ၾကားသိရသမွ်

ပင်ပန်းပြီး ဗိုက်အရမ်းဆာပေမဲ့ အခြားသူကကျွေးတဲ့ ထမင်းကို အကုန်မစားဘဲ အိမ်ကဇနီးအတွက် တစ်ဝက်ချန်ထားပေးခဲ့တဲ့ ဦးလေး

ပင်ပန်းလွန်းပြီး လမ်းမလျှောက်နိုင်ပေမဲ့ ထမင်းတစ်ပိုင်းပေးတဲ့အခါမှာ ဇနီးသည်အတွက် သိမ်းထားလိုသောကြောင့် အကုန်မစားဝံ့ခဲ့တဲ့ အဖိုးရဲ့ အကြောင်းဟာ ကြားသိသူတိုင်း မျက်ရည်ကျမိပါတယ် ။ မကြာသေးမီက လူသွားစင်္ကြန်ပေါ်မှာ ထိုင်နေတဲ့ ပိန်ပိန်ပါးပါးနဲ့ ဦးလေးတစ်ဦးဟာ သူ့ဘေးမှာ စက်ဘီးတစ်စီးရှိပြီး လမ်းမလျှောက်နိုင်တော့သဖြင့် ထိုင်ကာ အနားယူနေပုံရပါတယ် ။ ဒါကိုမြင်တော့ အမျိုးသမီးတစ်ယောက်က သူ့ကို စောင့်နေဖို့ ပြောပြီး ဆာလောင်မှု သက်သာစေဖို့အတွက် မုန့်တစ်ထုပ် ပေးပြီးတော့ ထမင်းတစ်ဗူးဝယ်ပြီး ပိုက်ဆံနည်းနည်းနဲ့ ပေးလိုက်ပါတယ် ။

ထမင်းဗူးကို လက်ထဲမှာ ကိုင်ထားပြီး ဗိုက်ဆာသောကြောင့် တုန်တုန်ယင်ယင်ဖြင့် ကောင်းကောင်းစားသော်လည်း အကုန်မစားဘဲ တဝက်ချန်ထားခဲ့ပါတယ် ။ အဖိုးက ကျန်တစ်ဝက်ကို အိမ်ကမိန်းမအတွက် ချန်ထားပေးမှာဖြစ်ပါတယ် ။ ထို့နောက် ထမင်းသေတ္တာတစ်ဝက်ကို အိတ်ထဲသို့ အမြန်ထည့်ကာ စက်ဘီးပြန်စီးခဲ့ပါတယ် ။ ဒီဦးလေးရဲ့အကြောင်းက တစ်ခါတလေမှာ ပျော်ရွှင်မှုဆိုတာ ရိုးရိုးလေးသာဖြစ်တယ်ဆိုတာ သဘောပေါက်စေပါတယ် ။

ဒါအပြင် ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှည ကြင်နာမှု အမြဲရှိနေပြီး ကျွန်ုပ်တို့ရဲ့ ဘဝမှာ ယုံကြည်မှုပိုမိုရရှိရန် တည်ရှိဆဲဖြစ်တဲ့ ဇနီးမောင်နှံကဲ့သို့ လှပတဲ့ ချစ်ခြင်းမေတ္တာများထံမှာ အမြဲရှိနေတယ် ဆိုတာကို ကျွန်ုပ်တို့အတွက် အရာများစွာ နားလည်စေပါတယ် ။

JRose (KB Chimmy One)

Reference : bestie

Zawgyi

ပင္ပန္းလြန္းၿပီး လမ္းမေလွ်ာက္ႏိုင္ေပမဲ့ ထမင္းတစ္ပိုင္းေပးတဲ့အခါမွာ ဇနီးသည္အတြက္ သိမ္းထားလိုေသာေၾကာင့္ အကုန္မစားဝံ့ခဲ့တဲ့ အဖိုးရဲ႕ အေၾကာင္းဟာ ၾကားသိသူတိုင္း မ်က္ရည္က်မိပါတယ္ ။ မၾကာေသးမီက လူသြားစၾကၤန္ေပၚမွာ ထိုင္ေနတဲ့ ပိန္ပိန္ပါးပါးနဲ႔ ဦးေလးတစ္ဦးဟာ သူ႔ေဘးမွာ စက္ဘီးတစ္စီးရွိၿပီး လမ္းမေလွ်ာက္ႏိုင္ေတာ့သျဖင့္ ထိုင္ကာ အနားယူေနပုံရပါတယ္ ။ ဒါကိုျမင္ေတာ့ အမ်ိဳးသမီးတစ္ေယာက္က သူ႔ကို ေစာင့္ေနဖို႔ ေျပာၿပီး ဆာေလာင္မႈ သက္သာေစဖို႔အတြက္ မုန႔္တစ္ထုပ္ ေပးၿပီးေတာ့ ထမင္းတစ္ဗူးဝယ္ၿပီး ပိုက္ဆံနည္းနည္းနဲ႔ ေပးလိုက္ပါတယ္ ။

ထမင္းဗူးကို လက္ထဲမွာ ကိုင္ထားၿပီး ဗိုက္ဆာေသာေၾကာင့္ တုန္တုန္ယင္ယင္ျဖင့္ ေကာင္းေကာင္းစားေသာ္လည္း အကုန္မစားဘဲ တဝက္ခ်န္ထားခဲ့ပါတယ္ ။ အဖိုးက က်န္တစ္ဝက္ကို အိမ္ကမိန္းမအတြက္ ခ်န္ထားေပးမွာျဖစ္ပါတယ္ ။ ထို႔ေနာက္ ထမင္းေသတၱာတစ္ဝက္ကို အိတ္ထဲသို႔ အျမန္ထည့္ကာ စက္ဘီးျပန္စီးခဲ့ပါတယ္ ။ ဒီဦးေလးရဲ႕အေၾကာင္းက တစ္ခါတေလမွာ ေပ်ာ္႐ႊင္မႈဆိုတာ ႐ိုး႐ိုးေလးသာျဖစ္တယ္ဆိုတာ သေဘာေပါက္ေစပါတယ္ ။

ဒါအျပင္ ကြၽႏ္ုပ္တို႔ရဲ႕ ပတ္ဝန္းက်င္မွည ၾကင္နာမႈ အၿမဲရွိေနၿပီး ကြၽႏ္ုပ္တို႔ရဲ႕ ဘဝမွာ ယုံၾကည္မႈပိုမိုရရွိရန္ တည္ရွိဆဲျဖစ္တဲ့ ဇနီးေမာင္ႏွံကဲ့သို႔ လွပတဲ့ ခ်စ္ျခင္းေမတၱာမ်ားထံမွာ အၿမဲရွိေနတယ္ ဆိုတာကို ကြၽႏ္ုပ္တို႔အတြက္ အရာမ်ားစြာ နားလည္ေစပါတယ္ ။

JRose (KB Chimmy One)