ညီအစ်မနှစ်ဦးတို့ဟာ မကြာသေးမီက အမျိုးသားတစ်ယောက်တည်းနဲ့ရတဲ့ အမြွှာပူးနှစ်စုံကို ကိုယ်ဝန်လွယ်ထားခဲ့တဲ့အတွက် လူသိများသွားခဲ့သလို ပိုထူးခြားတာက ၎င်းတို့ဟာ တစ်ရက်တည်း အတူတူကလေးမွေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ သင်ထင်ထားသလိုမဆိုးသလို ရှက်စရာလည်းမဟုတ်ပါဘူး။ ၎င်းတို့နှစ်ယောက်ဟာ ခင်ပွန်းတစ်ယောက်တည်းကိုဘဲ ချစ်ကြခြင်းမဟုတ်ဘဲ အဲ့အစား ညီအစ်မထဲကတစ်ယောက်က နှစ်အတော်ကြာ ကလေးမရနိုင်တဲ့ သူ့မွေးချင်းနဲ့ခင်ပွန်းတို့ကို ကူညီခဲ့ခြင်းဘဲဖြစ်ပါတယ်။
Chris နဲ့ Anne တို့ဟာ အမေရိကန်ပြည်ထောင်စု Ohio ပြည်နယ်မှာ နေထိုင်ကြတဲ့ ညီအစ်မတွေဘဲဖြစ်ပါတယ်။ Anne နှင့် သူမ၏ခင်ပွန်းတို့ဟာ ကလေးယူဖို့ကြိုးစားခဲ့ပေမဲ့လည်း 5 နှစ်ကြာတဲ့အထိမအောင်မြင်ခဲ့ပါဘူး။
Anne ဟာ သူမကြုံတွေ့ရတဲ့ကျရှုံးမှုတိုင်းအတွက် အမြဲစိတ်ဓာတ်ကျနေခဲ့ပါတယ်။ ထို့ကြောင့် သူ့ညီမက ဘယ်လောက်တောင်ကလေးလိုချင်နေလဲဆိုတာကိုကောင်းကောင်းသိနေခဲ့တဲ့ Chris က ၎င်းတို့ဇနီးမောင်နှံအတွက် ကလေးမွေးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ Chris အတွက် ဗီတိုသုံး မျိုးအောင်ခြင်းကအောင်မြင်မည်ဟု အာမခံချက်မရှိတာကြောင့် Anne ကိုယ်တိုင်ကလည်း ၎င်းကိုစမ်းကြည့်ရန်ဆုံးဖြတ်ခဲ့ပါတယ်။
ညီအစ်မနှစ်ယောက်စလုံးမှာ သန္ဓေသားလောင်းထည့်ထားတဲ့အတွက် Anne က သူမတို့ အမှန်တကယ်ကလေးမွေးဖို့အခွင့်အလမ်းပိုများမယ်လို့ ယုံကြည်နေခဲ့ပါတယ်။ မကြာခင်မှာပဲ Chris ဟာ အပြုသဘောဆောင်တဲ့စမ်းသပ်တွေ့ရှိခဲ့ပြီး သူမဟာ အမြွှာပူးလေးလွယ်ထားတာကို တွေ့ရှိခဲ့ပါတယ်။
ဒါပေမယ့် အံ့သြစရာကောင်းတာက Anne လည်း ကိုယ်ဝန်ရှိလာခဲ့ပြီး သူမလည်း အမြွှာလေးတွေကို လွယ်ထားခဲ့ပါတယ်။ သို့ပေမဲ့ ဇနီးမောင်နှံအတွက် အငှားကိုယ်ဝန်ဖြစ်ရန် Chris ရဲ့ကမ်းလှမ်းချက်ကြောင့် ၎င်းတို့စုံတွဲဟာ တစ်ကြိမ်တည်းနဲ့ ကလေးလေးယောက်ကိုရရှိသွားခဲ့ပါတော့တယ်။
Anne သယ်ဆောင်လာတဲ့ အမြွှာမိန်းကလေးနှစ်ဦးနှင့် Chris သယ်ဆောင်လာတဲ့အမြွှာယောက်ျားလေးနှစ်ဦးတို့ဖြစ်တာကြောင့်နည်းပညာအရ၊ Anne တို့ဇနီးမောင်နှံဟာ လေးမြွှာပူးကိုရရှိခဲ့ပါတယ်။
ဒါ့ကြောင့် ကလေးတွေဟာ မတူကွဲပြားတဲ့အမျိုးသမီးနှစ်ယောက်ကနေ မွေးဖွားလာခဲ့ပေမယ့် သိပ္ပံနည်းကျတူညီတဲ့ အဖေနဲ့အမေကနေသာမွေးဖွားလာခဲ့တာကြောင့် သူတို့လေးမြွှာပူးရဲ့မွေးနေ့တွေကို မရောထွေးစေဘဲ မိခင်နှစ်ဦးက တူညီတဲ့နေ့စွဲနဲ့မွေးဖွားရန် ဆုံးဖြတ်ခဲ့ကြပါတယ်။
Credit-Mia (Mckzone daily)