ၾကားသိရသမွ်

နာမည်ကျော် ပန်းချီဆရာကြီး ဦးသစ္စာနီကိုယ်တိုင် ရေးဆွဲဂုဏ်ပြုခြင်းခံလိုက်ရတဲ့ မြနှင်းရည်လွင်ရဲ့ ပုံတူပန်းချီကား…

နာမည္ေက်ာ္ ပန္းခ်ီဆရာႀကီး ဦးသစၥာနီကိုယ္တိုင္ ေရးဆဲြဂုဏ္ျပဳျခင္းခံလိုက္ရတဲ့ ျမႏွင္းရည္လြင္ရဲ႔ ပံုတူပန္းခ်ီကား…

MRTV-4 မွထုတ္လႊင့္ျပသတဲ့ ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ အဆိပ္ေသြးဇာတ္လမ္းတြဲနဲ႔ ပရိသတ္အားေပးမႈ႕ကို ပိုမိုရရွိလာခဲ့တဲ့ ျမႏွင္းရည္လြင္ ဟာ လက္ရွိမွာခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနပါတယ္။ သူမဟာ အာဏာစသိမ္းတဲ့ေန႔မွစၿပီး အခုလက္ရွိအခ်ိန္အထိတိုင္ အာဏာရွင္ကို တိုက္ထုတ္ဖို႔ ႀကိဳးစားအားထုတ္ေနသူတစ္ဦးပဲျဖစ္ပါတယ္။ ျပည္သူေတြအားလုံး

အမွန္တရားအတြက္ လမ္းမေပၚထြက္ ဟစ္ေႂကြးၾကတဲ့အခ်ိန္ကတည္းက ျပည္သူေတြနဲ႔အတူ ဆႏၵျပခဲ့တဲ့မင္းသမီးတစ္လက္ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ပုဒ္မ ၅၀၅ ကနဲ႔ တရားစြဲဆိုခံထားရေပမယ့္ ျမႏွင္းရည္လြင္ ဟာ လြတ္ေျမာက္နယ္ေျမမွာ စစ္သင္တန္းတတ္ေရာက္ၿပီး လက္နက္ကိုင္စြဲၿပီး ဆက္လက္တြန္းလွန္ေနဆဲျဖစ္ပါတယ္။

ျမႏွင္းရည္လြင္ ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြကေတာ့ မသိသူမရွိေအာင္ အရင္ကထက္ ပိုမိုမ်ားလာပါတယ္။ သူမရဲ႕ စိတ္ဓာတ္ကိုေလးစားၿပီး သူမပုံကိုျမတ္ႏိုးတန္ဖိုးထားၿပီး ဂုဏ္ျပဳေရးဆြဲေပးၾကတဲ့ ပန္းခ်ီပညာရွင္မ်ားစြာ ေပၚထြက္လာခဲ့ပါတယ္။ ဒီတစ္ခါမွာေတာ့ နာမည္ႀကီးပန္းခ်ီဆရာႀကီးတစ္ဦးျဖစ္တဲ့ ဆရာသစၥာနီကိုယ္တိုင္ေရးဆြဲထားတဲ့ ျမႏွင္းရည္လြင္ ရဲ႕ပုံတူပန္းခ်ီကားေလးကေတာ့

လက္ရာေျမာက္ၿပီး အသက္ဝင္လြန္းလွပါတယ္။ ပန္းခ်ီကားေလးရဲ႕ နာမည္ေလးကိုေတာ့ “သူမ” လို႔နာမည္ေပးထားၿပီးေတာ့ ျမန္မာေႏြဦးေတာ္လွန္ေရးအတြက္ ဆရာႀကီးေရးဆြဲထားတဲ့ ၁၃ခ်ပ္ေျမာက္ပန္းခ်ီကားေလးပဲျဖစ္ပါတယ္။

ဒီပန္းခ်ီကားေလးကိုေတာ့ ျမႏွင္းရည္လြင္ ကသူမရဲ႕ေဖ့ဘြတ္မွာ ျပန္လည္မွ်ေဝထားတာကိုလဲ ေတြ႕ရပါတယ္။ ဆရာႀကီးဟာ လြတ္ေျမာက္နယ္ေျမေရာက္ရွိေနတဲ့ အလွမယ္ ထားထက္ထက္ အတြက္လဲ ပုံတူပန္းခ်ီေရးဆြဲေပးခဲ့ဖူးပါတယ္။

ပရိသတ္ႀကီး‌ေရ ဆရာႀကီးရဲ႕ ပန္းခ်ီအႏုပညာတစ္ခုျဖစ္တဲ့ ျမႏွင္းရည္လြင္ ရဲ႕ပုံတူပန္းခ်ီကားက လက္ရာေျမာက္ရဲ႕လား။ ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ ျပန္လည္မွ်ေဝသြားပါအုန္းေနာ္။ အခ်ိန္ေပးဖတ္ရႈ႕ေပးတဲ့ ပရိသတ္ႀကီးအားလုံးကို ေက်းဇူးအထူးတင္ရွိပါတယ္။

crd : cele only

Unicode

နာမည်ကျော် ပန်းချီဆရာကြီး ဦးသစ္စာနီကိုယ်တိုင် ရေးဆွဲဂုဏ်ပြုခြင်းခံလိုက်ရတဲ့ မြနှင်းရည်လွင်ရဲ့ ပုံတူပန်းချီကား…

MRTV-4 မှထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အဆိပ်သွေးဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှု့ကို ပိုမိုရရှိလာခဲ့တဲ့ မြနှင်းရည်လွင် ဟာ လက်ရှိမှာခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပါတယ်။ သူမဟာ အာဏာစသိမ်းတဲ့နေ့မှစပြီး အခုလက်ရှိအချိန်အထိတိုင် အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားအားထုတ်နေသူတစ်ဦးပဲဖြစ်ပါတယ်။ ပြည်သူတွေအားလုံး

အမှန်တရားအတွက် လမ်းမပေါ်ထွက် ဟစ်ကြွေးကြတဲ့အချိန်ကတည်းက ပြည်သူတွေနဲ့အတူ ဆန္ဒပြခဲ့တဲ့မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံထားရပေမယ့် မြနှင်းရည်လွင် ဟာ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတတ်ရောက်ပြီး လက်နက်ကိုင်စွဲပြီး ဆက်လက်တွန်းလှန်နေဆဲဖြစ်ပါတယ်။

မြနှင်းရည်လွင် ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ မသိသူမရှိအောင် အရင်ကထက် ပိုမိုများလာပါတယ်။ သူမရဲ့ စိတ်ဓာတ်ကိုလေးစားပြီး သူမပုံကိုမြတ်နိုးတန်ဖိုးထားပြီး ဂုဏ်ပြုရေးဆွဲပေးကြတဲ့ ပန်းချီပညာရှင်များစွာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ နာမည်ကြီးပန်းချီဆရာကြီးတစ်ဦးဖြစ်တဲ့ ဆရာသစ္စာနီကိုယ်တိုင်ရေးဆွဲထားတဲ့ မြနှင်းရည်လွင် ရဲ့ပုံတူပန်းချီကားလေးကတော့

လက်ရာမြောက်ပြီး အသက်ဝင်လွန်းလှပါတယ်။ ပန်းချီကားလေးရဲ့ နာမည်လေးကိုတော့ “သူမ” လို့နာမည်ပေးထားပြီးတော့ မြန်မာနွေဦးတော်လှန်ရေးအတွက် ဆရာကြီးရေးဆွဲထားတဲ့ ၁၃ချပ်မြောက်ပန်းချီကားလေးပဲဖြစ်ပါတယ်။

ဒီပန်းချီကားလေးကိုတော့ မြနှင်းရည်လွင် ကသူမရဲ့ဖေ့ဘွတ်မှာ ပြန်လည်မျှဝေထားတာကိုလဲ တွေ့ရပါတယ်။ ဆရာကြီးဟာ လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ အလှမယ် ထားထက်ထက် အတွက်လဲ ပုံတူပန်းချီရေးဆွဲပေးခဲ့ဖူးပါတယ်။

ပရိသတ်ကြီး‌ရေ ဆရာကြီးရဲ့ ပန်းချီအနုပညာတစ်ခုဖြစ်တဲ့ မြနှင်းရည်လွင် ရဲ့ပုံတူပန်းချီကားက လက်ရာမြောက်ရဲ့လား။ ကြိုက်နှစ်သက်တယ်ဆိုရင် ပြန်လည်မျှဝေသွားပါအုန်းနော်။ အချိန်ပေးဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

crd : cele only