(၁)ထမင်းပူကို မစားနဲ့။(၂)ကြွေသီးကိုသာ စားပါ။(၃)ရောက်ရာဒေသ ခြေရာချခဲ့ပါ စကား(၃)ခွန်းရဲ့ အဓိပ္ပါယ်
– (၁) သမီး ဘဝတစ်လျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။ထမင်းအေးကိုပဲ စားပါ သမီး။ထမင်းပူဆိုတာ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျမှ စားရတဲ့ထမင်းကို ခေါ်တာပါ။သမီးဘယ်တော့မှ မစားမိပါစေနဲ့။အခုအချိန်စားကောင်းချင်ကောင်းမယ်၊ သံသရာမှာ အလွန်ပူလောင်တတ်တယ်သမီးရေ။
ထမင်းအေးဆိုတာကတော့ သမီးကို ချစ်လို့ ခင်လို့ တန်ဖိုးထားလို့ ကြည်ညိုလို့ ကျွေးလာတဲ့ ထမင်းပဲ သမီး။ ငပိရည်နဲ့ပဲ စားရ စားရ သံသရာမှာ အေးမြပါတယ် သမီးရယ်။ စားတတ်အောင် ကြိုးစားပါနော်။
(၂) အသီးကို စားမယ်ဆိုရင် ကြွေသီးကိုပဲ စားပါ သမီး။ ဘယ်တော့မှ ခူးမစားပါနဲ့။ကြွေသီးစားပါ ဆိုတာ သမီးကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ ကျွေးလာတဲ့အသီးကို စားပါလို့ဆိုလိုတာပါ။
ဒါပေမယ့် ကြွေသီးတိုင်းလည်း မစားရဘူး သမီး။ ကြွေသီးပေမယ့် မစင်ပုံပေါ်ကျရင် သမီး မစားတော့ဘူး မဟုတ်လား။ ဒီလိုပဲ ကြွေသီးတော့ ကြွေသီး။
သမီးကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ လာပေးတယ်။ ဒါပေမယ့် နောက်ကွယ်မှာ မျှော်လင့်ချက်တွေ ရလိုမှှုတွေ ပါနေရင် မစားရဘူးသမီး။ မစားကောင်းပါဘူး။
ခူးမစားပါနဲ့ဆိုတာ သမီးက ကူညီစရာရှိရင် ကူညီ၊ လုပ်စရာရှိရင် လုပ်ပေးလိုက်ပါ။ အဲဒါကို ကူညီခ၊ လုပ်ပေးခ တောင်းနေရင် ခူးစားတာပဲ သမီး။ သမီး သူတစ်ပါးကို ကူညီပါ။
သူတို့ဆီက ကျေးဇူးတင်စကားတစ်ခွန်းတောင် မမျှော်လင့်ပါနဲ့။ မျှော်လင့်ပြီး ကူညီတာ ခူးစားတာပဲ သမီးရဲ့။ သမီး ဘယ်တော့မှ ခူးမစားပါလေနဲ့။
(၃)တတိယစကားကတော့ – ချိုးငှက်လေးတွေ ခါငှက်လေးတွေဟာ မြေမှာနားပြီး ပြန်သွားရင် ခြေရာထားခဲ့တယ် သမီး။ ဒီလိုပါပဲ၊ သမီးလည်း ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် သမီး ပြန်ရင် သမီး ခြေရာကျန်ခဲ့ပါစေ သမီးရယ်။
ဒီလိုပါပဲ လူ့လောကကြီးကို တို့တတွေလာခဲ့ကြ၊ တို့ပြန်ရင် တို့ခြေရာတွေ ကျန်မှ ဖြစ်မယ် သမီး။ဒေါက်တာသန်းမင်းထွဋ်ရဲ့ သမီးကိုလက်ဆင့်ကမ်းမွေးနေ့လက်ဆောင်ပေးခဲ့တဲ့ စကား (၃) ခွန်းကိုပြန်လည်ဝေမျှပါသည်။အားလုံး ချမ်းမြေ့ကြပါစေ..။
မူရင်း – Credit