ႏိုဝင္ဘာ ၂
အေျခခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းတြင္းစစ္စာေမးပြဲမ်ားကို လာမည့္ ၂၀၂၂ခုႏွစ္ ေဖေဖာ္ဝါရီ တတိယအပတ္တြင္ စစ္ေဆးမႈမ်ား လုပ္ေဆာင္မည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာန သတင္းမ်ားအရ သိရပါတယ္။
ယမန္ေန႔ ႏိုဝင္ဘာ ၁ရက္က ၿမိဳ႕နယ္ ၄၆ ၿမိဳ႕နယ္မွအပ ကိုဗစ္ကူးစက္မႈေလ်ာ့နည္းသည့္ ၿမိဳ႕နယ္အားလုံးမွ အေျခခံပညာေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ပါတယ္။
ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ၿပီး ၁၄ပတ္ၾကာ စာသင္ၾကားၿပီးေနာက္ စာေမးပြဲစစ္ေဆးသြားမည္ျဖစ္ကာ အဆိုပါကာလအတြင္း သင္ၾကားႏိုင္မည့္ ေက်ာင္းသင္ခန္းစာမ်ား ျပင္ဆင္ေရးဆြဲထားေၾကာင္း သိရပါတယ္။
လက္ရွိတြင္ သင္ၾကားရမည့္ သင္႐ိုးၫႊန္းတမ္းမ်ားကို သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးရွိ ပညာေရးမႉး႐ုံးမ်ားကို ေပးပို႔ထားကာ အေျခခံပညာေက်ာင္းမ်ားထံ တစ္ဆင့္ ျပန္လည္ေပးပို႔မည္ျဖစ္ေၾကာင္း သိရပါတယ္။
ကိုဗစ္ကူးစက္မႈမ်ားေၾကာင့္အေျခခံပညာေက်ာင္းမ်ားကို ဇူလိုင္လတြင္ျပန္လည္ပိတ္ထားခဲ့ၿပီး လက္ရွိ အသက္ ၁၂ ႏွစ္အထက္ ေက်ာင္းသားေက်ာင္းသူမ်ားကို ကိုဗစ္ကာကြယ္ေဆးထိုးႏွံေပးကာ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ေနျခင္းျဖစ္ပါတယ္။
လက္ရွိလုံၿခဳံေရးအေျခအေနမ်ားႏွင့္ ကိုဗစ္ကူးစက္မႈမ်ားေၾကာင့္ ေက်ာင္းမ်ားျပန္ဖြင့္ခ်ိန္ ေက်ာင္းတက္ေရာက္သူနည္းပါးေနၿပီး ရန္ကုန္တိုင္းေဒသႀကီးတြင္ စာရင္းရွိ ေက်ာင္းသားေက်ာင္းသူ ၅သိန္းေက်ာ္အနက္ ရွစ္ေသာင္းေက်ာ္သာ ေက်ာင္းတက္ေရာက္မႈရွိေၾကာင္း သိရပါတယ္။
နိုဝင်ဘာ ၂
အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ်စာမေးပွဲများကို လာမည့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ တတိယအပတ်တွင် စစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန သတင်းများအရ သိရပါတယ်။
ယမန်နေ့ နိုဝင်ဘာ ၁ရက်က မြို့နယ် ၄၆ မြို့နယ်မှအပ ကိုဗစ်ကူးစက်မှုလျော့နည်းသည့် မြို့နယ်အားလုံးမှ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။
ကျောင်းများပြန်လည်ဖွင့်လှစ်ပြီး ၁၄ပတ်ကြာ စာသင်ကြားပြီးနောက် စာမေးပွဲစစ်ဆေးသွားမည်ဖြစ်ကာ အဆိုပါကာလအတွင်း သင်ကြားနိုင်မည့် ကျောင်းသင်ခန်းစာများ ပြင်ဆင်ရေးဆွဲထားကြောင်း သိရပါတယ်။
လက်ရှိတွင် သင်ကြားရမည့် သင်ရိုးညွှန်းတမ်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပညာရေးမှူးရုံးများကို ပေးပို့ထားကာ အခြေခံပညာကျောင်းများထံ တစ်ဆင့် ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း သိရပါတယ်။
ကိုဗစ်ကူးစက်မှုများကြောင့်အခြေခံပညာကျောင်းများကို ဇူလိုင်လတွင်ပြန်လည်ပိတ်ထားခဲ့ပြီး လက်ရှိ အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးကာ ကျောင်းများပြန်လည်ဖွင့်လှစ်နေခြင်းဖြစ်ပါတယ်။
လက်ရှိလုံခြုံရေးအခြေအနေများနှင့် ကိုဗစ်ကူးစက်မှုများကြောင့် ကျောင်းများပြန်ဖွင့်ချိန် ကျောင်းတက်ရောက်သူနည်းပါးနေပြီး ရန်ကုန်တိုင်းဒေသကြီးတွင် စာရင်းရှိ ကျောင်းသားကျောင်းသူ ၅သိန်းကျော်အနက် ရှစ်သောင်းကျော်သာ ကျောင်းတက်ရောက်မှုရှိကြောင်း သိရပါတယ်။