ၾကားသိရသမွ်

မေတာ္တဆမႈေၾကာင့္ ေျခေထာက္တစ္ဖက္ဆုံးရႈံးသြားခဲ့ရကာ ကေလးေတြကို သူမလိုအျဖစ္မ်ိဳးမႀကဳံေတြ႕ေစလို၍ ကိုယ္တိုင္ကိုက္ခ်ီၿပီး လမ္းကူးေပးခဲ့ေသာ မိခင္ရဲ႕ ေမတၱာတရား

ထိုင္းႏိုင္ငံမွ လမ္းမေပၚတြင္ ေနထိုင္ရင္း က်င္လည္က်က္စားေနရေသာ အိမ္ေျခရာမဲ့ ေခြးေလးတစ္ေကာင္သည္ လမ္းျဖတ္ကူးစဥ္ ယာဥ္မေတာ္တဆျဖစ္ခဲ့၍ ေျခေထာက္တစ္ဖက္အား ဆုံးရႈံးခဲ့ရကာ မသန္စြမ္းဘဝကို ေရာက္ရွိခဲ့သည္။

သို႔ေသာ္လည္း ေခြးေလးသည္ အ႐ြယ္ေရာက္ၿပီး သားေကာင္ေလးမ်ား ေပါက္ဖြားစဥ္ ျဖတ္သြားျဖတ္လာသူေတြဆီကေန အစားအစာမ်ား ေတာင္းရမ္းကာ တစ္ေကာင္တည္းကုန္ေအာင္မစားပစ္ပဲ ကေလးငယ္ေလးေတြကို ေကြၽးဖို႔ကိုက္ခ်ီသြားေလ့ရွိသည္။

မိခင္ေခြးမႀကီးသည္ ကေလးေတြကို အ႐ြယ္ေရာက္သည္ထိ အၿမဲလိုလို ဂ႐ုတစိုက္ႏွင့္ အရိပ္တၾကည့္ၾကည့္ရွိေပးကာ လမ္းျဖတ္ကူးသည့္အခါတိုင္းတြင္ သူမလို ဒုကၡိတအျဖစ္မ်ိဳး မေရာက္ေစလို၍ သူတို႔ေလးေတြကို စိတ္မခ်ပဲရွိကာ ကိုယ္တိုင္ပဲ ပါးစပ္နဲ႔ကိုက္ခ်ီကာ လမ္းတစ္ဖက္သို႔ ပို႔ေဆာင္ေပးခဲ့သည္။

ထိုအျဖစ္ကို ျမင္ေတြ႕ေသာသူတစ္ဦးမွ တိရစာၦန္ျဖစ္ပါေသာ္လည္း သားသမီးေတြအေပၚ ႀကီးမားေသာ ေမတၱာတရားရွိပုံေၾကာင့္ ေလးစားေသာအားျဖင့္ ေမြးစားရန္ ဆုံးျဖတ္ခဲ့သည္။

video

Rain (For Ialinks)

Unicode

မတော်တဆမှုကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးသွားခဲ့ရကာ ကလေးတွေကို သူမလိုအဖြစ်မျိုးမကြုံတွေ့စေလို၍ ကိုယ်တိုင်ကိုက်ချီပြီး လမ်းကူးပေးခဲ့သော မိခင်ရဲ့ မေတ္တာတရား

ထိုင်းနိုင်ငံမှ လမ်းမပေါ်တွင် နေထိုင်ရင်း ကျင်လည်ကျက်စားနေရသော အိမ်ခြေရာမဲ့ ခွေးလေးတစ်ကောင်သည် လမ်းဖြတ်ကူးစဥ် ယာဥ်မတော်တဆဖြစ်ခဲ့၍ ခြေထောက်တစ်ဖက်အား ဆုံးရှုံးခဲ့ရကာ မသန်စွမ်းဘဝကို ရောက်ရှိခဲ့သည်။

သို့သော်လည်း ခွေးလေးသည် အရွယ်ရောက်ပြီး သားကောင်လေးများ ပေါက်ဖွားစဥ် ဖြတ်သွားဖြတ်လာသူတွေဆီကနေ အစားအစာများ တောင်းရမ်းကာ တစ်ကောင်တည်းကုန်အောင်မစားပစ်ပဲ ကလေးငယ်လေးတွေကို ကျွေးဖို့ကိုက်ချီသွားလေ့ရှိသည်။

မိခင်ခွေးမကြီးသည် ကလေးတွေကို အရွယ်ရောက်သည်ထိ အမြဲလိုလို ဂရုတစိုက်နှင့် အရိပ်တကြည့်ကြည့်ရှိပေးကာ လမ်းဖြတ်ကူးသည့်အခါတိုင်းတွင် သူမလို ဒုက္ခိတအဖြစ်မျိုး မရောက်စေလို၍ သူတို့လေးတွေကို စိတ်မချပဲရှိကာ ကိုယ်တိုင်ပဲ ပါးစပ်နဲ့ကိုက်ချီကာ လမ်းတစ်ဖက်သို့ ပို့ဆောင်ပေးခဲ့သည်။

ထိုအဖြစ်ကို မြင်တွေ့သောသူတစ်ဦးမှ တိရစ္ဆာန်ဖြစ်ပါသော်လည်း သားသမီးတွေအပေါ် ကြီးမားသော မေတ္တာတရားရှိပုံကြောင့် လေးစားသောအားဖြင့် မွေးစားရန် ဆုံးဖြတ်ခဲ့သည်။

Rain (For Ialinks)