ၾကားသိရသမွ်

အတွေ့အကြုံကို မြန်မာကနေယူပြီး မူဝါဒအားနည်းချက်တွေပြင်ဆင်ခဲ့ဟု ဖေ့ဘွတ် ရှင်းလင်း

Meta လို့ နာမည်ပြောင်းလဲခဲ့တဲ့ Facebook ကုမ္ပဏီက သူတို့ကုမ္ပဏီနဲ့ ပတ်သက်လို့ ပေါက်ကြားခဲ့တဲ့ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေတယ်ဆိုတဲ့

အစွပ်စွဲခံရတဲ့ ကိစ္စတွေကို ပြန်လည် ပြင်ဆင် ပြီးပြီဖြစ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သင်ခန်းစာယူခဲ့တဲ့အကြောင်း ပြန်လည် ရှင်လင်းပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖြစ်ပျက်ခဲ့တာတွေကို ကျနော်တို့ အပြင်းအထန် လေ့လာပြီး သင်ခန်းစာယူခဲ့ပါတယ်။ အဲဒီ မှာ ကျနော်တို့ ဘာမှားခဲ့သလဲ၊ သီးခြား လွတ်လပ်တဲ့ အစီရင်ခံစာတွေကို

ကျနော်တို့ကိုယ်တိုင် မျက်စိဖွင့်ပြီး လေ့လာခဲ့တာပါလို့ ကယ်လီဖိုးနီးယား ပြည်နယ်ကနေ ဗွီဒီယို ကွန်ဖရန်စ်နဲ့ ကျင်းပတဲ့ Web Summit အစည်းအဝေးမှာ Meta ကုမ္ပဏီ ဒုဥက္ကဋ္ဌ Nick Clegg က ပြောဆိုသွားခဲ့ပါတယ်။

Facebook ကုမ္ပဏီ ဝန်ထမ်းဟောင်းတဦးဖြစ်တဲ့ Frances Haugen က ကုမ္ပဏီဟာ အမုန်းတရား ပြန့်ပွားအောင် သတင်းအချက်အလက် ဖြန့်ဝေတာတွေကို မသိကျိုးကျွံပြုခဲ့ပြီး Facebook သုံးစွဲသူ

လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေသလို သတင်းမှားတွေကိုဖြန့်ဝေတဲ့ လူမှုကွန်ယက် ဖြစ်နေခဲ့တယ်ဆိုပြီး အမေရိကန်လွှတ်တော်မှာ အောက် တိုဘာလ ပထမပတ်အတွင်းက ထွက်ဆိုခဲ့တာပါ။

အခု Meta ကုမ္ပဏီရဲ့ ဒု ဥက္ကဋ္ဌ Nick Clegg ကတော့ Frances Haugen ပြောဆိုခဲ့တဲ့အကြောင်းရာတွေဟာ အများမြင်တွေ့နိုင်တဲ့ အွန်လိုင်းပေါ်က အပြန်အလှန်ပြောဆိုချက်၊ ဆွေးနွေးချက်တွေ၊ ဟိုတစ ဒီတစ အချက်အလက်တွေကို ကိုးကားပြောဆိုခဲ့တာသာဖြစ်ပြီး အဲဒီအချက်တွေဟာ

လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်က အကြောင်းအရာတွေ ဖြစ်တဲအ့ကြောင်း မနေ့က ပြန်လည် ရှင်းလင်းပါတယ်။ အခုဆိုရင် Facebook ဟာ နိုင်ငံပေါင်း ၇၀ မှာ တင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပိုပြီး ခေတ်မှီတဲ့ နည်းလမ်းတွေနဲ့ သုံးပြီး စီစစ်နေတယ်လို့လည်း ပြောပါတယ်။

Facebook ကုမ္မဏီကို Meta လို့ အောက်တိုဘာလ ၂၈ ရက်နေ့က အမည် ပြောင်းလဲခဲ့ပြီး သာမန်လူမှုကွန်ယက်တခုထက် Metaverse လို့ခေါ်တဲ့ ပုံရိပ်တုနည်းပညာသုံး ရပ်ဝန်းတခုအဖြစ် ပြောင်းလဲမှာ ဖြစ်တဲ့အကြောင်း ကြေညာထားပါတယ်။

———-

Meta လို႔ နာမည္ေျပာင္းလဲခဲ့တဲ့ Facebook ကုမၸဏီက သူတို႔ကုမၸဏီနဲ႔ ပတ္သက္လို႔ ေပါက္ၾကားခဲ့တဲ့ မူဝါဒပိုင္းဆိုင္ရာ အားနည္းခ်က္ေတြ ရွိေနတယ္ဆိုတဲ့

အစြပ္စြဲခံရတဲ့ ကိစၥေတြကို ျပန္လည္ ျပင္ဆင္ ၿပီးၿပီျဖစ္တဲ့အေၾကာင္းနဲ႔ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ သင္ခန္းစာယူခဲ့တဲ့အေၾကာင္း ျပန္လည္ ရွင္လင္းပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ျဖစ္ပ်က္ခဲ့တာေတြကို က်ေနာ္တို႔ အျပင္းအထန္ ေလ့လာၿပီး သင္ခန္းစာယူခဲ့ပါတယ္။ အဲဒီ မွာ က်ေနာ္တို႔ ဘာမွားခဲ့သလဲ၊ သီးျခား လြတ္လပ္တဲ့ အစီရင္ခံစာေတြကို

က်ေနာ္တို႔ကိုယ္တိုင္ မ်က္စိဖြင့္ၿပီး ေလ့လာခဲ့တာပါလို႔ ကယ္လီဖိုးနီးယား ျပည္နယ္ကေန ဗြီဒီယို ကြန္ဖရန္စ္နဲ႔ က်င္းပတဲ့ Web Summit အစည္းအေဝးမွာ Meta ကုမၸဏီ ဒုဥကၠ႒ Nick Clegg က ေျပာဆိုသြားခဲ့ပါတယ္။

Facebook ကုမၸဏီ ဝန္ထမ္းေဟာင္းတဦးျဖစ္တဲ့ Frances Haugen က ကုမၸဏီဟာ အမုန္းတရား ျပန႔္ပြားေအာင္ သတင္းအခ်က္အလက္ ျဖန႔္ေဝတာေတြကို မသိက်ိဳးကြၽံျပဳခဲ့ၿပီး Facebook သုံးစြဲသူ

လူငယ္ေတြရဲ႕ စိတ္က်န္းမာေရးကို ထိခိုက္ေစသလို သတင္းမွားေတြကိုျဖန႔္ေဝတဲ့ လူမႈကြန္ယက္ ျဖစ္ေနခဲ့တယ္ဆိုၿပီး အေမရိကန္လႊတ္ေတာ္မွာ ေအာက္ တိုဘာလ ပထမပတ္အတြင္းက ထြက္ဆိုခဲ့တာပါ။

အခု Meta ကုမၸဏီရဲ႕ ဒု ဥကၠ႒ Nick Clegg ကေတာ့ Frances Haugen ေျပာဆိုခဲ့တဲ့အေၾကာင္းရာေတြဟာ အမ်ားျမင္ေတြ႕ႏိုင္တဲ့ အြန္လိုင္းေပၚက အျပန္အလွန္ေျပာဆိုခ်က္၊ ေဆြးေႏြးခ်က္ေတြ၊ ဟိုတစ ဒီတစ အခ်က္အလက္ေတြကို ကိုးကားေျပာဆိုခဲ့တာသာျဖစ္ၿပီး အဲဒီအခ်က္ေတြဟာ

လြန္ခဲ့တဲ့ ၂ ႏွစ္ ၃ ႏွစ္က အေၾကာင္းအရာေတြ ျဖစ္တဲအ့ေၾကာင္း မေန႔က ျပန္လည္ ရွင္းလင္းပါတယ္။ အခုဆိုရင္ Facebook ဟာ ႏိုင္ငံေပါင္း ၇၀ မွာ တင္တဲ့ အေၾကာင္းအရာေတြနဲ႔ ပတ္သက္လို႔ ပိုၿပီး ေခတ္မွီတဲ့ နည္းလမ္းေတြနဲ႔ သုံးၿပီး စီစစ္ေနတယ္လို႔လည္း ေျပာပါတယ္။

Facebook ကုမၼဏီကို Meta လို႔ ေအာက္တိုဘာလ ၂၈ ရက္ေန႔က အမည္ ေျပာင္းလဲခဲ့ၿပီး သာမန္လူမႈကြန္ယက္တခုထက္ Metaverse လို႔ေခၚတဲ့ ပုံရိပ္တုနည္းပညာသုံး ရပ္ဝန္းတခုအျဖစ္ ေျပာင္းလဲမွာ ျဖစ္တဲ့အေၾကာင္း ေၾကညာထားပါတယ္။

crd – ဗွီအိုအေ