မိုးေလ၀သ

နောက် ၂၄ နာရီမှ ၄၈ နာရီ အတွင်း မိုးရွာသွန်းနိုင်တဲ့ ဒေသများ

နောက် ၂၄ နာရီမှ ၄၈ နာရီ အတွင်း တနင်္သာရီတိုင်း ကရင်ပြည်နယ် အပါအဝင် မိုးရွာသွန်းနိုင်တဲ့ဒေသများအတွက် ရိတ်သိမ်း အခြောက်လှမ်းကြမည့်သူများ ကြိုတင်သိရှိနိုင်ရန်

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ မိုးလေဝသခန့်မှန်းချက်အရ နောက် ၂၄ နာရီမှ ၄၈ နာရီ အတွင်း တနင်္သာရီတိုင်း ကရင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ မိုးရွာသွန်းနိုင်တဲ့အတွက် ရိတ်သိမ်း အခြောက်လှမ်းကြမည့်သူများ ကြိုတင်ပြင်ဆင်ထားနိုင်ကြစေဖို့ ပြည်သူ့အချစ်တော် မိုးလေဝဆရာမလေး စုစုစံရဲ့ ခန့်မှန်းချက်များအတိုင်း မျှဝေပေးလိုက်ပါတယ်။

ရက်ကြိုတင်ခန့်မှန်းချက်အရ ၂၀၂၁ နိုဝင်ဘာလ ၄ ရက်န့မှ ၅ ရက်နေ့အတွင်း မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း

ကယားပြည်နယ် နေပြည်တော် ပဲခူးတိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်တို့တွင်းမိုးရွာနိုင်ပါတယ်။

နောက် ၂၄ နာရီမှ ၄၈ နာရီ အတွင်းထဲမှာ တနင်္သာရီတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်း

ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံ မိုးတွေရွာပါမယ်။ ရေထိမခံသောလုပ်ငန်းလုပ်ဆောင်နေကြသူများ အမိုးအကာအဆင်သင့်ပြင်ထားပါ။ ရင့်မှဲ့သီးနှံရိတ်သိမ်းအခြောက်လှမ်းခြင်းမပြုလုပ်သင့်ပါ။

၂၀၂၁ နိုင်ဝင်ဘာလ ၁၄ ရက် ၁၅ ရက် နေ့များတွင် ဘင်္ဂလာပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းလေဝဲတစ်ခုဖြစ်နိုင်ပါတယ်။ ပိုမိုအားကောင်းလာကာ အိန္ဒိယတောင်ပိုင်းကို ဝင်ရောက်မိုးကြီးနိုင်ပါတယ်။ မြန်မာနိုင်ငံတွင် လေဖိအားများ လေထုတည်ရှိနေမှာဖြစ်လို့ စောင့်ကြည့်မုန်တိုင်းအဆင့်မသတ်မှတ်ပါ။

Wind Chill ဆောင်းလေညှင်းအနေနဲ့ ကချင်ပြည်နယ် စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းပြည်နယ် ရှမ်းပြည်နယ် ကယားပြည်နယ်နှင့် နေပြည်တော်အနီးအထိ ဝင်ရောက်လာနေပြီဖြစ်ပါတယ်။

နောက် ၄၈ နာရီအတွင်းထဲမှာ တိုင်းဒေသကြီးအသီးသီးတို့မှာ မိုးတွေရွာသွန်းလာနိုင်တဲ့အတွက် မိုရေထိမှန်ပျက်စီးနိုင်တဲ့လုပ်ငန်းလုပ်ကိုင်နေသူအတွက် ဖျက်မိုးအန္တရာယ်ဖြစ်ပြီး သီးနှံအောင်ရေလိုနေသူများ ဆောင်းသီးနှံအတွက်ပြင်ဆင်နေကြသူများအတွက်ရွှေမိုးဖြစ်ပါတယ်” ဆိုပြီး ခန့်မှန်းလိုက်တဲ့မှန်တဲ့ ပြည်သူ့အချစ်တော် မိုးလေဝသ စုစုစံမှခန့်မှန်းပေးထားပါတယ်။

Su Su San(𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭, 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫)

——————

ေနာက္ ၂၄ နာရီမွ ၄၈ နာရီ အတြင္း တနသၤာရီတိုင္း ကရင္ျပည္နယ္ အပါအဝင္ မိုး႐ြာသြန္းႏိုင္တဲ့ေဒသမ်ားအတြက္ ရိတ္သိမ္း အေျခာက္လွမ္းၾကမည့္သူမ်ား ႀကိဳတင္သိရွိႏိုင္ရန္

၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလ ၂ ရက္ေန႔ မိုးေလဝသခန႔္မွန္းခ်က္အရ ေနာက္ ၂၄ နာရီမွ ၄၈ နာရီ အတြင္း တနသၤာရီတိုင္း ကရင္ျပည္နယ္ အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔မွာ မိုး႐ြာသြန္းႏိုင္တဲ့အတြက္ ရိတ္သိမ္း အေျခာက္လွမ္းၾကမည့္သူမ်ား ႀကိဳတင္ျပင္ဆင္ထားႏိုင္ၾကေစဖို႔ ျပည္သူ႔အခ်စ္ေတာ္ မိုးေလဝဆရာမေလး စုစုစံရဲ႕ ခန႔္မွန္းခ်က္မ်ားအတိုင္း မွ်ေဝေပးလိုက္ပါတယ္။

ရက္ႀကိဳတင္ခန္႔မွန္းခ်က္အရ ၂၀၂၁ ႏိုဝင္ဘာလ ၄ ရက္န႔မွ ၅ ရက္ေန႔အတြင္း မေကြးတိုင္း မႏၲေလးတိုင္း စစ္ကိုင္းတိုင္းေအာက္ပိုင္း ရွမ္းျပည္နယ္ေျမာက္ပိုင္း ရွမ္းျပည္နယ္အေရွ႕ပိုင္း ရွမ္းျပည္နယ္ေတာင္ပိုင္း

ကယားျပည္နယ္ ေနျပည္ေတာ္ ပဲခူးတိုင္း ဧရာဝတီတိုင္း ရန္ကုန္တိုင္း မြန္ျပည္နယ္ ကရင္ျပည္နယ္တို႔တြင္းမိုး႐ြာႏိုင္ပါတယ္။

ေနာက္ ၂၄ နာရီမွ ၄၈ နာရီ အတြင္းထဲမွာ တနသၤာရီတိုင္း ကရင္ျပည္နယ္ မြန္ျပည္နယ္ ရန္ကုန္တိုင္း ဧရာဝတီတိုင္း ပဲခူးတိုင္း ေနျပည္ေတာ္ ကယားျပည္နယ္ ရွမ္းျပည္နယ္ေတာင္ပိုင္းရွမ္းျပည္နယ္အေရွ႕ပိုင္း

ထိုင္းႏိုင္ငံေျမာက္ပိုင္းႏွင့္ လာအိုႏိုင္ငံ မိုးေတြ႐ြာပါမယ္။ ေရထိမခံေသာလုပ္ငန္းလုပ္ေဆာင္ေနၾကသူမ်ား အမိုးအကာအဆင္သင့္ျပင္ထားပါ။ ရင့္မွဲ႔သီးႏွံရိတ္သိမ္းအေျခာက္လွမ္းျခင္းမျပဳလုပ္သင့္ပါ။

၂၀၂၁ ႏိုင္ဝင္ဘာလ ၁၄ ရက္ ၁၅ ရက္ ေန႔မ်ားတြင္ ဘဂၤလာပင္လယ္ေအာ္ေတာင္ပိုင္းမွာ ေလဖိအားနည္းေလဝဲတစ္ခုျဖစ္ႏိုင္ပါတယ္။ ပိုမိုအားေကာင္းလာကာ အိႏၵိယေတာင္ပိုင္းကို ဝင္ေရာက္မိုးႀကီးႏိုင္ပါတယ္။ ျမန္မာႏိုင္ငံတြင္ ေလဖိအားမ်ား ေလထုတည္ရွိေနမွာျဖစ္လို႔ ေစာင့္ၾကည့္မုန္တိုင္းအဆင့္မသတ္မွတ္ပါ။

Wind Chill ေဆာင္းေလညႇင္းအေနနဲ႔ ကခ်င္ျပည္နယ္ စစ္ကိုင္းတိုင္းအထက္ပိုင္း ခ်င္းျပည္နယ္ ရွမ္းျပည္နယ္ ကယားျပည္နယ္ႏွင့္ ေနျပည္ေတာ္အနီးအထိ ဝင္ေရာက္လာေနၿပီျဖစ္ပါတယ္။

ေနာက္ ၄၈ နာရီအတြင္းထဲမွာ တိုင္းေဒသႀကီးအသီးသီးတို႔မွာ မိုးေတြ႐ြာသြန္းလာႏိုင္တဲ့အတြက္ မိုေရထိမွန္ပ်က္စီးႏိုင္တဲ့လုပ္ငန္းလုပ္ကိုင္ေနသူအတြက္ ဖ်က္မိုးအႏၲရာယ္ျဖစ္ၿပီး သီးႏွံေအာင္ေရလိုေနသူမ်ား ေဆာင္းသီးႏွံအတြက္ျပင္ဆင္ေနၾကသူမ်ားအတြက္ေ႐ႊမိုးျဖစ္ပါတယ္” ဆိုၿပီး ခန႔္မွန္းလိုက္တဲ့မွန္တဲ့ ျပည္သူ႔အခ်စ္ေတာ္ မိုးေလဝသ စုစုစံမွခန႔္မွန္းေပးထားပါတယ္။

Su Su San(𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭, 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫)