ၾကားသိရသမွ်

ဖုန္းနံပါတ္ အျပဲေလးကိုင္ၿပီး အေမဆီ ဖုန္းဆက္ခ်င္လို႔ပါဆိုတဲ့ ကိုရင္ေလး . . .

ဖုန္းနံပါတ္အျပဲေလးကိုင္ၿပီး အေမဆီ ဖုန္းဆက္ခ်င္လို႔ပါဆိုတဲ့ ကိုရင္ေလး

” ဦးဇင္း ဖုန္းဆက္လို႔ရလား ” ” ေဟ ရတာေပါ့ဘုရား ကိုရင္က ဘယ္သူဆီမ်ားဆက္မလို႔လဲ” ေအမ့ဆီကိုပါ ” ” ဖုန္းနံပါတ္ေကာ ပါရဲ့လား ”

” ပါပါတယ္ဘုရား ”လက္ထဲၾကည့္လိုက္ေတာ့ ႏွစ္ပိုင္းျပတ္ေနတဲ့ကတၳဴစာရြက္ေလး။” ဟာ ကိုရင္ ဘယ္လိုမ်ား ႏွစ္ပိုင္းျပတ္ေနရတာတုန္း”

ေပ်ာက္မွာစိုးလို႔ သင္းပိုင္ထဲလိတ္ထားတာျပဲသြားတာဘုရား ”ေၾသာ္ ကိုရင္ရယ္ အေမ့ကို ဆက္သြယ္ရမယ့္ ဖုန္းနံပါတ္ေလးကို ေပ်ာက္မွာစိုးသတဲ့။

” ဒါဆို ကိုရင္က တစ္လုံးခ်င္းေျပာ ဦးဇင္းကနိုပ္ၿပီး ဆက္ေပးမယ္ ”

” မွန္ပါ့ 09………”.သူေျပာသလို နိုပ္ၿပီး ေခၚလိုက္တာ ဖုန္းစင္တာကတပ္စင္ထားျခင္း မရွိေၾကာင္း တုန႔္ျပန္ေျပာပါတယ္…”

ဟ ကိုရင္ တပ္ဆင္မထားဘူးတဲ့ ေနာက္တစ္လုံးရွိေသးလား ”

” ရွိေသးတယ္ဘုရား 09……”သူေျပာသလို နိုပ္သည္ အရင္အတိုင္းပင္ မရတပ္ဆင္ထားျခင္း မရွိျပန္ပါတဲ့။ကိုရင္ မရဘူးတဲ့ ”ကိုရင္ ငိုမဲ့မဲ့ ျဖစ္သြားပါတယ္၊

” မွန္း ေသခ်ာၾကည့္ရေအာင္ ဖုန္းနံပါတ္မ်ားမွားေနသလားလို႔ ”ႏွစ္ပိုင္းျပတ္ေနတဲ့ စာရြက္ေလးကို ေသခ်ာဆက္ၿပီးၾကည့္မွ ကိုယ့္နဖူးကိုယ္ ရိုက္မိပါတယ္။

”ေၾသာ္.. ကိုရင္ရယ္ အဂၤလိပ္ဂဏန္း 2 ကို ျမန္မာဂဏန္း ၇ မွတ္ၿပီး 2 ေနရာကို ၇ လို႔ေျပာတာကို လြဲၿပီေပါ့ဘုရား ”” ဟာ ဟုတ္လားဘုရား ၇ မွတ္ေနတာ ”” ထားလိုက္ပါ

တပည့္ေတာ္ပဲ မွားတာကိုရင္ကို ယုံမိတာကို ဟဲ ဟဲ၊ခုတစ္ခါ အေမ့ဆီ ဖုန္းဆက္လို႔ရမွာပါ ”ကိုရင္ေပ်ာ္သြားပါတယ္၊

မိမိလည္း ဂဏန္းအမွန္တိုင္းဆက္လိုက္ပါတယ္။ ဖုန္းဝင္သြားပါၿပီ၊

” ဟလို ဘယ္သူလဲ…”တစ္ဖက္က အမ်ိဳးသမီး အသံပင္။” ကိုရင့္အေမ ထင္တယ္ ”ကိုရင္ဆီ ဖုန္းကမ္းၿပီး ေျပာေစလိုက္ပါတယ္။

ကိုရင္လည္း ဝမ္းသာလုံးစို႔သြားလားပဲ၊အသံက်ယ္က်ယ္နဲ႔ အားရပါးရ ေျပာလိုက္တာက။ေအမ…သတိရလိုကၱာ ..” တဲ့။

သားအမိႏွစ္ဦး စကားေျပာဆိုေနတာ နားေထာင္ရင္းသူတို႔ဘဝေလးေတြကို က႐ုဏာသက္မိ၏၊

မိဘရင္ခြင္ထဲ ရွိေနရဦးမယ္ အရြယ္ေလးေတြကအခုေတာ့ မိသားစုနဲ႔ေဝးရာမွာ အေဖနဲ႔ ေဝးရာမွာအေမနဲ႔ ေဝးရာမွာ။အားလုံး အားလုံးရဲ့ ေဝးရာမွာ။

သာသနာအတြက္ ဒီသာသနာအတြက္ ဆိုတာနဲ႔ဘဝမွာ မ်က္ရည္ေတြ ဘယ္ေလာက္ ပင္လယ္ေဝခဲ့ၿပီလဲ။

မိသားစုေတြ ဘယ္ႏွစ္စုမ်ား မ်က္ရည္ေၾကာ ေမၽွာခဲ့ၾကၿပီလဲ။

မိမိမေျပာတတ္ အမ်ားႀကီးေတာ့အမ်ားႀကီး ေမၽွာျဖစ္ေနဦးမွာပါ

ဘယ္ထိလဲ သာသနာကိုခ်စ္သူေတြ မကုန္သ၍ထိလို႔ ေျဖရမွာပင္။

Credit Thant Zin

Unicode

ဖုန်းနံပါတ်အပြဲလေးကိုင်ပြီး အမေဆီ ဖုန်းဆက်ချင်လို့ပါဆိုတဲ့ ကိုရင်လေး

” ဦးဇင်း ဖုန်းဆက်လို့ရလား ”” ဟေ ရတာပေါ့ဘုရား ကိုရင်က ဘယ်သူဆီများဆက်မလို့လဲ

” အေမ့ဆီကိုပါ ”” ဖုန်းနံပါတ်ကော ပါရဲ့လား ”” ပါပါတယ်ဘုရား ”လက်ထဲကြည့်လိုက်တော့ နှစ်ပိုင်းပြတ်နေတဲ့ကတ္ထူစာရွက်လေး။

” ဟာ ကိုရင် ဘယ်လိုများ နှစ်ပိုင်းပြတ်နေရတာတုန်း”ပျောက်မှာစိုးလို့ သင်းပိုင်ထဲလိတ်ထားတာပြဲသွားတာဘုရား ”သြော် ကိုရင်ရယ် အမေ့ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လေးကို ပျောက်မှာစိုးသတဲ့။

” ဒါဆို ကိုရင်က တစ်လုံးချင်းပြော ဦးဇင်းကနိုပ်ပြီး ဆက်ပေးမယ် ”” မှန်ပါ့ 09………”.သူပြောသလို နိုပ်ပြီး ခေါ်လိုက်တာ ဖုန်းစင်တာကတပ်စင်ထားခြင်း မရှိကြောင်း တုန့်ပြန်ပြောပါတယ်…”

ဟ ကိုရင် တပ်ဆင်မထားဘူးတဲ့ နောက်တစ်လုံးရှိသေးလား ” ” ရှိသေးတယ်ဘုရား 09……”သူပြောသလို နိုပ်သည် အရင်အတိုင်းပင် မရတပ်ဆင်ထားခြင်း မရှိပြန်ပါတဲ့။

ကိုရင် မရဘူးတဲ့ ”ကိုရင် ငိုမဲ့မဲ့ ဖြစ်သွားပါတယ်၊” မှန်း သေချာကြည့်ရအောင် ဖုန်းနံပါတ်များမှားနေသလားလို့ ”နှစ်ပိုင်းပြတ်နေတဲ့ စာရွက်လေးကို သေချာဆက်ပြီးကြည့်မှ ကိုယ့်နဖူးကိုယ် ရိုက်မိပါတယ်။

”သြော်.. ကိုရင်ရယ် အင်္ဂလိပ်ဂဏန်း 2 ကို မြန်မာဂဏန်း ၇ မှတ်ပြီး 2 နေရာကို ၇ လို့ပြောတာကို လွဲပြီပေါ့ဘုရား ”” ဟာ ဟုတ်လားဘုရား ၇ မှတ်နေတာ ”” ထားလိုက်ပါ

တပည့်တော်ပဲ မှားတာကိုရင်ကို ယုံမိတာကို ဟဲ ဟဲ၊ခုတစ်ခါ အမေ့ဆီ ဖုန်းဆက်လို့ရမှာပါ ”ကိုရင်ပျော်သွားပါတယ်၊

မိမိလည်း ဂဏန်းအမှန်တိုင်းဆက်လိုက်ပါတယ်။ ဖုန်းဝင်သွားပါပြီ၊

” ဟလို ဘယ်သူလဲ…”တစ်ဖက်က အမျိုးသမီး အသံပင်။” ကိုရင့်အမေ ထင်တယ် ”ကိုရင်ဆီ ဖုန်းကမ်းပြီး ပြောစေလိုက်ပါတယ်။

ကိုရင်လည်း ဝမ်းသာလုံးစို့သွားလားပဲ၊အသံကျယ်ကျယ်နဲ့ အားရပါးရ ပြောလိုက်တာက။အေမ…သတိရလိုက္တာ ..” တဲ့။

သားအမိနှစ်ဦး စကားပြောဆိုနေတာ နားထောင်ရင်းသူတို့ဘဝလေးတွေကို ကရုဏာသက်မိ၏၊

မိဘရင်ခွင်ထဲ ရှိနေရဦးမယ် အရွယ်လေးတွေကအခုတော့ မိသားစုနဲ့ဝေးရာမှာ အဖေနဲ့ ဝေးရာမှာအမေနဲ့ ဝေးရာမှာ။အားလုံး အားလုံးရဲ့ ဝေးရာမှာ။

သာသနာအတွက် ဒီသာသနာအတွက် ဆိုတာနဲ့ဘဝမှာ မျက်ရည်တွေ ဘယ်လောက် ပင်လယ်ဝေခဲ့ပြီလဲ။

မိသားစုတွေ ဘယ်နှစ်စုများ မျက်ရည်ကြော မျှောခဲ့ကြပြီလဲ။

မိမိမပြောတတ် အများကြီးတော့အများကြီး မျှောဖြစ်နေဦးမှာပါ

ဘယ်ထိလဲ သာသနာကိုချစ်သူတွေ မကုန်သ၍ထိလို့ ဖြေရမှာပင်။

Credit Thant Zin