး ညံ့တာမျိုးတွေ ကြုံတွေ့ နေရ တတ်ပါတယ်။ ရွှေ၊ ငွေ၊ ပစ္စည်းတွေ လည်း အလေအလွင့်၊ အပျောက်အရှ၊ အဆုံးအရှုံး များနေရ တတ်ပါတယ်။
အချေးအငှား ကိစ္စများ ပြဿနာများ ရှုပ်ထွေး နေရတတ်ပါတယ်။ မိသားစု အတွင်းမှာ ညှိမရ၊ နှိုင်းမရတွေ ဖြစ်လာရ တတ်ပါတယ်။ ကြီးကဲသူတွေရဲ့ ကျန်းမာရေးလည်း ညံ့နေ တတ်ပါတယ်။
ရေတွင်း၊ ရေကန် ကိစ္စများ စိတ်ညစ် ရတတ်ပါတယ်။ ခရီး သွားလာရေး ကိစ္စတွေ အတွက်လည်း စိတ်ရှုပ်ထွေး နေရ တတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အထူး သတိထား ရမယ့် အချိန် ကာလများ ဖြစ်ပါတယ်။
လမ်းခွဲ ရမတတ်တွေ ဖြစ်ကုန် တတ်ပါတယ်။ ပြဿနာ ဟောင်း၊ ရောဂါ ဟောင်းတွေ ပြန်ပေါ် လာတတ်တာ ကိုတော့ သတိထား ရမယ့် အချိန်လေးပဲ ဖြစ်ပါတယ်။
ကံကောင်း နေတာက ဒုက္ခ ရောက်နေရင်တောင် ကူညီမယ့်သူ ပေါများ ပါတယ်။ မိမိသိချင်၊ တတ်ချင်တဲ့ ပညာတွေ သင်ယူခွင့် ရလာမည်။
အကျိုးပေးဂဏန်း ၈/၆/၄
အထူးဟော …အကြံအစည်လေးတွေ လွဲချော်ရ တတ်ပါတယ်။
ယတြာ….ရှောက်သီးသုပ် တစ်ပွဲ ဘုရား ကပ်လှူပါ။
အင်္ဂါ
ယခု ကာလများ အတွင်း ကောင်းသော အပြောင်းအလဲများ ဖြစ်လိမ့်မည်။ အရောင်း အဝယ်၊ စီးပွားရေး ဆိုင်ရာ မိတ်ကောင်း ဆွေကောင်းများနှင့် ပြန်လည် ချိတ်ဆက် မိမည်။
လုပ်ငန်းခွင်မှ သူများ ရာထူး အဆင့်တိုး တတ်ခြင်းနှင့် နေရာ ပြောင်းရွှေ့ ရကိန်းများ အထူး ကောင်းနေ ပါသည်။
ပြည်ပ ပညာ သင်တန်းနှင့် ပတ်သက်သော ကိစ္စ ဆောင်ရွက်သူများ အောင်မြင်ခြင်းနှင့် တိုးတတ်ခြင်း များကို ရရှိ ပိုင်ဆိုင်ခွင့် ရမည်။ ကောင်းသော ကံကြမ္မာ လွှမ်းမိုးချိန် ဖြစ်ပါသည်။
သတင်းကောင်း၊ ဧည့်သည်ကောင်းတွေ မမျှော်လင့်ဘဲ ရောက်ရှိ လာတတ် ပါတယ်။ စာချုပ် ကိစ္စ၊ စာရင်း ဇယား ကိစ္စ၊ ပွဲလမ်း သဘင် ကိစ္စတွေ အောင်မြင်ပါမယ်။
ပစ္စည်း အရောင်း အဝယ် ကိစ္စများ ထစ်ငေါ့ ခက်ခဲနေမှုများ ပြန်လည် အဆင်ပြေ သွားမည်။ ရပ်ဝေးက ရွှေတွေ၊ ပစ္စည်းတွေ လည်း ရောက်လာ တတ်ပါတယ်။
ပိုမို သစ်လွင် တောက်ပသည့် အနာဂတ် ကူးပြောင်းခြင်းကို ဖြစ်စေမည်။ ပေါ့လျော့မှု ရှိပါက နောင်တ တရားကို ရင်ဝယ် ပိုက်ရမည်။ အချစ်ရေး၊ အိမ်ထောင်ရေး. ရှုပ်ထွေး နေပါမယ်။
ရည်စား များသူများ ပြဿနာလဲ များမယ့် ကာလ တစ်ခုပဲ ဖြစ်ပါ လိမ့်မယ်။ ဒုက္ခပေးမယ့် လူလိမ်၊ လူကောက်တွေနဲ့ တွေ့ရ တတ်ပါတယ်။
စိတ်ဓါတ် ကျတာ၊ စိတ်ရှုပ်ထွေး တာတွေ ခေါင်းထဲ ထည့်ထားရင်တော့ ကျန်းမာရေး ထိခိုက် သွားတတ် ပါတယ်။ သူများ အပူ ကိုယ့် အပူ မလုပ်မိဖို့ လိုသည်။
အကျိုးပေးဂဏန်း….၂/၅/၃
အထူးဟော…..မည်သည့်ကိစ္စကိုမဆို လေးလေးနက်နက်ထားဆောင်ရွက်ပါ။
ယတြာ…..ငါးဆန်ပြုတ် ဘုရားကပ်လှူလိုက်ပါ။
ဗုဒ္ဓဟူး / ရာဟု
ယခု ကာလများ အတွင်း ကံတရား ကောင်းမွန်မှု များကို မျက်မြင် တွေ့ရတော့မည် ဖြစ်ပါသည်။ ပြောဆို လုပ်ကိုင်မှု မှန်သမျှ အထူး အောင်မြင်မည်။ ငွေရေး၊ ကြေးရေး ကံကောင်းမည်။
သူတစ်ပါး ဆောင်ရွက်ခြင်းငှာ မစွမ်းနိုင်သော လုပ်ငန်း ကိစ္စတို့ကို အောင်မြင် ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်။
နာမည်ကောင်း သတင်းနှင့် ကျော်ကြားခြင်းကို ရရှိမည်။ မိသားစုလိုက် ခရီးသွားရန် ကိစ္စများ စီစဉ် အောင်မြင်မည်။
အရပ်ဝေး၊ နိုင်ငံရပ်ခြား ကိစ္စများ စီစဉ် အောင်မြင်မည်။ ပြဿနာကြီး တစ်ခုကတော့ အလိုလို ရှင်းလင်း သွားပါ လိမ့်မည်။ ကိုယ့်ကို ရန်လုပ်နေ တဲ့သူ၊ ဒုက္ခ ပေးနေတဲ့ သူတွေ ရပ်ဝေးသို့ သူ့အလိုလို ရောက်ရှိ သွားပေ လိမ့်မည်။
အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စ တွေမှာတော့ ညှိနှိုင်းမရတဲ့ အခြေအနေမျိုး တွေနဲ့သာ ကြုံတွေ့ နေရ တတ်ပါတယ်။
ဟိုဟာ လုပ်ရ ကောင်းနိုးနိုး၊ ဒီဟာ လုပ်ရ ကောင်း နိုးနိုးနဲ့ အချိန်တွေ ကုန်သွား တတ်ပါတယ်။ စိတ်နှစ်ခွ ဖြစ်စရာတွေ ဆုံးဖြတ်ရ ခက်တာတွေလည်း ကြုံတွေ့ လာရ တတ်ပါတယ်။
ပညာရေး ကိစ္စ၊ သင်တန်း ကိစ္စတွေမှာ အဆင်ပြေ အောင်မြင်မှုများ ရရှိ ပါလိမ့်မည်။ အရပ်ဝေးက အဆက် အသွယ် ကောင်းတွေလည်း ပေါ်ပေါက် လာတတ် ပါတယ်။
လုပ်ဖေါ် ကိုင်ဖက်တွေ၊ လုပ်ငန်းပြိုင်တွေ ကတော့ ပြဿနာရှာ ဒုက္ခပေး လာရ တတ်ပါတယ်။ ကျန်းမာရေး အတွက် စိတ်ပူစရာ မလိုသေးတဲ့ အချိန်ကာလ တစ်ခု ဖြစ်ပါတယ်။
အကျိုးပေးဂဏန်း….၅/ဝ/၄
အထူးဟော….လုပ်ငန်း စီးပွား အတွက် အခွင့်အရေးကောင်းများ ရတတ်ပါတယ်။
ယတြာ….ပြောင်းဖူးကြော် ဘုရားကပ်လှူ လိုက်ပါ။
ကြာသပတေး
ဒီကာလ အတွင်း မထင်မှတ်ထားတဲ့ အလုပ် အခွင့်အလမ်း ကောင်းတွေ၊ အဆက်အသွယ် ကောင်းတွေ တွေကတော့ ပေါ်လာ တတ်ပါတယ်။ အလုပ်နေရာ တစ်ခု အတွက် စကားပြဿနာများ ဖြေရှင်း ပေးရ တတ်ပါတယ်။
အထင် လွဲ၊ စွပ်စွဲ ခံရ တတ်တာ၊ ဝေဖန်၊ ချောက်တွန်း၊ အတို့အထောင် လုပ်တာတွေလည်း ကြုံတွေ့ နေရ တတ်ပါသည်။
အိုး အိမ်၊ နေရာထိုင်ခင်း ကိစ္စ အဆင်မပြေတာ၊ အောက်လက်ငယ်သား၊ သားသမီး တို့ကို အကြောင်းပြုပြီး ပြဿနာများ ပြင်းပြင်း ထန်ထန် ရင်ဆိုင် ဖြေရှင်းပေးရတာ မျိုးတွေလည်း ကြုံတွေ့ နေရ တတ်ပါတယ်။
အချစ်ရေး၊ အိမ်ထောင်ရေး မှာတော့ တစ်ဦးနဲ့ တစ်ဦး အထင်အမြင် လွဲမှားတာလေးတွေ ကြုံတွေ့ပြီးတဲ့ နောက် အဆင်ပြေ သွားပါ လိမ့်မည်။ ပညာရေး ကိစ္စ၊ သင်တန်း ကိစ္စ တွေ အဆင်ပြေ အောင်မြင် ပါလိမ့်မည်။
ဝမ်းဗိုက်ပိုင်း၊ ဆီး၊ မျက်စိ၊ ကျန်းမာရေး ညံ့တတ် ပါတယ်။ လုပ်ငန်းဟောင်း၊ နေရာဟောင်း တွေနဲ့ ပြန်ပြီး ပတ်သက်ရ တတ်ပါတယ်။
အလုပ် အခြေအနေ၊ နေရာ ထိုင်ခင်း ကောင်းသော ပြင်ဆင် ပြောင်းရွှေ့ခြင်း တွေလည်း ကြုံတွေ့ နေရ တတ်ပါတယ်။ ငွေရေး ကြေးရေး ကိစ္စ တွေလည်း အလွဲလွဲ အချော်ချော် ဖြစ်နေ ပါမယ်။
သေချာပေါက် ရမယ့် ငွေတွေလည်း လွဲချော် သွားတတ် ပါတယ်။ ရုံးမှာ၊ ဂါတ်မှာလည်း စကားပြော ရတတ် ပါတယ်။ ငွေ အမှူတွေ ဖြစ်လာ တတ်ပါတယ်။
အကျိုးပေးဂဏန်း…..၁/၆/၇
အထူးဟော….ငွေကိစ္စ မရှုပ်မိ ပါစေနဲ့။
ယတြာ…..အရဟံ ဂုဏ်တော်ကို နေ့စဉ် ပုတီးစိပ်ပါ။
သောကြာ
ယခု ကာလများ အတွင်း ငွေရေး၊ ကြေးရေးတွင် အထူး သတိထားရမည်။ ငွေမချေးရ.. ဆုံးတတ် သည်။ မိဘ အကြီးအကဲ ကျန်းမာရေး အညံ့များ ကြုံက မပေါ့ဆ အပ်ပါ။
ချက်ချင်း ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင် ဆေးကုသ ပေးပါ။ အထူးသဖြင့် အမေ၊ အဖွား၊ အဒေါ်၊ အစ်မ အစရှိသည့် အကြီးအကဲ အမျိုးသမီး တို့၏ ကျန်းမာရေးကို အထူး ဂရုပြု စောင့်ရှောက် ပေးပါ။
စိတ်နှစ်ခွ ဖြစ်စရာတွေ၊ ဆုံးဖြတ်ရ ခက်တာတွေလည်း ကြုံတွေ့ လာရ တတ်ပါတယ်။ အမှားမှား အယွင်းယွင်းတွေ လုပ်မိ၊ ပြောမိ တတ်ပါ၍ အထူး သတိထား သင့်ပါတယ်။
အရေးကြီးတဲ့ ကိစ္စတိုင်းကို တစ်ယောက်ယောက်နဲ့ တိုင်ပင်ပြီးမှ လုပ်ကိုင် ဆောင်ရွက် သင့်ပါတယ်။ ခြံ၊ ကား၊ အခန်း ရောင်းမှား၊ ဝယ်မှား ဖြစ်ရ တတ်သည်။
ဆွေမျိုး သားချင်းများနှင့် မိဘ အကြား စကား ပဋိပက္ခများ ပြောဆို ရတတ်သည်။ ဤကာလ အတွင်း မိမိ ၏ ဝါသနာ ပါသော ကိစ္စများ အတွက် ငွေ ဖြုန်းတီးခြင်း ပြုလိမ့်မည်။ တတ်အား သမျှ ငွေကို ချင့်ချိန် သုံးပါ။
မတတ် သာ၍ ငွေ သုံးလျှင်ပင် နှမြောတ သဖြင့် သုံးသော စိတ်ကို မွေးလိုက်ပါ။ ပညာရေး ကိစ္စ၊ သင်တန်း ကိစ္စ တွေမှာ အထစ် အငေါ့၊ အနှောက် အယှက် ကြီးကြီး မားမား ကြုံတွေ့ ရတတ် ပါသည်။
အရင်တုန်းက ဖြစ်ဖူးတဲ့ ပြဿနာ ဟောင်း၊ ရောဂါ ဟောင်းတွေ ပြန်ပေါ် လာတတ် ပါတယ်။
အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေ မှာတော့ ချစ်သူနဲ့ စကား များများ ပြောလေ သဘောထား မတိုက်ဆိုင်လေ ဖြစ်ရ တတ်ပါတယ်။
အကျိုးပေးဂဏန်း…၂/၇/ဝ
အထူးဟော…မိသားစု ကျန်းမာရေး ဂရုစိုက်ပေးပါ။
ယတြာ…..ကိတ်မုန့်နဲ့ ကော်ဖီ ဘုရားကပ်လှူ ပေးပါ။
စနေ
ဒီကာလမှာ ခက်ခဲ ကြန့်ကြာနေတဲ့ ပစ္စည်း အရောင်းအဝယ် ကိစ္စတွေ ကတော့ အဆင်ပြေ သွားပါ လိမ့်မည်။ ကုန် ရောင်းတာ၊ ကုန် ဝယ်တာ၊ ကုန် လှောင်တာတွေ အကျိုးအမြတ် များမယ့် အချိန် အခါပဲ ဖြစ်ပါတယ်။
ရပ်ဝေး နိုင်ငံ ရပ်ခြား၊ ဆွေမျိုး မိတ်ဆွေတွေက အကူအညီ ကောင်းတွေ ပေးကြ ပါလိမ့်မည်။ မိသားစုထဲက နိုင်ငံခြား ခရီး စီစဉ် နေသူတွေလည်း အောင်မြင် တတ်ပါတယ်။
အောက်လက် ငယ်သား အတွက် အကြံအစည် တစ်ခု အောင်မြင် ပါမယ်။ ပညာရေး ကိစ္စ၊ သင်တန်း ကိစ္စ တွေကတော့ မသေမချာ၊ ဇဝေဇဝါ ဖြစ်ရ တတ်ပါသည်။
အချစ်ရေး၊ အိမ်ထောင်ရေး မှာတော့ အဆင်ပြေ စိတ် ချမ်းသာရမယ်။ အိမ်ထောင် မရှိသေး သူများ မင်္ဂလာ ကိစ္စများ၊ နားဖောက်ခြင်း စီစဉ်ရ တတ်ပါတယ်။
အလုပ် အဆက်အသွယ် ကောင်း၊ အခွင့်အရေး ကောင်းတွေ ပေါ်လာတာ၊ လျှောက်ထားတဲ့ အလုပ်တွေက ခေါ်တာ၊
အကျိုးထူးသော ခရီးဝေးများ သွားလာရ တာတွေ၊ ဆုံးပြီဟု ထင်ထားတဲ့ ရွှေ၊ ငွေ၊ ပစ္စည်းတွေ ဝင်လာတာ၊ ဝင်ငွေ များ သိသိသာသာ တိုးတတ်တာ တွေလည်း ကြုံတွေ့ ရတတ် ပါသည်။
အဖိုးတန်၊ ယာဉ်တွေ၊ စက်တွေ ဝင်လာ တတ်ပါတယ်။ ကျန်းမာရေး ညံ့နေ သူတွေလည်း ပြန်ပြီး နာလန်ထ လာတတ် ပါသည်။
ရေချိုးမှားတာ၊ အပူ လောင်တာ မျိုးတွေကိုတော့ ကြုံတွေ့ နေရ တတ်ပါသည်။ အပုပ်ချိန်တွေ ညဘက် တွေမှာ ရေချိုးမယ်ဆို သတိထားပါ။
အကျိုးပေးဂဏန်း ..၁/၃/ဝ
အထူးဟော….ကံမြင့်မားနေမည်။
ယတြာ…..စတုမဓု ဘုရားကပ်လှူ ပေးပါ။
၇ရက် သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ။
ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)