ဗဟုသုတ

ကလေးတစ်ယောက်ကို EQ ထက်မြက်စေဖို့ မိဘတိုင်းလုပ်သင့်တဲ့ အချက် (၈) ချက်

၁။ အကျိုးအကြောင်းကို ရှင်းပြပါ။

ကလေးရဲ့ စိတ်ခံစားချက်ကို လျစ်လျူရှုတာ (ဒါမှမဟုတ်) အပြစ်တင်ပြောဆိုတာက ကလေးကို စိတ်ကျရောဂါ ဖြစ်စေနိုင်ပါတယ်။ ကဲ့ရဲ့ခြင်း (သို့) လျစ်လျူရှုခြင်းတာက သူတို့ရဲ့ မသိစိတ်ထဲမှာ ကြောက်ရွံ့စေပါတယ်။

ပြဿနာကို ဖြေရှင်းပြီး အရာအားလုံးကို အဆင်ပြေတယ်လို့ ဟန်ဆောင်ပြောတာထက် သူတို့ကိုယ်တိုင် ဖြေရှင်းတာက ပိုကောင်းပါတယ်။ ခက်ခဲတဲ့ အခြေအနေတွေမှာ ကိုယ်တိုင်ဖြေရှင်းရတာက ကလေးရဲ့ ဉာဏ်ရည်ကို ပိုထက်စေတဲ့အပြင် သူတို့ကိုယ်သူတို့ ယုံကြည်မှု ရှိလာစေပါတယ်။

၂။ စိတ်ဓာတ်တက်ကြွစေမယ့် စကားတွေပဲ ပြောပေးပါ။

သူတို့နဲ့ စကားပြောတဲ့အခါမှာ သတိထားမိတဲ့ စကားလုံးတွေကို ပြောပေးတာက စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်ကို သင်ကြားတဲ့နေရာမှာ မရှိမဖြစ် လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။ စကားပြောတဲ့နေရာမှာ လုံးဝ ထိရောက်နေဖို့ လိုပါတယ်။

ပြီးတော့ သင်စကားပြောတဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ လှုပ်ရှားပုံကလည်း အရေးပါပါတယ်။ သင်က တက်တက်ကြွကြွပြောရင် သူတို့လည်း တက်တက်ကြွကြွ လိုက်ပြုမှုပါလိမ့်မယ်။ ဒီလိုစကားပြောတဲ့အခါ ကလေးတွေက သင်နဲ့ပိုနီးစပ်လာပြီး ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုတွေ ပိုတိုးပွားစေပါတယ်။

၃။ အဖြေရှာတတ်အောင် သင်ပေးပါ။

ပြဿနာတစ်ခု ဖြစ်ပြီဆိုရင် ဒေါသအရင် ထွက်တာထက် ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို ကလေးကို သင်ပေးပါ။ ပြဿနာဖြစ်နေချိန်မှာ သူတို့ရဲ့ ခံစားချက်က ဒေါသထွက်မယ်၊ ငိုချင်နေပါမယ်။ ဒါပေမယ့် ဒီလို ငိုယိုနေမယ့်အစား ပြဿနာကို ဖြေရှင်းတတ်အောင် သင်ပေးလိုက်တာက ကလေးအတွက် အများကြီး အကျိုးရှိစေပါတယ်။

သူတို့ ခံစားနေရတာတွေကို နားထောင်ပေးဖို့အတွက် သေချာလေး ဂရုစိုက်မေးပါ။ ပြီးရင် ဘယ်အရာက ကောင်းတယ်ဆိုးတယ်ဆိုတာကို ပြောပြပေးတာက အရာရာတိုင်းကို သူတို့ဘာသာ သူတို့ဆုံးဖြတ်ပြီး ဖြေရှင်းတတ် လာပါလိမ့်မယ်။

၄။ စိတ်ကူးယဉ်မှုတွေကို မတားပါနဲ့။

စိတ်ကူးယဉ်တယ် ဆိုတာက ကလေးတွေရဲ့ သဘာဝပါပဲ။ ဒါကို အပိုတွေ လျှောက်တွေးနေတယ် ထင်ပြီး မတားဆီးသင့်ပါဘူး။ ကလေးတွေဟာ ဒီလို တွေးရင်းကနေ သူတို့သူငယ်ချင်းတွေကြား လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးတွေ တိုးတက်လာစေပါတယ်။

ပြီးတော့ အရာရာကိုလည်း ကိုယ်ချင်းစာတရား ထားတတ်လာပါလိမ့်မယ်။ စိတ်ကူးယဉ်တာက ခံစားချက်တွေကို စူးစမ်းဖို့ အကူအညီ ဖြစ်စေပါတယ်။ ဒါဟာ တီထွင်ဖန်တီးမှုကို တိုးတက်စေရုံသာမက တခြားသူတွေရဲ့ စိတ်နေသဘောထားကိုပါ နားလည်လာစေပါတယ်။

၅။ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ပြေပျောက်တတ်အောင် သင်ပေးပါ။

တစ်ခါတစ်လေမှာ ကလေးတွေရဲ့ စိတ်ကိုထိန်းချုပ်ဖို့က ခက်ပါတယ်။ ကလေးတွေကို ခံစားချက် ထုတ်ပြဖို့အတွက် မသင်ပေးဘူး ဆိုရင် ကြာလာရင် ကလေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သူတို့ကို ကျန်းမာရေးနှင့်ညီတဲ့ စိတ်ဖိစီးမှုများ လျှော့ချရန် သင်ပေးပါ။

ဥပမာ လူတစ်ယောက်ကို ပြေးရိုက်တာ (ဒါမှမဟုတ်) တစ်စုံတစ်ခုကို ဖျက်ဆီးပစ်တာထက် ခေါင်းအုံးတစ်လုံးကို ထိုးတာက ပိုကောင်းတယ် ဆိုတာကို သင်ပြပေးလိုက်ပါ။

၆။ စိတ်ထဲမျိုသိပ်မထားတတ်အောင် သင်ပေးပါ။

သင့်ကလေးကို ဒေါသထွက်စေတဲ့ (သို့) ဝမ်းနည်းစေတဲ့ အရာကို စဉ်းစားကြည့်ပါ။ အလိုမကျမှုအတွက် အဖြစ်များဆုံးအချက်တွေဟာ မျှော်လင့်မထားတဲ့အပြောင်းအလဲတွေ(ဒါမှမဟုတ်)လူမှုရေးအခြေအနေအသစ်တွေကြောင့် ဖြစ်ပါတယ်။ ဗိုက်ဆာတာတွေ၊ ပင်ပန်းနုန်ူချိတာတွေလည်း

ဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့ စိတ်ကိုအမြဲတမ်းမသိနိုင် နားမလည်နိုင်တာကြောင့် သူတို့ဖြစ်နေတဲ့အရာတွေကို ပြောပြတတ်အောင် သင်ပေးဖို့က အရေးကြီးပါတယ်။

၇။ ခန္ဓာကိုယ် အမူအရာအကြောင်းကို နားလည်အောင်ပြောပြပါ။

စိတ်ခံစားမှုတွေက ခန္ဒာကိုယ်ကိုလာပြီး အကျိုးသက်ရောက်စေပါတယ်။ စိတ်ဖိစီးမှုတွေ များလာတဲ့အခါမှာ ခေါင်းကိုက်တာတွေ၊ ဗိုက်နာတာတွေကို ခံစားရလေ့ ရှိပါတယ်။ တကယ်လို့ သင့်ကလေးက တစ်ခုခုကိုမြင်ပြီး ထိတ်လန့်သွားတာမျိုး ဖြစ်သွားရင် ခန္ဓာကိုယ်မှာ ဘယ်နေရာက ခံစားနေရလဲ ဆိုတာကို အရင်မေးပါ။

သူတို့ခံစားနေရတာကို မေးလိုက်တာက သူတို့ခံစားနေရတဲ့ အရာတွေကို ရင်ဆိုင်ဖို့အတွက် ပိုမိုမြန်ဆန်စေပါတယ်။ လူတွေဟာ သူတို့ ခံစားနေရတာတွေကို အမြဲတမ်းထုတ်ပြောလေ့ မရှိတာကြောင့် သူတို့ဘာဖြစ်နေလဲ ဆိုတာကို သိရဖို့အတွက် အရမ်း အရေးကြီးပါတယ်။

၈။ သင်ခံစားနေရတာတွေကို ထုတ်မပြပါနဲ့။

ပွင့်လင်းရိုးသားတဲ့ မိဘများတွေဟာ ကလေးတွေအတွက် ယုံကြည်စိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ ဒါ့ကြောင့် မိဘနဲ့ နီးစပ်တဲ့ကလေးတွေက သူတို့ရဲ့ ပြဿနာတွေနဲ့ နှင့်စိုးရိမ်မှုများကို မျှဝေဖို့ ပိုအဆင်ပြေပါတယ်။ သင်က အမြဲတမ်း ပျော်ရွှင်နေတဲ့မျက်နှာနဲ့ နေနေရင် သင့်ရဲ့ကလေးကို အတွေးတွေ ပိုများစေပါတယ်။ သူတို့က တစ်ခုခုမှားနေတယ် ထင်ရင်တောင် သင်က ဒီတိုင်းပဲ ဆက်ပြုမှုသင့်ပါတယ်။ ရလဒ်အနေနဲ့ ကလေးတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေအပြင် တခြားသူတွေရဲ့ စိတ်အခြေအနေကိုတောင် ခန့်မှန်းတတ် လာပါလိမ့်မယ်။

zawgyi

ကလေးတစ်ယောက်ကို EQ ထက်မြက်စေဖို့ မိဘတိုင်းလုပ်သင့်တဲ့ အချက် (၈) ချက်

၁။ အကျိုးအကြောင်းကို ရှင်းပြပါ။

ကလေးရဲ့ စိတ်ခံစားချက်ကို လျစ်လျူရှုတာ (ဒါမှမဟုတ်) အပြစ်တင်ပြောဆိုတာက ကလေးကို စိတ်ကျရောဂါ ဖြစ်စေနိုင်ပါတယ်။ ကဲ့ရဲ့ခြင်း (သို့) လျစ်လျူရှုခြင်းတာက သူတို့ရဲ့ မသိစိတ်ထဲမှာ ကြောက်ရွံ့စေပါတယ်။

ပြဿနာကို ဖြေရှင်းပြီး အရာအားလုံးကို အဆင်ပြေတယ်လို့ ဟန်ဆောင်ပြောတာထက် သူတို့ကိုယ်တိုင် ဖြေရှင်းတာက ပိုကောင်းပါတယ်။ ခက်ခဲတဲ့ အခြေအနေတွေမှာ ကိုယ်တိုင်ဖြေရှင်းရတာက ကလေးရဲ့ ဉာဏ်ရည်ကို ပိုထက်စေတဲ့အပြင် သူတို့ကိုယ်သူတို့ ယုံကြည်မှု ရှိလာစေပါတယ်။

၂။ စိတ်ဓာတ်တက်ကြွစေမယ့် စကားတွေပဲ ပြောပေးပါ။

သူတို့နဲ့ စကားပြောတဲ့အခါမှာ သတိထားမိတဲ့ စကားလုံးတွေကို ပြောပေးတာက စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်ကို သင်ကြားတဲ့နေရာမှာ မရှိမဖြစ် လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။ စကားပြောတဲ့နေရာမှာ လုံးဝ ထိရောက်နေဖို့ လိုပါတယ်။

ပြီးတော့ သင်စကားပြောတဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ လှုပ်ရှားပုံကလည်း အရေးပါပါတယ်။ သင်က တက်တက်ကြွကြွပြောရင် သူတို့လည်း တက်တက်ကြွကြွ လိုက်ပြုမှုပါလိမ့်မယ်။ ဒီလိုစကားပြောတဲ့အခါ ကလေးတွေက သင်နဲ့ပိုနီးစပ်လာပြီး ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုတွေ ပိုတိုးပွားစေပါတယ်။

၃။ အဖြေရှာတတ်အောင် သင်ပေးပါ။

ပြဿနာတစ်ခု ဖြစ်ပြီဆိုရင် ဒေါသအရင် ထွက်တာထက် ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို ကလေးကို သင်ပေးပါ။ ပြဿနာဖြစ်နေချိန်မှာ သူတို့ရဲ့ ခံစားချက်က ဒေါသထွက်မယ်၊ ငိုချင်နေပါမယ်။ ဒါပေမယ့် ဒီလို ငိုယိုနေမယ့်အစား ပြဿနာကို ဖြေရှင်းတတ်အောင် သင်ပေးလိုက်တာက ကလေးအတွက် အများကြီး အကျိုးရှိစေပါတယ်။ သူတို့ ခံစားနေရတာတွေကို နားထောင်ပေးဖို့အတွက် သေချာလေး ဂရုစိုက်မေးပါ။ ပြီးရင် ဘယ်အရာက ကောင်းတယ်ဆိုးတယ်ဆိုတာကို ပြောပြပေးတာက အရာရာတိုင်းကို သူတို့ဘာသာ သူတို့ဆုံးဖြတ်ပြီး ဖြေရှင်းတတ် လာပါလိမ့်မယ်။

၄။ စိတ်ကူးယဉ်မှုတွေကို မတားပါနဲ့။

စိတ်ကူးယဉ်တယ် ဆိုတာက ကလေးတွေရဲ့ သဘာဝပါပဲ။ ဒါကို အပိုတွေ လျှောက်တွေးနေတယ် ထင်ပြီး မတားဆီးသင့်ပါဘူး။ ကလေးတွေဟာ ဒီလို တွေးရင်းကနေ သူတို့သူငယ်ချင်းတွေကြား လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးတွေ တိုးတက်လာစေပါတယ်။

ပြီးတော့ အရာရာကိုလည်း ကိုယ်ချင်းစာတရား ထားတတ်လာပါလိမ့်မယ်။ စိတ်ကူးယဉ်တာက ခံစားချက်တွေကို စူးစမ်းဖို့ အကူအညီ ဖြစ်စေပါတယ်။ ဒါဟာ တီထွင်ဖန်တီးမှုကို တိုးတက်စေရုံသာမက တခြားသူတွေရဲ့ စိတ်နေသဘောထားကိုပါ နားလည်လာစေပါတယ်။

၅။ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ပြေပျောက်တတ်အောင် သင်ပေးပါ။

တစ်ခါတစ်လေမှာ ကလေးတွေရဲ့ စိတ်ကိုထိန်းချုပ်ဖို့က ခက်ပါတယ်။ ကလေးတွေကို ခံစားချက် ထုတ်ပြဖို့အတွက် မသင်ပေးဘူး ဆိုရင် ကြာလာရင် ကလေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သူတို့ကို ကျန်းမာရေးနှင့်ညီတဲ့ စိတ်ဖိစီးမှုများ လျှော့ချရန် သင်ပေးပါ။

ဥပမာ လူတစ်ယောက်ကို ပြေးရိုက်တာ (ဒါမှမဟုတ်) တစ်စုံတစ်ခုကို ဖျက်ဆီးပစ်တာထက် ခေါင်းအုံးတစ်လုံးကို ထိုးတာက ပိုကောင်းတယ် ဆိုတာကို သင်ပြပေးလိုက်ပါ။

၆။ စိတ်ထဲမျိုသိပ်မထားတတ်အောင် သင်ပေးပါ။

သင့်ကလေးကို ဒေါသထွက်စေတဲ့ (သို့) ဝမ်းနည်းစေတဲ့ အရာကို စဉ်းစားကြည့်ပါ။ အလိုမကျမှုအတွက် အဖြစ်များဆုံးအချက်တွေဟာ မျှော်လင့်မထားတဲ့အပြောင်းအလဲတွေ(ဒါမှမဟုတ်)လူမှုရေးအခြေအနေအသစ်တွေကြောင့် ဖြစ်ပါတယ်။ ဗိုက်ဆာတာတွေ၊ ပင်ပန်းနုန်ူချိတာတွေလည်းဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့ စိတ်ကိုအမြဲတမ်းမသိနိုင် နားမလည်နိုင်တာကြောင့် သူတို့ဖြစ်နေတဲ့အရာတွေကို ပြောပြတတ်အောင် သင်ပေးဖို့က အရေးကြီးပါတယ်။

၇။ ခန္ဓာကိုယ် အမူအရာအကြောင်းကို နားလည်အောင်ပြောပြပါ။

စိတ်ခံစားမှုတွေက ခန္ဒာကိုယ်ကိုလာပြီး အကျိုးသက်ရောက်စေပါတယ်။ စိတ်ဖိစီးမှုတွေ များလာတဲ့အခါမှာ ခေါင်းကိုက်တာတွေ၊ ဗိုက်နာတာတွေကို ခံစားရလေ့ ရှိပါတယ်။ တကယ်လို့ သင့်ကလေးက တစ်ခုခုကိုမြင်ပြီး ထိတ်လန့်သွားတာမျိုး ဖြစ်သွားရင် ခန္ဓာကိုယ်မှာ ဘယ်နေရာက ခံစားနေရလဲ ဆိုတာကို အရင်မေးပါ။ သူတို့ခံစားနေရတာကို မေးလိုက်တာက သူတို့ခံစားနေရတဲ့ အရာတွေကို ရင်ဆိုင်ဖို့အတွက် ပိုမိုမြန်ဆန်စေပါတယ်။ လူတွေဟာ သူတို့ ခံစားနေရတာတွေကို အမြဲတမ်းထုတ်ပြောလေ့ မရှိတာကြောင့် သူတို့ဘာဖြစ်နေလဲ ဆိုတာကို သိရဖို့အတွက် အရမ်း အရေးကြီးပါတယ်။

Crd