တခြားလူတွေဆီက အကူအညီမတောင်းချင်ရတဲ့ သင့်ရဲ့အကြောင်းအရင်းက ဘာဖြစ်မလဲ
နံပါတ်၁
နံပါတ်၁ကိုရွေးချယ်ခဲ့တယ်ဆိုရင်တော့သင်ဟာဆုံးဖြတ်ချက်ချပြီးရင်မကြောက်မရွံ့ရဲရဲဝံ့ဝံ့လုပ်ဆောင်တတ်ပြီးကိုယ့်အားကိုယ်ကိုးတတ်တဲ့လူတစ်ယောက်ပါ။ဒါ့
အပြင်တခြားလူဆီကအကူအညီတောင်းတတ်တဲ့လူမျိုးကိုအသုံးမကျတဲ့လူ၊ပျင်းတဲ့လူလို့သတ်မှတ်ထားတတ်ပါတယ်။လူတိုင်းကိုဒီလိုသတ်မှတ်လို့မရတဲ့အတွက်
အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီးကိုယ်တိုင်ဆောင်ရွက်လို့မရတဲ့အရာမျိုးလေးတွေလည်းရှိနိုင်တဲ့အတွက်သူတစ်ပါးကိုအကူအညီတောင်းတဲ့လူကိုပျင်းတဲ့လူ၊
အသုံးမကျတဲ့လူလို့သတ်မှတ်လို့မရပါဘူး။
နံပါတ်၂
နံပါတ်၂ကိုရွေးချယ်ခဲ့တယ်ဆိုရင်တော့သင်ဟာတခြားလူတွေကိုအကူအညီပေးနေရရင်ကိုပျော်နေတတ်တဲ့လူတစ်ယောက်ပါ။ဒါကြောင့်ပဲရပ်ကွက်ရဲ့သာရေး၊နာရေး
ကိစ္စတွေနဲ့ပရဟိတအသင်းတွေမှာသင်ဟာတတ်တတ်ကြွကြွပါဝင်လှုပ်ရှားတတ်ပါတယ်။ဒီလိုကူညီတဲ့နေရာမှာလည်းသင့်ဘက်ကအကျိုးအမြတ်တစုံတရာကိုမျှော်
ကိုးပြိးကူညီပေးတာမျိုးမဟုတ်ပဲစိတ်သန့်သန့်နဲ့ကူညီပေးတတ်ပါတယ်။တခြားလူတွေကိုကူညီဖို့အမြဲအဆင်သင့်ရှိနေတဲ့သင်ဟာတခြားလူဆီကအကူအညီတောင်းရ
မှာကိုတော့အားနာနေတတ်ပြီးသူတို့အဆင်မပြေဖြစ်သွားမှာကိုအမြဲစိုးရိမ်နေတတ်ပါတယ်။
နံပါတ်၃
နံပါတ်၃ကိုရွေးချယ်ခဲ့တယ်ဆိုရင်တော့သင်ဟာတခြားလူတွေကိုအကူအညီတောင်းလိုက်ရင်သင့်ကိုနောက်ကွယ်မှာဟားတိုက်ပြီးလှောင်နေကြမှာကိုအရမ်းစိုးရိမ်နေ
တတ်တဲ့လူတစ်ယောက်ပါ။ဒါ့အပြင်သူတို့ကသင့်ကိုစိတ်မဝင်စားတဲ့အတွက်သင့်ကိုမကူညီပေးနိုင်ဘူးလို့ထင်နေတတ်ပါတယ်။ဖြစ်နိုင်တာကသင်ဟာစိတ်ထဲမှာမ
လုံခြုံတဲ့ခံစားချက်မျိုးတွေ၊ကိုယ့်ကိုယ်ကိုမကောင်းမြင်တတ်တဲ့အတွေးတွေနဲ့ပြည့်နှက်နေတတ်လူတစ်ယောက်လို့ခန့်မှန်းလို့ရပါတယ်။
credit to lotaya
နံပါတ်၁
နံပါတ်၂
နံပါတ်၃