ၾကားသိရသမွ်

ရထားပေါ်တွင် ခင်မင်ပြီး ရင်းနှီးသွား၍ ဧည့်သည်အမျိုးသားကို အိမ်ခေါ်ခဲ့ရာမှ အဖြစ်ဆိုးနဲ့ ကြုံသွားရှာရတဲ့ ဆရာမလေး

ရထားပေါ်တွင် ခင်မင်ပြီး ရင်းနှီးသွား၍ ဧည့်သည်အမျိုးသားကို အိမ်ခေါ်ခဲ့ရာမှ အဖြစ်ဆိုးနဲ့ ကြုံသွားရှာရတဲ့ ဆရာမလေး

ကချင် ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ၌၂၀၁၉-ခုမတ်(၁၇)ရက်နေ့ ညနေ (၄)နာရီခန့်အချိန်တွင် မိုးညှင်းဒီဂရီကောလိပ်တွင် ကျူတာဆရာမလုပ်နေသော ရေတွင်းကုန်းနေ အဖေ ဦးထွန်းမောင်အမိ ဒေါ်ကြည်မေတို့၏သမီး မမာမာဝင်း (၂၅)နှစ်အား အသတ်ခံရကြောင်း ဒေသခံပြည်သူများ၏ပြောပြချက်အရ သိရှိရပါသည်။

ဖြစ်စဉ် မှာ—အခင်းမဖြစ်ပွားမှီ (၃/၄)ရက်အလိုက အမည်မသိအမျိုးသားတစ်ဦးနှင့်ရထားပေါ်၌တွေ့ဆုံရင်နှီးခဲ့ကြရာမှ

မိမိတို့၏ ကိုယ်ရေးကိုယ်ရာ အကြောင်းများအပြန်အလှန်ပြောပြကြပြီးနောက် အမျိုးသားမှ ဟိုပင်ဘက်သို့ လိုက်ပါသွားကြောင်း သိရှိရသော်လည် ထိုနေ့တွင် ၎င်းအမျိုးသားမှာ လိုက်ပါသွားခြင်းမရှိဘဲ ရွာအနီးကောက်ရိုးပုံတွင် ညအိပ်ခဲ့ပြီး

နံနက် (၆)နာရီအချိန်တွင် မမာမာဝင်း၏နေအိမ်သို့စုံစမ်းမေးမြန်း၍ရောက်ရှိလာခဲ့ကြောင်း ပတ်ဝန်းကျင်ရှိ မြင်သူများကဆိုပါတယ်။နောက်ရက်များတွင် အသတ်ခံရသူမမာမာဝင်းတို့မိသားစုမှာအေးဆေးနေထိုင်လေ့ရှိပြီပတ်ဝန်းကျင်အနီးနား ဝင်ထွက်သွားလာသူများနည်ပါးကြောင်း

၎င်းအမျိုးသားရောက်ရှိနေသည်ကို အနီးရှိ တစ်ဦးစ နှစ်ဦးစ ဝင်ထွက်နေသူများက တွေ့မြင်နေရတယ်လို့ ပြောပါတယ် သူ့မိဘတွေလဲ သိတယ် သူငယ်ချင်း /မိတ်ဆွေလား/ ရည်းစားလား ဆိုတာတော့ မသိကြဘူးလို့ ပြောပါတယ်။အခင်းဖြစ်သည့်မနေ့က မမာမာဝင်း၏အမေက ဘုန်းကြီးကျောင်းအတွက် နေ့လည်တွင်

ပင်းဘော ဘူတာအနီး အလှူခံထွက်သွားချိန် ၎င်းတို့နှစ်ဦး နေအိမ်၌ကျန်ရှိနေခဲ့ပြီး ဖုန်းကစားနေကြကြောင်း သမီးဖြစ်သူမှ ဒီနေ့ အမည်မသိအမျိုသားမှာ ရထားနှင့်ပြန်မည်ဟု ပြောပြသဖြင့် ရထားကလိုင်ခေါက်သံကြားရ၍ သမီးအားဖုန်းဆက်ရာ ဖုန်းမကိုင်သဖြင့် အချိန်နည်းငယ်အကြာတွင် နေအိမ်သို့ပြန်သွားခဲ့ရာ

သမီးအား လှမ်းခေါ်စဉ် နေအိမ် တံခါးများ ပိတ်ထားလျက်ရှိသောကြောင့် နောက်မှသွားကြည့်ချိန် မီဖိုလ်ဆောင်၌ သမီးဖြစ်သူ မမာမာဝင်းမှာ ဓါး ဒဏ်ရာများနှင့်သေဆုံးလျက်မြင်တွေ့ရကြောင်း သိရှိရ၍ပတ်ဝန်းကျင်အား အော်ဟစ်အကူညီတောင်းခံခဲ့ပြီး

ပင်းဘော ရဲစခန်းသို့အကြောင်းကြားခဲ့ကြောင်းသိရှိရပါသည်။အသတ်ခံရသည့်နေ့တွင် မမာမာဝင်းတို့ နှစ်ဦး လုပ်ရှားမှုကို မျက်မြင်တွေ့မြင်ရသူ တစ်ဦးမှ မမာမာဝင်းအား အသတ်ခံနေရကြောင်း ပတ်ဝန်းကျင်းသို့ လိုက်ပြောပြပေးခဲ့သော်လဲ ထိုသို့ပြောပြပေးခြင်းကို သိရှိသူများမှ

အလေးမထားခဲ့ခြင်းကြောင့် ပြစ်မှုကျူးလွန်သူ အမျိုးသား ပိန်ပါး /အသားမဲ /သွားသတက်ပါ/လူလတ်ပိုင်းအား အခင်းဖြစ်ပြီးနောက် ကားလမ်းဘေးတွင် လက်တွင်သွေးများဖြင့် ဟိုသုတ် ဒီသုတ် လမ်းလျေက်လာရာ ကားများအား တားသော်လဲ မရပ် နောက်ဆုံး ဘိုးတော်တစ်ဦး၏ဆိုင်ကယ်ကြုံဖြင့် ဟိုပင်ဘက်သို့ လိုက်သွားကြောင်း

ကွမ်းယာရောင်းနေသူများမှတွေ့မြင်လိုက်ရကြောင်းပြောပြီး အသတ်ခံရသူ၏ ဝတ်ဆင်ထားသော ရွှေထည်များလဲပါသွားကြောင်း ပတ်ဝန်းကျင် ပြည်သူများ၏ပြောပြချက်အရသိရှိရပြီး ပြစ်မှုကျူးလွန်သူနှင့်ကျူတာ ဆရာမ မမာမာဝင်းတို့ ဘယ်လို ပတ်သတ်မှုမျိုးတွေ ရှိလည်းဆိုတာကတော့

အသေချာ အတည်ပြုပြောလို့မရသေးပါဘူး အခုအသတ်ခံရသူရဲ့ ကျောင်းနေဖက်သူငယ်ချင်း ကျောင်းသားများကလည်း အမှုမှန်ပေါ်ပေါက်နိုင်ရေးနှင့်ရဲတပ်ဖွဲ့မှလည်း ပြစ်မှုကျူးလွန်သူအားဖမ်းဆီးနိုင်ရေးအတွက် နေရာအနှံ့ပိုက်စိပ်တိုက်ရှာဖွေကာ စုံစမ်းစစ်ဆေး မေးမြန်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

Aung Kyaing တနိုင်း အထူးဟစ်တိုင်သတင်းအေဂျီစီ

Crd