ပြည်၊ နိုဝင်ဘာ ၇၊ ၂၀၂၁။
ပြည်မြို့က ရဲဝန်ထမ်းတွေထဲမှာ အစောဆုံး CDM လုပ်သူတစ်ယောက်ဖြစ်တဲ့ ရဲမေမေဝေဝေလွင်ဟာ အာဏာရှင်ကို ဆန့်ကျင်ပြီး CDM လုပ်လာခဲ့တာ ၈လကျော်ကြာလာခဲီ့ဖြစ်ပါတယ်။
#မြေလတ်အသံ
အပြစ်မရှိတဲ့ ပြည်သူတွေကို မဖမ်းချင်လို့ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး CDM လုပ်ခဲ့တဲ့ ရဲမေ ဝေဝေလွင်
ပြည်၊ နိုဝင်ဘာ ၇၊ ၂၀၂၁။
ပြည်မြို့က ရဲဝန်ထမ်းတွေထဲမှာ အစောဆုံး CDM လုပ်သူတစ်ယောက်ဖြစ်တဲ့ ရဲမေမေဝေဝေလွင်ဟာ အာဏာရှင်ကို ဆန့်ကျင်ပြီး CDM လုပ်လာခဲ့တာ ၈လကျော်ကြာလာခဲ့ီဖြစ်ပါတယ်။
အာဏာသိမ်းကာလအစပိုင်းမှာ CDM ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးခိုင်းခဲ့တာက CDM လုပ်ဖို့တွန်းအားပိုဖြစ်သွားခဲ့ပြီး အပြစ်မဲ့တဲ့ ပြည်သူတွေကို ဖမ်းဆီးတာမျိုးတွေ မလုပ်ချင်လို့ ၃လပိုင်းလောက်မှာကတည်းက CDM လုပ်ခဲ့သူ ဖြစ်ပါတယ်။
ပြည်မြို့မှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်သူ ရဲဝန်ထမ်း အမျိုးသမီး ၃ဦးထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ တော်လှန်ရေးမှာပါဝင်သွားမှာ ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ CDM ပြုလုပ်သူ ရဲဝန်ထမ်း ထောင်နဲ့ချီရှိနေပြီး ပြည်မြို့နယ်မှာ ရဲဝန်ထမ်း ၈ဦးက CDM ပြုလုပ်ထားပြီး အမျိုးသား ၄ဦးကတော့ ပြည်မြို့နယ် ဇီးအုပ်ကျေးရွာ ပေါက်ကွဲမှုမှာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
#မြေလတ်အသံ