ၾကားသိရသမွ်

ကလေးထိန်းကျောင်းပို့ဖို့ မတတ်နိုင်လို့ သားလေးကိုကျောပိုးထားရင်း ကီလို ၅၀ လေးတဲ့အိတ်တွေကိုသယ်နေခဲ့တဲ့ ဖခင်တစ်ဦး

မိဘတွေရဲ့ လစာဟာ တော်တော်များများ ကလေးထိန်းဝန်ဆောင်မှုများထံရောက်သွားကြပြီး ကလေးတစ်ဦးကို ပြုစုပျိုးထောင်စရိတ်ကလည်း တစ်နှစ်ထက်တစ်

နှစ်တိုးလာနေတာကို ငြင်းဆိုစရာမရှိပါဘူး။ သို့ပေမဲ့ ငွေများများစားစား မတတ်နိုင်တဲ့ မိဘများအတွက်၊ ဒီအလုပ်ကြိုးစားတဲ့ ဖခင်ကဲ့သို့ ၎င်းတို့၏ကလေးကို အလုပ်

သို့ခေါ်ဆောင်သွားခြင်းမှတပါး အခြားရွေးချယ်စရာများမရှိနေပါဘူး။ မကြာသေးမီက ဖေ့စ်ဘုတ်ခ်မှာ တင်ထားတဲ့ ပို့စ်တစ်ခုဟာ ကလေးကို ကျောပေါ်ပိုးထားပြီး

ကြိုးကြိုးစားစား အလုပ်လုပ်နေတဲ့အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံအများအပြားက မကြာသေးမီကမှ ပျံ့နှံ့သွားခဲ့ပါတယ်။

မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးတဲ့ ဒီဖခင်တစ်ဦးဟာ ကီလို ၅၀ လေးတဲ့အိတ်တစ်လုံးကို သယ်ဆောင်နေရင်း သားဖြစ်သူကိုပါ သူ့နောက်ကျောတွင် တွဲလျက်

ကျောပိုးထားတာကို တွေ့မြင်နိုင်ပါတယ်။

သို့ပေမဲ့လည်း ဓာတ်ပုံတွေက အိတ်ကြီးကြီးတွေသယ်နေတဲ့ ဖခင်ဖြစ်သူရဲ့မျက်နှာကိုတော့ သေချာမတွေ့ရပါဘူး။ ကလေးတစ်ဦးကို ကြီးပြင်းလာရန်နှင့် ဆော့ကစားဖို့

လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်တစ်ခုကိုပေးဆောင်ခြင်းက မိဘတိုင်းရဲ့ဦးစားပေးဖြစ်ကြောင်း ထင်ရှားပေမဲ့လည်း အချို့သောလုပ်ငန်းခွင်ရှိမိဘများက ၎င်းတို့ရဲ့

ကလေးကို စရိတ်စကကြီးတဲ့ ကလေးထိန်းကျောင်းသို့ပို့ရန်မတတ်နိုင်ကြသူများလည်း များစွာရှိနေပါတယ်။

ထို့ကြောင့် အချိန်ပြည့်အလုပ်လုပ်ရင်း ကလေးပါထိန်းရတာက ဘယ်တော့မှမလွယ်ပေမယ့် ဒီဖခင်က အရာရာကိုဘေးဖယ်ပြီး ရုန်းထွက်နိုင်ပုံရပါတယ်။အခက်​အခဲ

ဖြစ်​​နေ​ပေမဲ့လည်း ​ဖခင်ဖြစ်သူဟာ​ သူ့သား​လေးအတွက်​ ဆက်​လက်​ကြိုးစား​ပေးနေခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှာတင်လိုက်တဲ့ ၎င်းပို့စ်ဟာ ပျံ့နှံ့လာချိန်မှာတော့ အသုံးပြုသူအချို့က သားဖြစ်သူကို အန္တရာယ်ဖြစ်နိုင်ခြေရှိတဲ့အလုပ်ပတ်ဝန်းကျင်သို့ ခေါ်ထားခဲ့တဲ့

အတွက် ဖခင်ဖြစ်သူကို ဝေဖန်ခဲ့ကြပါတယ်။

သို့ပေမဲ့လည်း အခြားအသုံးပြုသူအများအပြားက သူ့မှာ သူ့သားကို အလုပ်မှာခေါ်ထားရုံမှတပါး ရွေးချယ်စရာမရှိတာကြောင့်ဖြစ်မယ်ဟုဆိုကာ ကာကွယ်ပြောဆိုပေး

ခဲ့ကြပါတယ်။

ဖခင်ဖြစ်သူရဲ့အကြောင်းပြချက်က ဘယ်လိုပဲဖြစ်နေနေ သူဟာ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပြီး သားဖြစ်သူကိုအလုပ်မှာခေါ်ထားဖို့ သူ့မှာ အခြား

သောအကြောင်းပြချက်ရှိမယ်ဆိုတာကို ကျွန်တော်တို့အားလုံးသိရှိနားလည်ပါတယ်။

Mia (KB Chimmy One)

Reference : goodtimes