ေဗဒင္

စေနသား၊သမီးေလးတို ႔ရဲ႕ စ႐ိုက္ႏွင့္စိတ္ေန စိတ္ထားအေၾကာင္း(ကိုယ့္ ပတ္၀န္းက်င္မွာ စေနသားသမီးေတြ ရွိေနၿပီလား)

စေနသား၊သမီးေလးတို ႔ရဲ႕ စ႐ိုက္ႏွင့္စိတ္ေန စိတ္ထားအေၾကာင္း(ကိုယ့္ ပတ္၀န္းက်င္မွာ စေနသားသမီးေတြ ရွိေနၿပီလား)

စေ န သား သမီးေလးတို႔ရဲ႕ စ႐ိုက္ႏွင့္ စိတ္ေနစိတ္ထား အေၾကာင္း”(ကိုယ့္ ပတ္၀န္းက်င္မွာ စေန သားသမီးေတြ ရွိေနၿပီးဆိုလွ်င္..)စေနသားသမီးေတြက လူ႔ဘဝကိုစေရာက္ၿပီဆိုကတည္းကစိတ္ႀကီးတတ္ၾကပါတယ္။ေဒါသျဖစ္ၿပီဆိုရင္လည္းအရာဝတၳဳတခုခုနဲ႔ ကိုယ့္အသားကိုနာက်င္ေအာင္လုပ္တတ္တယ္။ေျပာခ်င္တဲ့စကားကို သြယ္ဝိုက္မေျပာတတ္ဘဲတိုက္႐ိုက္ပြင့္ပြင့္လင္းလင္းေျပာတတ္တာ စေနပါ။အစြဲအလန္းႀကီးတယ္။အမွတ္တရေတြကိုသတိရေနတတ္တယ္။

ကိုယ့္အေပၚေကာင္းတဲ့လူဆိုရင္ လြယ္လြယ္နဲ႔မေမ့တတ္ၾကဘူး။ေဒါသႀကီးရင္လည္း သူမ်ားနဲ႔မတူေအာင္ပါပဲ။စိတ္ႀကီးတယ္။ မဟုတ္မခံတတ္ဘူး။အခ်ိန္ခဏေလးနဲ႔ေဒါသအရမ္းထြက္တတ္ေပမဲ့ဟုန္းခနဲထေတာက္တဲ့မီးလိုပဲ။ေဒါသေတြကခဏပဲ။ၾကာၾကာေတာ့စိတ္ထဲမထားတတ္ဘူး။ကိုယ့္ေရွ႕မွာ သတၱဝါေတြျမင္ရင္ ခ်စ္တတ္တယ္။သနားတတ္တဲ့စိတ္ထားရွိၾကတယ္။မ်က္ႏွာတည္ၿပီး ရင္ထဲမွာေတာ့ တကယ္ခင္တတ္တဲ့စိတ္ထား စေနမွာ အျပည့္အဝရွိတယ္။

အေနေအးေပမဲ့ကိုယ့္ကိုလာခင္တဲ့လူေတြနဲ႔ဆို ေဖာ္ေ႐ြစြာေနတတ္တာ စေနပါ။သူငယ္ခ်င္းေတြရဲ႕ အခ်စ္ ခင္မင္မႈေတြကိုလည္းလိုခ်င္ၾကတယ္။မိသားစုေတြရဲ႕ ဂ႐ုစိုက္မႈကိုလည္းခံခ်င္ၾကတာလည္း စေနပါ။စိတ္ဆိုးေနရင္မ်ိဳသိပ္မထားတတ္ဘူး။ ဖြင့္ေျပာမိတတ္တယ္။ေျပာၿပီးရင္လည္း အေၾကာင္းတခုကို အျပန္ျပန္အလွန္လွန္စဥ္းစားတတ္ၿပီး စိတ္မေကာင္းျဖစ္ေနတတ္တာလည္းစေနပဲ။ခ်စ္သူနဲ႔ျဖစ္ျဖစ္ သူငယ္ခ်င္းနဲ႔ပဲျဖစ္ျဖစ္ရန္ျဖစ္ၿပီးမေခၚၾကရင္ကိုယ္ကဘယ္ေတာ့မွအရင္စမေခၚခ်င္ၾကဘူး။ မာနအိုးေတြပါ။သူ႔ဘက္ကစေခၚၿပီဆိုရင္လည္း သူ႔ထက္ ႏွစ္ဆခင္မင္ျပတတ္တာစေန။ခင္ရတဲ့သူေတြကို ကိစၥေတြတိုင္း မေျပာျပတတ္ဘူး။

အခ်ိဳ႕ေသာအရာေတြကို လွ်ိဳ႕ဝွက္ထားတတ္တယ္။ကိုယ္လုပ္တဲ့ကိစၥေတြတိုင္းကိုလက္ေၾကာတင္းေအာင္အေကာင္းဆုံး လုပ္ၾကပါတယ္။ကိုယ္လုပ္ထားတဲ့အရာေတြကိုအေကာင္းေျပာတာပဲ ခံခ်င္ၾကတာလည္းစေနပဲ။သီခ်င္းေတြ ဒ႑ရီ စိတ္ကူးယဥ္ဆန္ဆန္ေတြကိုႏွစ္သက္ၾကတယ။္တခါတေလ တေယာက္ထဲရွိရင္ သီခ်င္းေတြညည္းေနတတ္တယ္။အိမ္မက္ေတြကိုလည္း အမ်ိဳးမ်ိဳးအထအနေကာက္တတ္ၾကတယ္။အေျမာ္အျမင္ႀကီးတယ္။ တိုးတက္ခ်င္တဲ့စိတ္ေတြအင္မတန္ရွိတယ္။စိတ္သေဘာထားေကာင္းတတ္ၾကတာ စေနပါ။အခ်စ္ေရးမွာေတာ့ ကိုယ့္ခ်စ္သူရဲ႕ျမတ္ႏိုးမႈ အခ်စ္ေတြကိုခံရေပမဲ့ေခတၱယာယီေတာ့ ေဝးေနတတ္ၾကတယ္။

စေနသားသမီးဆိုတာ ေန႔ရက္ေတြအားလုံးထဲက အထူးျခားဆုံးေန႔မွာ ေမြးဖြားလာတဲ့သူေတြပါ ဒါေၾကာင့္ သူတိုရဲ႕ အက်င့္စ႐ိုက္ကလည္း အမ်ားနဲ႔မတူေအာင္ ထူးဆန္းေနတတ္ပါတယ္ ။ဒါေၾကာင့္ တစ္ခါတစ္ေလ ဟန္ေဆာင္တတ္တဲ့လူေတြအ လယ္မွာ သူက လူထူးဆန္းႀကီး ျဖစ္ေနျပန္ေရာ ေဒါသႀကီးသူျဖစ္ေနေပမဲ့ စိတ္ထားႏူးညံတယ္။ေခတ္မွီမွီေနျခင္းကို သေဘာက်တယ္ ဒါေပမဲ့ ေခတ္လြန္တာ ေတြကိုလည္းသေဘာမက်တတ္ျပန္ဘူး အစားႀကီးတယ္ အအိပ္ႀကီးတယ္။

သူတို႔စိတ္ဝင္စားတဲ့ အလုပ္ကိုေတာ့ မၿငီးမျငဴ လုပ္ေနတတ္ျပန္ ေရာ အလုပ္လုပ္တဲ့နရာမွာ ေအေရးမပါတာေတြကို မလုပ္ခ်င္ၾကတဲ့သူေတြပါ ။အခ်စ္ေရးမွာေတာ့ အားငယ္တတ္တဲ့ သူ ေတြပါခ်စ္သူရဲ႕ ဂ႐ုစိုက္ျခင္းကို ခံခ်င္ၾကတယ္ခ်စ္သူအေပၚ အေလးအနက္ထားသေလာက္ ခ်စ္သူဆီကလည္း အေလးအနက္ထားမႈကို ျပန္လိုခ်င္ၾကတယ္ ။

ငယ္ငယ္ကတည္းက လိုခ်င္တာကို ရေအာင္ယူတတ္တဲ့သူေတြျဖစ္တယ္အခ်စ္ဦးမွာ ကံေခရတတ္တယ္။အမွန္တရားကို ျမတ္ႏိုးသူပီပီ လြတ္လပ္မႈကိုလိုခ်င္ၾကတယ္ခ်ဳပ္ခ်ယ္ တာေတြကိုမႀကိဳက္ဘူး တစ္ခုခုလုပ္မယ္ဆိုရင္ ေသေသ ခ်ာခ်ာ စဥ္းစားၿပီးမွ လုပ္ေလ့ရွိတယ္ ။စေနသားသမီးတို႔ရဲ႕ အထူးျခားဆုံးအခ်က္က သူမ်ားေတြထက္ ေဒါသႀကီးတာ စိတ္ႀကီးတာပါပဲ ။

CRD-Bhone Myint

Unicode ျဖင့္ဖတ္ရန္

စနေသား၊သမီးလေးတို့ရဲ့ စရိုက်နှင့်စိတ်နေ စိတ်ထားအကြောင်း(ကိုယ့် ပတ်ဝန်းကျင်မှာ စနေသားသမီးတွေ ရှိနေပြီလား)

စေ န သား သမီးလေးတို့ရဲ့ စရိုက်နှင့် စိတ်နေစိတ်ထား အကြောင်း”(ကိုယ့် ပတ်ဝန်းကျင်မှာ စနေ သားသမီးတွေ ရှိနေပြီးဆိုလျှင်..)စနေသားသမီးတွေက လူ့ဘဝကိုစရောက်ပြီဆိုကတည်းကစိတ်ကြီးတတ်ကြပါတယ်။ဒေါသဖြစ်ပြီဆိုရင်လည်းအရာဝတ္ထုတခုခုနဲ့ ကိုယ့်အသားကိုနာကျင်အောင်လုပ်တတ်တယ်။ပြောချင်တဲ့စကားကို သွယ်ဝိုက်မပြောတတ်ဘဲတိုက်ရိုက်ပွင့်ပွင့်လင်းလင်းပြောတတ်တာ စနေပါ။အစွဲအလန်းကြီးတယ်။အမှတ်တရတွေကိုသတိရနေတတ်တယ်။

ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့မမေ့တတ်ကြဘူး။ဒေါသကြီးရင်လည်း သူများနဲ့မတူအောင်ပါပဲ။စိတ်ကြီးတယ်။ မဟုတ်မခံတတ်ဘူး။အချိန်ခဏလေးနဲ့ဒေါသအရမ်းထွက်တတ်ပေမဲ့ဟုန်းခနဲထတောက်တဲ့မီးလိုပဲ။ဒေါသတွေကခဏပဲ။ကြာကြာတော့စိတ်ထဲမထားတတ်ဘူး။ကိုယ့်ရှေ့မှာ သတ္တဝါတွေမြင်ရင် ချစ်တတ်တယ်။သနားတတ်တဲ့စိတ်ထားရှိကြတယ်။မျက်နှာတည်ပြီး ရင်ထဲမှာတော့ တကယ်ခင်တတ်တဲ့စိတ်ထား စနေမှာ အပြည့်အဝရှိတယ်။

အနေအေးပေမဲ့ကိုယ့်ကိုလာခင်တဲ့လူတွေနဲ့ဆို ဖော်ရွေစွာနေတတ်တာ စနေပါ။သူငယ်ချင်းတွေရဲ့ အချစ် ခင်မင်မှုတွေကိုလည်းလိုချင်ကြတယ်။မိသားစုတွေရဲ့ ဂရုစိုက်မှုကိုလည်းခံချင်ကြတာလည်း စနေပါ။စိတ်ဆိုးနေရင်မျိုသိပ်မထားတတ်ဘူး။ ဖွင့်ပြောမိတတ်တယ်။ပြောပြီးရင်လည်း အကြောင်းတခုကို အပြန်ပြန်အလှန်လှန်စဉ်းစားတတ်ပြီး စိတ်မကောင်းဖြစ်နေတတ်တာလည်းစနေပဲ။ချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်ရန်ဖြစ်ပြီးမခေါ်ကြရင်ကိုယ်ကဘယ်တော့မှအရင်စမခေါ်ချင်ကြဘူး။ မာနအိုးတွေပါ။သူ့ဘက်ကစခေါ်ပြီဆိုရင်လည်း သူ့ထက် နှစ်ဆခင်မင်ပြတတ်တာစနေ။ခင်ရတဲ့သူတွေကို ကိစ္စတွေတိုင်း မပြောပြတတ်ဘူး။

အချို့သောအရာတွေကို လျှို့ဝှက်ထားတတ်တယ်။ကိုယ်လုပ်တဲ့ကိစ္စတွေတိုင်းကိုလက်ကြောတင်းအောင်အကောင်းဆုံး လုပ်ကြပါတယ်။ကိုယ်လုပ်ထားတဲ့အရာတွေကိုအကောင်းပြောတာပဲ ခံချင်ကြတာလည်းစနေပဲ။သီချင်းတွေ ဒဏ္ဍရီ စိတ်ကူးယဉ်ဆန်ဆန်တွေကိုနှစ်သက်ကြတယ။်တခါတလေ တယောက်ထဲရှိရင် သီချင်းတွေညည်းနေတတ်တယ်။အိမ်မက်တွေကိုလည်း အမျိုးမျိုးအထအနကောက်တတ်ကြတယ်။အမြော်အမြင်ကြီးတယ်။ တိုးတက်ချင်တဲ့စိတ်တွေအင်မတန်ရှိတယ်။စိတ်သဘောထားကောင်းတတ်ကြတာ စနေပါ။အချစ်ရေးမှာတော့ ကိုယ့်ချစ်သူရဲ့မြတ်နိုးမှု အချစ်တွေကိုခံရပေမဲ့ခေတ္တယာယီတော့ ဝေးနေတတ်ကြတယ်။

စနေသားသမီးဆိုတာ နေ့ရက်တွေအားလုံးထဲက အထူးခြားဆုံးနေ့မှာ မွေးဖွားလာတဲ့သူတွေပါ ဒါကြောင့် သူတိုရဲ့ အကျင့်စရိုက်ကလည်း အများနဲ့မတူအောင် ထူးဆန်းနေတတ်ပါတယ် ။ဒါကြောင့် တစ်ခါတစ်လေ ဟန်ဆောင်တတ်တဲ့လူတွေအ လယ်မှာ သူက လူထူးဆန်းကြီး ဖြစ်နေပြန်ရော ဒေါသကြီးသူဖြစ်နေပေမဲ့ စိတ်ထားနူးညံတယ်။ခေတ်မှီမှီနေခြင်းကို သဘောကျတယ် ဒါပေမဲ့ ခေတ်လွန်တာ တွေကိုလည်းသဘောမကျတတ်ပြန်ဘူး အစားကြီးတယ် အအိပ်ကြီးတယ်။

သူတို့စိတ်ဝင်စားတဲ့ အလုပ်ကိုတော့ မငြီးမငြူ လုပ်နေတတ်ပြန် ရော အလုပ်လုပ်တဲ့နရာမှာ အေရေးမပါတာတွေကို မလုပ်ချင်ကြတဲ့သူတွေပါ ။အချစ်ရေးမှာတော့ အားငယ်တတ်တဲ့ သူ တွေပါချစ်သူရဲ့ ဂရုစိုက်ခြင်းကို ခံချင်ကြတယ်ချစ်သူအပေါ် အလေးအနက်ထားသလောက် ချစ်သူဆီကလည်း အလေးအနက်ထားမှုကို ပြန်လိုချင်ကြတယ် ။

ငယ်ငယ်ကတည်းက လိုချင်တာကို ရအောင်ယူတတ်တဲ့သူတွေဖြစ်တယ်အချစ်ဦးမှာ ကံခေရတတ်တယ်။အမှန်တရားကို မြတ်နိုးသူပီပီ လွတ်လပ်မှုကိုလိုချင်ကြတယ်ချုပ်ချယ် တာတွေကိုမကြိုက်ဘူး တစ်ခုခုလုပ်မယ်ဆိုရင် သေသေ ချာချာ စဉ်းစားပြီးမှ လုပ်လေ့ရှိတယ် ။စနေသားသမီးတို့ရဲ့ အထူးခြားဆုံးအချက်က သူများတွေထက် ဒေါသကြီးတာ စိတ်ကြီးတာပါပဲ ။

CRD-Bhone Myint