ဒါကိုဖတ်ပြီးမှ အပြာကားကြည့်ပါ
ဒီနေ့ခေတ်မှာဆိုရင် လူငယ်နဲ့အပြာကားဆိုတာ ခွဲခြားလို့မရတော့ပါဘူး။ အပြာကားမကြည့်ဖူးတဲ့လူဆိုတာလည်း နှင်းဆီနက်ထက်တောင် ရှားပါသေးတယ်။ အပြာ
ကားတွေကို သူငယ်ချင်းတွေဆီကနေ Zapya နဲ့ Share ကြတဲ့သူတွေရှိသလို Online ကနေလည်း တိုက်ရိုက်ကြည့်ကြတဲ့သူတွေလည်း မနည်းတော့ပါဘူး။
အပြာကားအသစ် ထွက်လာပြီဆိုတာနဲ့ Online မှာ အုန်းအုန်းကြွက်ကြွက်ဖြစ်နေလိုက်တာ မြင်မကောင်းပါဘူး။ ဖုန်းထဲမှာ အပြာကားမပါရင်ကို ခေတ်မမီသလိုဖြစ်
နေပါပြီ။ အပြာကားကို ကြည့်နေကျလူတစ်ယောက်ဟာ သူငယ်ချင်ကို တွေ့တာနဲ့ ဇာတ်ကားအသစ်ပါသေးလားလို့မေးတာလည်း ထုံးစံလိုဖြစ်နေပါပြီ။
ဦးနှောက်ကျုံ့လာမယ်
နာမည်ကျော်အပြာဝက်ဘ်ဆိုက်တွေကလည်း ကြည့်ရှုသူများဖို့အတွက် ဆယ်ကျော်သက်တွေကို ဆွဲဆောင်နေကြပါသေးတယ်။ အပြာကားကြည့်တာက ခရီးသွား
ဟန်လွှဲလိုသာ ဖြစ်သင့်ပေမယ့် ဒါကိုကြည့်လိုက်ရမှ နေသာထိုင်သာရှိသွားတဲ့အဆင့် (စွဲလမ်းတဲ့အဆင့်) ရောက်သွားရင် မကောင်းတော့ပါဘူး။
အပြာကားစွဲသွားရင် ကျန်းမာရေးနဲ့ လူမှုရေးအပိုင်းမှာ ပြဿနာတွေရှိလာနိုင်ပါတယ်။ အပြာကားကြည့်ဖန်များလာရင် မူးယစ်ဆေးဝါးစွဲသလို ဦးနှောက်ကျုံ့လာနိုင်
တယ်လို့ ဂျာမဏီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ရပ်အရ သိရပါတယ်။
ဆုံးဖြတ်ချက် မှားယွင်းလာမယ်
အထူးသဖြင့် ဆယ်ကျော်သက်တွေကြားမှာ အပြာကားကြည့်တာနဲ့ ကျန်းမာရေးထိခိုက်လာရုံမက လူမှုဆက်ဆံရေးပိုင်းနဲ့ စိတ်အားထက်သန်မှုအပိုင်းမှာ လျော့ကျ
လာပါတယ်။ အပြာကားစွဲလမ်းလာတဲ့လူတွေက ကိစ္စတစ်ခုကို အလွယ်တကူနဲ့ အရှုံးပေးလိုစိတ်ဝင်လာကြပြီး လူမှုဆက်ဆံရေးမှာလည်း အမြင်မကြည်သူများလာ
တတ်ပါတယ်။
စိတ်ထက်သန်မှုလျော့နည်းလာပြီး ဦးနှောက်ထိုင်းမှိုင်းလာတဲ့အတွက် အာရုံကြောဓာတုပစ္စည်း (Dopamine Level) မြင့်တက်လာရပါတယ်။ အပြာကားစွဲလမ်းလာ
တာနဲ့ ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ အကူညီပေးတဲ့ ဦးနှောက်ရှေ့အဖု (Frontal Cortex) ဟာ မညီမမျှဖြစ်လာပြီး ဆုံးဖြတ်ချက်တွေ မှားယွင်းလာတတ်ပါတယ်။
သမီးရည်းစားအကြားမှာလည်း အဆင်မပြေဖြစ်လာပြီး လုပ်သမျှလွဲလာတတ်ပါတယ်။
တန်ဆေး လွန်ဘေး
ကဲ . . . လူတိုင်းဟာ ကာမတဏှာနဲ့ မကင်းနိုင်ဘူးဆိုပေမယ့် ဘယ်အရာမဆို လွန်ကဲလာရင် အဆင်မပြေတော့ပါဘူး။ အဲဒီတော့ သလဲသီးလေးတွေ အကန့်ခွဲထား
သလို ကိစ္စတိုင်းမှာလည်း သူ့အကန့်လေးနဲ့သူ ခွဲခြားထားမယ်ဆိုရင် အဆင်ပြေချောမွေ့နေမှာ သေချာပါတယ်။ အဲဒီတော့ ဆေးစွဲသလို အပြာကားစွဲနေတဲ့ သူငယ်ချင်း
တွေကိုလည်း မဖြစ်သင့်တန်မဖြစ်ရအောင် mention ခေါ်ပြီး အချိန်မီတားလိုက်ဦးနော်။
ကျော်စိုးအောင် (အခရာ)
Zawgyi
ဒါကိုဖတ္ၿပီးမွ အျပာကားၾကည့္ပါ
ဒီေန႔ေခတ္မွာဆိုရင္ လူငယ္နဲ႔အျပာကားဆိုတာ ခြဲျခားလို႔မရေတာ့ပါဘူး။ အျပာကားမၾကည့္ဖူးတဲ့လူဆိုတာလည္း ႏွင္းဆီနက္ထက္ေတာင္ ရွားပါေသး
တယ္။ အျပာကားေတြကို သူငယ္ခ်င္းေတြဆီကေန Zapya နဲ႔ Share ၾကတဲ့သူေတြရွိသလို Online ကေနလည္း တိုက္ရိုက္ၾကည့္ၾကတဲ့သူေတြလည္း မ
နည္းေတာ့ပါဘူး။
အျပာကားအသစ္ ထြက္လာၿပီဆိုတာနဲ႔ Online မွာ အုန္းအုန္းႂကြက္ႂကြက္ျဖစ္ေနလိုက္တာ ျမင္မေကာင္းပါဘူး။ ဖုန္းထဲမွာ အျပာကားမပါရင္ကို ေခတ္မမီသ
လိုျဖစ္ေနပါၿပီ။ အျပာကားကို ၾကည့္ေနက်လူတစ္ေယာက္ဟာ သူငယ္ခ်င္ကို ေတြ႕တာနဲ႔ ဇာတ္ကားအသစ္ပါေသးလားလို႔ေမးတာလည္း ထုံးစံလိုျဖစ္ေန
ပါၿပီ။
ဦးေႏွာက္က်ဳံ႕လာမယ္
နာမည္ေက်ာ္အျပာဝက္ဘ္ဆိုက္ေတြကလည္း ၾကည့္ရႈသူမ်ားဖို႔အတြက္ ဆယ္ေက်ာ္သက္ေတြကို ဆြဲေဆာင္ေနၾကပါေသးတယ္။ အျပာကားၾကည့္တာ
က ခရီးသြားဟန္လႊဲလိုသာ ျဖစ္သင့္ေပမယ့္ ဒါကိုၾကည့္လိုက္ရမွ ေနသာထိုင္သာရွိသြားတဲ့အဆင့္ (စြဲလမ္းတဲ့အဆင့္) ေရာက္သြားရင္ မေကာင္းေတာ့ပါဘူး။
အျပာကားစြဲသြားရင္ က်န္းမာေရးနဲ႔ လူမႈေရးအပိုင္းမွာ ျပႆနာေတြရွိလာနိုင္ပါတယ္။ အျပာကားၾကည့္ဖန္မ်ားလာရင္ မူးယစ္ေဆးဝါးစြဲသလို ဦးေႏွာက္
က်ဳံ႕လာနိုင္တယ္လို႔ ဂ်ာမဏီနိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ရပ္အရ သိရပါတယ္။
ဆုံးျဖတ္ခ်က္ မွားယြင္းလာမယ္
အထူးသျဖင့္ ဆယ္ေက်ာ္သက္ေတြၾကားမွာ အျပာကားၾကည့္တာနဲ႔ က်န္းမာေရးထိခိုက္လာ႐ုံမက လူမႈဆက္ဆံေရးပိုင္းနဲ႔ စိတ္အားထက္သန္မႈအပိုင္းမွာ ေ
လ်ာ့က်လာပါတယ္။ အျပာကားစြဲလမ္းလာတဲ့လူေတြက ကိစၥတစ္ခုကို အလြယ္တကူနဲ႔ အရႈံးေပးလိုစိတ္ဝင္လာၾကၿပီး လူမႈဆက္ဆံေရးမွာလည္း အျမင္မၾ
ကည္သူမ်ားလာတတ္ပါတယ္။
စိတ္ထက္သန္မႈေလ်ာ့နည္းလာၿပီး ဦးေႏွာက္ထိုင္းမွိုင္းလာတဲ့အတြက္ အာ႐ုံေၾကာဓာတုပစၥည္း (Dopamine Level) ျမင့္တက္လာရပါတယ္။ အျပာကားစြဲလ
မ္းလာတာနဲ႔ ဆုံးျဖတ္ခ်က္ခ်တဲ့အခ်ိန္မွာ အကူညီေပးတဲ့ ဦးေႏွာက္ေရွ႕အဖု (Frontal Cortex) ဟာ မညီမမၽွျဖစ္လာၿပီး ဆုံးျဖတ္ခ်က္ေတြ မွားယြင္းလာတ
တ္ပါတယ္။ သမီးရည္းစားအၾကားမွာလည္း အဆင္မေျပျဖစ္လာၿပီး လုပ္သမၽွလြဲလာတတ္ပါတယ္။
တန္ေဆး လြန္ေဘး
ကဲ . . . လူတိုင္းဟာ ကာမတဏွာနဲ႔ မကင္းနိုင္ဘူးဆိုေပမယ့္ ဘယ္အရာမဆို လြန္ကဲလာရင္ အဆင္မေျပေတာ့ပါဘူး။ အဲဒီေတာ့ သလဲသီးေလးေတြ အကန႔္ခြဲ
ထားသလို ကိစၥတိုင္းမွာလည္း သူ႔အကန႔္ေလးနဲ႔သူ ခြဲျခားထားမယ္ဆိုရင္ အဆင္ေျပေခ်ာေမြ႕ေနမွာ ေသခ်ာပါတယ္။ အဲဒီေတာ့ ေဆးစြဲသလို အျ
ပာကားစြဲေနတဲ့ သူငယ္ခ်င္းေတြကိုလည္း မျဖစ္သင့္တန္မျဖစ္ရေအာင္ mention ေခၚၿပီး အခ်ိန္မီတားလိုက္ဦးေနာ္။
ေက်ာ္စိုးေအာင္ (အခရာ)