မဟာလတာ တန်ဆာဝတ်ဆင်သူ ပေါ်လာပြီ
ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ် အခါကမဟာလတာ တန်ဆာကိုဆင်မြန်းရသူများမှာ
( 1 ) ပုဗ္ဗာရုံ ကျောင်းအမကြီး ဝိသာခါ
( 2 ) ဗန္ဓုလစစ်သူကြီး၏ မိဖုရားမလ္လိကာအမျိုးသမီး
( 3 ) ဗာရာဏသီ သူဌေးကြီးရဲ့ သမီးသုမနာ ဆိုပြီး စာပေမှာ တွေ့ရပါတယ်။
သီရိလင်္ကာနိုင်ငံမှာ စတုတ္ထမြောက် မဟာလတာ တန်ဆာဝတ်ဆင်ပြီး အမျိုးသမီးတစ်ဦး ဆရာတော် သံဃာတော်တို့အားဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းနေစဉ်။
မဟာလတာ တန်ဆာကို မမြင်ဖူးသူများ ကြည့်ထားကြ။
ဦးဇင်းတို့လည်း အခုမှပဲ မြင်ဖူးတယ်ဝတ်ချင်ကြပါသလား-?
အမျိုးသမီး(၃)ဦးသာ ဝတ်ဆင်နိုင်တဲ့ခေါင်းအစခြေအဆုံးမဟာလတာတန်ဆာပါ။
ပါဝင်သောပစ္စည်းများကတော့
စိန်အစစ်-( ၄ )ပြည်ပုလဲ-( ၁၁ )ပြည်မြနှင့်သန္တာ-( ၂၂ )ပြည်နီလာနှင့် ပတ္တမြား-( ၃၃ )ပြည်အခြားရတနာတွေလည်းမရေတွက်နိုင်လောက်အောင်များပြားပါတယ်။
ချုပ်တဲ့ချည်ကရွှေချည် ငွေချည်နဲ့ပါ။
တန်ဆာကြီးရဲ့ တန်ဖိုးဟာ( ၉ )ကုဋေ။လက်ခအနေနဲ့( ၁ )သိန်းပေးရပါတယ်။ပန်းတိမ်သည်ပေါင်းက( ၅ဝဝ )ရာ( ၄ )လကြာအောင် လုပ်ရပြီးတော့( ၄ )လကြာမှ အားလုံးပြီးပါတယ်။
ဆင်မြန်းလိုက်လို့ အဝေးကမြင်ရရင်ဒေါင်းအစစ် က နေသလိုပါပဲ တဲ့။
လမ်းသွားရင်လည်းရွှေခြူ ငွေဆွဲတွေရဲ့သံစုံသာယာတေးလေးတွေကလည်းသာယာငြိမ့်ညောင်းစွာထွက်ပေါ်နေပါသေးတယ်။
မဟာလတာတန်ဆာကိုဝတ်ဆင်ရမည့်သူကလည်းအဲဒီဘဝမြာဆင်ပြောင်ငါးစီးအားမာန်ကြီးတဲ့ သူ ဘဝဖြစ်ရပါမယ်။
ဒါမှလည်းဝတ်ဆင်နိုင်ပါတယ်။
ရတနာတွေကိုပဲတင်း နဲ့ တွက်မယ်ဆိုရင်ပြည်ပေါင်းဆို( ၇ဝ )ဆယ်တင်းနဲ့တွက်ရင်( ၄ )တင်းနှင့် ( ၆ )ပြည်ပါ။အခြားရတနာတွေလည်းရေတွက်လို့ မရပါဘူး။
ရွှေပိဿာချိန်ကလည်း(၁)ထောင်ဆိုတော့လေးလွန်းလို့သာမန်အမျိုးသမီးတွေဘယ်လိုနည်းနှင့်မှမဝတ်ရုံနိုင်ပါဘူး။
ဘုန်းကံကြီးမားတဲ့ အမျိုးသမီးတွေသာဝတ်ရုံနိုင်ပါတယ်။
ဘုန်းကံကြီးမားတဲ့အမျိုးသမီး(၃)ဦးကတော့…ဘုရားရှင်သက်တော်ထင်ရှားရှိစဉ် အခါကမဟာလတာတန်ဆာကိုဝတ်ဆင်ခွင့်ရခဲ့တဲ့အမျိုးသမီး( ၃ )ယောက်တို့ပဲဖြစ်ပါတယ်။
သူတို့ က တော့ (၁)ဝိသာခါ ကျောင်းအမကြီး(၂)ဗန္ဓုလစစ်သူကြီးကတော်မလ်လိကာ(၃)ဗာရာဏသီသူဌေးကြီးရဲ့ သမီးသုမနာတို့ပဲ ဖြစ်ပါတယ်
မဟာလတာ မြတ်တန်ဆာကိုးရာ သိန်းထိုက်သား။သင်္ကန်းလှူအပ် မိန်းမမြတ်ဆုံးသတ် ကျိုးတရား။
ဧဟိဘိက္ခု ရဟန်းပြုဆုံးမှု မြတ်ယောက်ျား။မျိုးသားတို့မှာ မြတ်စွဧဟိခေါ်ဘိသောခါရှစ်ဖြာ ပရိက္ခရာလွယ်ပြီးကာလျှင်လေးဖြာ အာသဝေါသန့်စင်ကြော၏။
မနောဖြူစွ မိန်းမတို့မှာမဟာလတာ မြတ်တန်ဆာကိုရောင်ဝါထိန်ညီးဝတ်ဆင်ပြီး၍မဂ်ထီး ဖိုလ်ရိပ်အောင်ဘိသိတ်ဖြင့်နိဗ္ဗူအောင်မြို့ ရွှင်စံပျို့သည်မချို့မှတ်ဖွယ် ဆောင်ပုဒ်တည်း။
ဗဟုသုတ ရစေရန် မျှဝေခြင်းပါ။မောင်ထက်(ရမ္မာမြေ) ခေတ္တ – နေပြည်တော်
Credit_to_original_writer_uploader.
ချမ်းမြေ့ကြပါစေ…
Oakar Aung
သုတရသစုံစာပေလေးများဖတ်လိုလျှင်အောက်က group လေး join ပေးခဲ့ကြပါဗျ…