

Unicode Version
မိဘအတွက် ဆန်ဝယ်ပေးချင်လို ့ ရပ်ကွက်ထဲက အမှိုက်တွေကို စက်ဘီးလေးနဲ ့သယ်ပေးနေတဲ့ ကလေးငယ်
ကျွန်တော်တို့ သူငယ်ချင်းနဲ့အအေးဆိုင်ထိုင်နေတုန်း ကလေးလေးတစ်ယောက်ရောက်လာပီး
ကိုကြီး အမှိုက်ပစ်အုံးမလားတဲ့ မပစ်တော့ဘူးလို့ပြောလိုက်တော့
သားက အိမ်အတွက် ဆန်လေးဝယ်ချင်လို့တဲ့ အဲ့တာနဲ့ ကျွန်တော်ကလည်း ညီလေးထိုင်ပါအူံးလို့ပြောပီး
ကျွန်တော်က မေးလိုက်တယ်….ညီလေး ဘာစားပြီးပြီလဲ မေးတော့ သားက အသုပ်စားလိုက်တယ်တဲ့
အဲ့တာနဲ့ ကျွန်တော်ကလည်း ထပ်စားချင်သေးလဲမေးတော့ မစားတော့ပါဘူးဆိုပီး
ကျွန်တော် ကလေးအတွက် မိုင်လိုတစ်ခွက် မှာပေးပီး သူအကြောင်းတွေကိုမေးတော့
အဖေနဲ့အမေက ချောင်းထဲက ဘူးခွံပုလင်းတွေကောက်တာတဲ့ ဒီနေ့ကမရလို့
သားက အမှိုက်လိုက်သွန်ပီး အိမ်အတွက်ဆန်ဝယ်ပေးမလို့ဆိုပီးထွက်လာတာ
သူစီးတဲ့စက်ဘီးလေးကလည်း ဘီးကပေါက်နေပီး ချိန်းကပြတ်နေတယ်
ကျွန်တော်ကလည်း စက်ဘီးဆိုင်ကိုသွားပီး ဘီးဖာပေးလိုက်ပီးချိန်းကြိုးပြန်ဆက်ပေးလိုက်တယ်။
ကျွန်တော်တို့ပြန်တော့ ကလေးအတွက် ဆန်တစ်ပြည်၊ဆီတစ်ဗူး၊ကြက်ဥ၁ဝလုံး မုန့်ဖို့းတစ်ထောင်ပေးလိုက်တယ်…
ဆိုင်ရှင်ကလည်း လျော့ပေးပါတယ် ကျွန်တော်တို့လှူမှန်းသိတော့
ပြောချင်တာက ကလေးလေးက ဒီတိုင်းပိုက်ဆံလိုက်မတောင်းပဲ ဆန်ဝယ်ချင်လို့အမှိုက်လိုက်သွန်ပေးတာပါတဲ့။
ပီးတော့ ကလေးလေးက ရိုးသားပါတယ် အဲ့ကလေးလေးကိုတွေ့ရင် တတ်နိုင်သလောက်ကူညီပေးကြပါ။
အသက်ရွယ်နဲ့မလိုက်အောင် မင်းလောကဓံက ကြမ်းလိုက်တာ။
မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာဖြင့် ခရက်ဒစ်



