ၾကားသိရသမွ်

သွေးလွန်တုပ်ကွေးအသစ်တဲ့ဗျာ.. ကုလို့မရနိုင်သေးလို့ သမီးလေးတစ်ယောက်ဆုံးရှုံးလိုက်ရပါပြီ….

သမီးလေးရယ် မနက်ဖြန်ဆို သမီးလေး ခန္ဓာမရှိတော့ဘူး တီတီက ပြင်ပေးရမှာ အမြဲတမ်းတီတီပဲပြင်တာကြိုက်တဲ့သမီးလေး ခေါင်းလျှော်ပြီးရင်တောင် တီတီ Dryerမှုတ် ပုံသွင်းပေးမှ ကြိုက်တဲ့သမီးလေး
သမီးလေးကအစမ်းသပ်ခံဖြစ်သွားတာများလားသွေးလွန်တုပ်ကွေးအသစ်တဲ့ ကုလို့မရနိုင်သေးဘူးတဲ့

ဒီနှစ်ပတ်အတွင်းကို ကလေးဆေးရုံမှာတော်တော်ဖြစ်နေတာတဲ့လေ အတတ်နိုင်ဆုံးကုသပေးပါမယ်ဆိုကတည်းက စိတ်ထဲထင့်နေတာ သူ့အဖေရော အတင်းမေးတာလည်း ကလေးဘေးအသင့်ရှိစေချင်နေလို့ အခြေအနေမကောင်းလို့ အသင့်ခေါ်ထားခိုင်းနေတာဖြစ်မယ်ဆိုတာပေါ့

သူ့အဖေက သွေးလှူရှင်တွေ ကြိုပို့လုပ်ပေးနေတယ်ပြောတော့ တခြားသူကိုလုပ်ခိုင်းဖို့တောင်ပြောတာလေ နောက်ဆုံး သမီးလေးဆုံးတော့ ဆရာဝန်ကြီးက သူတို့ကုသမှုကို ကျေနပ်မှုမရှိရင် လိုအပ်ခဲ့တာရှိရင် အကြံပြုဖို့‌ပြောတယ်

ပြောရရင်တော့ တိုင်လည်းရတယ်ဆိုတဲ့သဘောမျိုးပေါ့နော် မလုပ်ပါဘူး ကိုယ်က ကိုရီးယားစီးရီး Hospital playlistကြည့်ထားတော့ ဆရာဝန်တွေရဲ့အခက်အခဲတွေနားလည်ပေးနိုင်ပါတယ် တစ်ခုပဲ သမီးလေးကိုနမူနာယူပြီး ကျန်ကလေးတွေကိုကောင်းအောင် ကုသပေးကြပါနော် တောင်းပန်ပါတယ်🙏

အားလုံးပဲ ကလေးတွေကိုဂရုစိုက်ပေးကြပါရှင်

ဘာလက္ခဏာမှမပြခဲ့ပါဘူး ၄,၅,၆ရက်က Danger zoneပါတဲ့ ၇ရက်ပြည့်ရင်စိတ်ချရပါတယ်တဲ့လေ

ကလေးစဖျားတဲ့ညမှာ အိမ်မှာပဲ Progesicတိုက်တယ် မသောက်ဘူး အကုန်အန်ထုတ်တယ် ခါတိုင်း ဗမာဆေး၊ အင်္ဂလိပ်ဆေး မကြောက်ဘဲ အကုန်သောက်တဲ့ကလေး

ဒုတိယနေ့ ဆေးခန်းတစ်ခုသွားတယ် အဖျား ၁၀၄ ဆရာမက ဗိုက်လည်းစမ်းတယ် ဆေးလည်းထိုးပေးတယ် ဆေး3ရက်စာပေးတယ် ထိုးပေးပြီးနည်းနည်းသက်သာတယ် ဆေးတော့ခါးလို့မသောက်ဘူးတဲ့ အန်တယ်

တတိယနေ့ ဆေးခန်းနောက်တစ်ခုထပ်သွားတယ်

အဖျား ၁၀၁ ဆေးပေးတယ် မသောက်ပြန်ဘူး

စတုတ္ထနေ့ ကိုယ်ပူတုန်းမို့ တစ်နေကုန် သူ့အဘိုးတစ်လှည့် ကိုယ်တစ်လှည့် ရေပတ်တင်ပေးတယ် သူ့အမေက အလုပ်သွားနေရတယ် ပြန်လာမှ ခနနားပြီး ကလေးပုံမလန်းလို့ ညနေ၆နာရီမှ အသည်းအသန် ဆေးခန်းလိုက်ရှာပြီး နောက်ဆုံးပိတ်ခါနီးဆေးခန်းတစ်ခုမှာ ပြလိုက်နိုင်တယ် ပင်လုံလမ်းမပေါ်မှာရှိတဲ့ ဆက်သွယ်ရေးမှတ်တိုင်က မြို့မဆေးခန်းပါ

ကလေးကိုတွေ့တွေ့ချင်းDrမလေးက ပုံမှန်မဟုတ်ဘူး သွေးလန့်နေပြီ အသက်စိုးရိမ်ရတယ် ဆေးရုံချက်ချင်းသွားပါတဲ့ ကိုယ်တွေက ရန်ကင်းကလေးဆေးရုံသွားဖို့ပြောတော့ အနီးဆုံးကိုသာအမြန်သွားပါဆိုလို့ ချော်တွင်းကုန်းက ပါရမီကလေးဆေးရုံကိုသွားခဲ့ရပါတယ် Drမလေးက နေဦး လမ်းမှာ တစ်ခုခုဖြစ်မှာစိုးရိမ်ရလို့ Dripချိတ်ပေးလိုက်မယ်တဲ့

Drip set ကုန်နေလို့ ကိုယ့်မှာ ပင်လုံလမ်းမတလျှောက် အရူးတစ်ယောက်လို ဆေးဆိုင်လိုက်ရှာပြီးဝယ်တာ ကားမတိုက်ရုံတမည်ပါပဲ Drမလေးက ကုသစရိတ်မယူခဲ့ပါဘူး

ကိုယ်တွေတောင် သမီးလေးအတွက်ကျေးဇူးတင်လွန်းလို့ Taxiပေါ်မှာပြောမိသေးတယ် သမီးလေးပြန်ကောင်းရင် အဲဒီ Drမလေးကိုသွားကန်တော့ရမယ်နော်လို့ သူပြောမှ ဆိုးမှန်းသိလို့လေ
ဆေးရုံရောက်တော့ Level 3တဲ့

ပဉ္စမနေ့ ရှော့4ခါဖြစ်ပြီး Level 4နဲ့ ညနေ4:15မှာဆုံးသွားခဲ့တယ်

သမီးလေးက တနင်္ဂနွေနေ့မွေးပြီး တနင်္ဂနွေနေ့မှာဆုံးသွားတာပါ

သမီးလေးအတွက် ဘုတ်ထောင်တော့ ပထမသူ့အဘိုးရေးတာ သူရေးလို့မရတော့ဘူးဆိုလို့ ကိုယ် ကိုယ်တိုင် သူ့အတွက် ဘုတ်မှာရေးလိုက်ရတယ် ရေးရင်း ဘယ်လောက်တောင်ရင်နာခဲ့ရလဲ ငိုရင်းရေး ရေးရင်းငိုပါပဲ ချစ်သမီးလေးရယ်

ဆရာစံဇာဏီဘိုက မွေးကတည်းက နာမည်မှည့်ပေးရင်း ဇာတာတွက်ပေးခဲ့တာ သမီးလေး ၇နှစ်မှာ သီလရှင်ဝတ်ခိုင်းတာကို ဝတ်မပေးခဲ့ရဘူး ငဗစ်ရှိနေလို့ ရည်ရွယ်ချက်ပျက်ခဲ့ရတယ် အမှန်ဆို မမရယ် မောင်လေးရယ်နဲ့ သမီးလေးကို နားသပေးချင်ခဲ့တာပါ

တီတီ့ရင်တွေကွဲနေပြီ သမီးရယ်

ခုချိန်ထိ သွေးလှူပေးချင်လို့ ဖုန်းဆက်နေတဲ့သူတွေရှိသေးတယ် သမီးလေးရယ် သမီးလေးကံကောင်းပါတယ် မရှိတော့တာတောင် အလှူရှင်ရသေးတယ်နော်

လှူပေးခဲ့တဲ့ အလှူရှင်တွေရော ရောက်ပြီးမှမလှူလိုက်ရဘဲ ပြန်သွားရတဲ့အလှူရှင်တွေရော လှူချင်လို့ ထပ်ဆက်သွယ်နေတဲ့ အလှူရှင်တွေရော အားလုံး အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်🙏

အားလုံးပဲ သက်ရှည် ကျန်းမာကြပါစေ🙏🙏🙏

ကလေးက နှစ်လ တစ်ခါလောက် ကိုယ်ပူ ဝမ်းချုပ်ဖြစ်တတ်လို့ပါ ခါတိုင်းလိုပဲ ဖြစ်တယ်ထင်မိတာပါ ဝမ်းမှမသွားတာ ဝမ်းသွားအောင်ပဲအရင်လုပ်နေမိတာ ဝမ်းသွားရင် အဖျားပျောက် နေပြန်ကောင်းတတ်လို့လေ အစာမဝင်တာက နေမကောင်းရင်ဖြစ်တတ်ကြတာမို့ပါ

ကိုယ်တွေလူကြီးတွေတောင်မစားချင်ကြဘူးလေ အန်တာက ဆေးခါးတယ်ပြောလို့ပါ ခုက ဘာလက္ခဏာမှကိုမပြတာပါ ကိုယ်တွေသိထားတာက သွေးလွန်တုတ်ကွေးဆို ကော်ဖီရောင်အန်မယ် ဝမ်းမည်းသွားမယ် နုံးမယ်ပဲသိထားတာလေ ခုကနုံးပေမဲ့ နေမကောင်းလို့နုံးတယ်ပဲထင်တာပါ

ဘာလက္ခဏာမှမပြလို့လည်း ရှေ့ဆေးခန်းနှစ်ခုကမသိတာဖြစ်မှာပါ ဆေးကတော့ အတင်းရုန်းကန်နေတဲ့ ကိုယ့်ကလေးကို အတင်းမတိုက်ရက်ခဲ့ဘူး ဆေးရုံမှာတောင် ဆရာမကြီးကိုယ်တိုင် ဆေးတိုက်မရလို့ လက်လျှော့ခဲ့ရတာပါရှင်