ရေတာရှည်မြို့လည်ရှိ CB ဘဏ်ကို ဓားပြတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များက မြို့တွင်း၌ လုံခြုံရေး တင်းကြပ်ထားပြီး စစ်ဆေးမှု
များ ပြုလုပ်နေကြောင်း သိရသည်။
ရေတာရှည်မြို့ရှိ CB ဘဏ်ကို နိုဝင်ဘာလ ၅ရက် နေ့လည် ၂နာရီခန့်က လူ ၅ဦးက ဝင်ရောက် ဓားပြတိုက်ခဲ့ခြင်း ဖြစ်ပြီး ကျပ်သိန်း ၅၃၀
ခန့် ပါသွားသည်ဟု သတင်းထွက်ပေါ်နေကြောင်း ရေတာရှည်မြို့ခံ တစ်ဦးက ပြောသည်။
“လုံခြုံရေးတွေတင်းကြပ်ထားတယ်။ စစ်တာဆေးတာတွေ ပိုလုပ်နေတယ်။ ရပ်ကွက်ထဲတွေလည်း လိုက်စစ်နေတယ်” ဟု ၎င်းက
ပြောသည်။
ရေတာရှည်မြို့နယ်တွင် ဘဏ်ဓားပြတိုက်ခံရသည့် ဖြစ်စဉ်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း မြို့ခံများက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဓားပြမှုများ ဖြစ်ပြီးတိုင်း စစ်ကောင်စီက မဆိုင်
သူများကို အကြောင်းပြဖမ်းဆီးခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်သည့်အတွက် ဖမ်းဆီးခံရသည့်လူငယ်များကို ဓားပြမှုအဖြစ် လိမ်လည်ထုတ်
ပြန်ခြင်းများ ပြုလုပ်ထားသည်။
Zawgyi
ရေတာရှည်မြို့လည်ရှိ CB ဘဏ်ကို ဓားပြတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များက မြို့တွင်း၌ လုံခြုံရေး တင်းကြပ်ထားပြီး စ
စ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ရေတာရှည်မြို့ရှိ CB ဘဏ်ကို နိုဝင်ဘာလ ၅ရက် နေ့လည် ၂နာရီခန့်က လူ ၅ဦးက ဝင်ရောက် ဓားပြတိုက်ခဲ့ခြင်း ဖြစ်ပြီး ကျပ်သိန်း
၅၃၀ ခန့် ပါသွားသည်ဟု သတင်းထွက်ပေါ်နေကြောင်း ရေတာရှည်မြို့ခံ တစ်ဦးက ပြောသည်။
“လုံခြုံရေးတွေတင်းကြပ်ထားတယ်။ စစ်တာဆေးတာတွေ ပိုလုပ်နေတယ်။ ရပ်ကွက်ထဲတွေလည်း လိုက်စစ်နေတယ်” ဟု ၎င်းကပြောသည်။
ရေတာရှည်မြို့နယ်တွင် ဘဏ်ဓားပြတိုက်ခံရသည့် ဖြစ်စဉ်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း မြို့ခံများက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဓားပြမှုများ ဖြစ်ပြီးတိုင်း စစ်ကောင်စီက မ
ဆိုင်သူများကို အကြောင်းပြဖမ်းဆီးခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်သည့်အတွက် ဖမ်းဆီးခံရသည့်လူငယ်များကို ဓားပြမှုအဖြစ် လိမ်လည်ထုတ်ပြ
န်ခြင်းများ ပြုလုပ်ထားသည်။