ၾကားသိရသမွ်

နွားမနဲ့ပေါင်းဖက်ဖို့အတွက် မိသားစုနဲ့ဇနီးသည်ကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့အမျိုးသား

မင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးရေ ယခုအဖြစ်အပျက်လေးကတော့ အိန္ဒိယနိုင်ငံဂူဂျာဒက်ပြည်နယ်၊ Ahmedabad မြို့မှာ နေထိုင်တဲ့ Vijay Parsana အမည်ရ အမျိုးသားအကြောင်းပဲဖြစ်ပါတယ်။

၎င်းအမျိုးသားကတော့ နွားမကိုချစ်ခင်စွဲလန်းတဲ့စိတ်ကြောင့် မိသားစုနဲ့ဇနီးသည်ကို စွန့်လွှတ်ခဲ့တယ်လို့သိရပါတယ်။ The Sun သတင်းစာမှာ ဖော်ပြချက်အရ Vijayဟာ နွားမကိုချစ်လွန်းလို့ နွားကျင်ငယ်ရေကိုလည်းသောက်ကြောင်း၊ နွားမစင်ကိုလည်းစားကြောင်း နွားမနဲ့တစ်အိပ်ယာတည်း အတူတူအိပ်စက်ကြောင်း ဆိုပါတယ်။

Vijay ဟာအသက် 44 နှစ်ရှိပြီဖြစ်ပြီး သူမြတ်နိုးတဲ့နွားမနဲ့ လက်ထပ်ရဖို့အတွက် ကန့်ကွက်မှုတွေကိုဂရုမစိုက်ဘဲ မိသားစုနဲ့ဇနီးကို လွန်ခဲ့တဲ့ငါးနှစ်ကတည်းက စွန့်လွှတ်ခဲ့တာပါ။ သူရဲ့ အပြောအရ ဒီလိုလုပ်မှသာလျှင် သူချစ်တဲ့နွားတွေနဲ့ အချိန်ကြာကြာဖြုန်းတီးနိုင်မှာလို့ ဆိုပါတယ်။

သူဟာအချိန်ပြည့်နီးပါး နွားတွေရဲ့ဝေယျာဝစ္စကို လုပ်ခြင်းနဲ့သာ အချိန်ကုန်စေပြီး၊ နွားများကိုအစာကျွေးခြင်း၊ သန့်ရှင်ရေးလုပ်ပေးခြင်း၊ ရေချိုးပေးခြင်းစတဲ့ကိစ္စဝိစ္စတွေဟာ သူရဲ့နေ့စဉ်နဲ့အမျှ လုပ်ငန်းဆောင်တာတွေဖြစ်ပါတယ်။

ဒေသခံသတင်းမီဒီယာတွေမှာတော့ သူဟာနွားတွေကိုချစ်လွန်းလို့ မစင်ကိုစားခြင်း၊ ကျင်ငယ်ရေကိုသောက်ခြင်း စတာတွေကိုတော့ ဗွီဒီယိုဖိုင်ထဲမှာမတွေ့ရဘဲ၊ ဓာတ်ပုံထဲမှာတော့ တွေ့ရပါတယ်။

ညဘက်မှာတော့ Vijay ဟာ ဘာသာရေးလုပ်ငန်းတွေဖြစ်တဲ့ဝတ်ပြုဆုတောင်းခြင်း၊ ပူဇော်ပသခြင်းတွေပြုလုပ်ပြီးမှ အိပ်ယာဝင်ပါတယ်။ သူဟာနွားမတွေကို သူနဲ့အတူ တစ်အိပ်ရာတည်းမှာ အိပ်စက်စေကြောင်းလည်း သိရပါတယ်။ Vijayက ” ကျနော့်ရဲ့မေတ္တာတရားဟာ ဘယ်သူ့အတွက်မှာ မဟုတ်ပါဘူး နွားမတွေအတွက်ပါ အကြောင်းပြချက်တော့မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။

သူကဆက်လက်ပြီး” နွားတွေနဲ့အတူတူနေရတာ ကမ္ဘာကြီးအကြောင်းကိုတောင် ကျနော်မေ့နိုင်ပါတယ် သူတို့နဲ့အတူတူရှိနေခြင်းက ကျနော့်ကိုစိုးရိမ်ပူပန်မှုမရှိစေပါဘူး ကျနော့်မိသားစုနဲ့လည်း နားလည်မှုအပြည့်ရှိတဲ့အတွက်ပျော်ပါတယ် ” လို့ပြောခဲ့ပါတယ်။

Vijayဟာ ပေါင် 20000 ကျော်တန်ဖိုးရှိတဲ့ငွေကြေးကို နွားမ Poonam နဲ့ Arjun တို့နဲ့အတူ လက်ထပ်ပွဲအတွက် ဆင်နွှဲဖို့အတွက် အသုံးပြုခဲ့ကြောင်း သိရပါတယ်။ သူဟာတိရစ္ဆာန်တွေကို ချစ်မြတ်နိုးသူဖြစ်ပြီး နွားတွေကျွဲတွေအပြင် ခွေးခြောက်ကောင်၊ ဒေါင်း၊ ယုန်၊ ငှက်၊ မြွေစတဲ့ အိမ်မွေးတိရစ္ဆာန်ပေါင်း 2000 ကျော် ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

Vijay ရဲ့ဇနီးဟောင်းဖြစ်တဲ့ အသက် 44 နှစ်အရွယ် Geeta Parsana က သူ့ကိုကနဦးက ရူးနေတဲ့လူတစ်ယောက်လို့ ထင်မှတ်ခဲ့ပေမယ့်၊ နောက်ပိုင်းမှာ ဆွေမျိုးသားချင်းတွေ အပါအဝင် အားလုံးကသူရဲ့အမူအကျင့်ကို လက်ခံခဲ့ကြကြောင်း ဆိုပါတယ်။

နွားမတွေနဲ့လက်ထပ်ပွဲမှာ ဆွေမျိုးထောင်ချီတက်ရောက်ခဲ့ပြီး ဒီနယ်မှာတော့အလွန်စည်ကားခဲ့တဲ့ပွဲလို့ ဆိုပါတယ်။ နွားကျင်ငယ်ရေ သောက်နေတဲ့ဓာတ်ပုံတွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ပြီးနောက် ဝေဖန်ခံခဲ့ရပေမယ့် Vijay ကတော့ နွားကျင်ငယ်ရေ တစ်ခါသောက်လိုက်ရုံနဲ့ သူဟာရက်ပေါင်း 22 ရက် ဘာမှမစားဘဲနေနိုင်ကြောင်း ဝန်ခံထားပါတယ်။ ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ သာယာပျော်ရွှင်သေ ာနေ့ရက်ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။