ရာခိုင်နူန်းပိုတောင်းတဲ့ Wave money ကိုယ်စားလှယ် ၈၀၀ ကျော်ကို ကိုယ်စားလှယ်အဖြစ်မှ ရပ်ဆိုင်းလိုက်ပြီဟုထုတ်ပြန်
ငွေထုတ်ယူတဲ့အခါ သတ်မှတ်နူန်းထားထက်ပိုပြီးငွေကြေးပိုတောင်းခဲ့တဲ့ Wave Money ကိုယ်စားလှယ် ၉၀၀၀ ကျော်ကို Wave money ဘက်မှ သတိပေးထားပြီး ကိုယ်စားလှယ် ၈၀၀ ကျော်ကို ကိုယ်စားလှယ်အဖြစ်ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
Wave Money ဘက်ကနေ ကိုယ်စားလှယ်တွေဆီကို ဖုန်းဆက်သွယ်ပြီး ငွေထုတ်တဲ့အခါ ရာခိုင်နူန်းမယူဖို့ကို အကြိမ်ကြိမ် သတိပေးတာတွေရှိနေတယ်လို့လည်း သိရပါတယ်။
wave money ရဲ့ ကိုယ်စားလှယ်တဦးက”အခုထိကိုဖုန်းတွေဆက်တယ်။ရာခိုင်နှုန်းတွေ ပိုမကောက်ဖို့ပေါ့။ဒီတော့ %မယူစေချင်ရင်ပိုက်ဆံထုတ်ပေးလို့၊ပိုက်ဆံထုတ်မပေးဘဲ agentတွေ ဘယ်လိုလည်ပတ်နေရလဲလေ့လာအုံးလို့ ပြန်ပြောလိုက်တယ်။အခုကငွေလာလွှဲရင်လည်း ကိုယ်ကရာခိုင်နူန်းပြန်ပေးရတာ။လွှဲခလည်းမရဘူး။ဒီတော့ငွေထုတ်ရင် ရာခိုင်နူန်းမယူရင် ကျမတို့ဘယ်လိုလုပ်မလဲ။ “လို့ wave money ကိုယ်စားလှယ်လုပ်ကိုင်တစ်ဦးက ပြောဆိုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးwave money ကုမ္ပဏီဘက်ကတော့ကိုယ်စားလှယ်တွေကိုအကောင့်ထဲကငွေထုတ်ဖို့အတွက်သက်ဆိုင်ရာနယ်မြေတာဝန်ခံနဲ့ချိတ်ဆက်ပေးထားကြောင်း၊ငွေထုတ်လိုပါကချိတ်ဆက်ပြီးဆောင်ရွက်နိုင်ပြီး ဘဏ်ကိုသွားထုတ်စရာမလိုဘူး လို့ wave money တာဝန်ရှိသူတစ်ဦးကပြောဆိုထားပါတယ်။
Wave Money အနေနဲ့ကတော့ သတ်မှတ်စည်းကမ်းလိုက်နာမှုပျက်ကွက်တဲ့ကိုယ်စားလှယ်တွေကို သတိပေးမှတ်တမ်းတင်ခြင်း၊ ပြင်းထန်စွာသတိပေးမှတ်တမ်းတင်ခြင်း၊ ကိုယ်စားလှယ်အဖြစ်မှ ခေတ္တဆိုင်းငံ့ခြင်း၊ ကိုယ်စားလှယ်အဖြစ်ကနေရပ်စဲခြင်း စတဲ့အဆင့်လေးဆင့်နဲ့ အရေးယူဆောင်ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။
ကိုယ်စားလှယ်တွေကိုအရေးယူတာတွေမလုပ်ခင်ကိုယ်စားလှယ်တချိုက အသုံးပြုသူဖောက်သည်တွေဆီကနေ ထပ်ဆောင်း၀န်ဆောင်မှုကောက်ခံနေတဲ့ကိစ္စနဲ့ပတ်သက်ပြိး ဗဟိုဘဏ်က wave money ကိုသတိပေးအကြောင်းကြားမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
Ref:VOM
Facebook Comments Box



