တက်ဖို့လွယ်သလောက် ကျဖို့ခက်တဲ့အရာတွေထဲမှာ ဗိုက်အဆီက ထိပ်ဆုံးကပါဝင်ပါတယ်။ မို့မို့ဖောင်းဖောင်းလေးနဲ့ အနှစ်နှစ်အလလက စုဆောင်းထားခဲ့ရတဲ့ ရတနာသိုက်ကလေးအလား ဖြိုဖျက်ရခက်ခဲတတ်လို့ ဝိတ်ချနေတဲ့လူတိုင်းကို ထိုင်ငိုချင်စိတ်ပေါက်စေတဲ့အထိ အစွမ်းထက်တာဟာလည်း ဗိုက်အဆီပဲ ဖြစ်ပါတယ်။
အစားအသောက်ဆင်ခြင်တယ်။ လေ့ကျင့်ခန်းတွေ လုပ်တယ်။ ဒါပေမယ့် ကျန်တဲ့နေရာတွေ ကျသွားသလို ဗိုက်အဆီက မကျဘဲ တင်းခံနေတဲ့အခါ ပြန်လည်သုံးသပ်ဆင်ခြင်ရမယ့် အကြောင်းရင်းလေးတွေ ရှိလာပါတယ်။
ကောင်းမွန်တဲ့ အိပ်စက်ပုံမရှိလို့ညဘက်အိပ်ချိန်ပုံမှန်မရှိတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်ပုံအိပ်စက်နည်းတို့ မရှိတာက ဗိုက်အဆီတွေကို မသွားပါနဲ့လို့ ဆွဲထားသလိုပဲ တည်မြဲနေစေပါတယ်။
အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်က အနားမရတဲ့အတွက်ကြောင့် အစာချေစနစ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပိုမိုတိုးမြင့်စေဖို့ရာ အခွင့်မသာဖြစ်စေလို့ ဗိုက်အဆီတွေဟာ တဝဲလည်လည် ရှိနေတတ်ပါတယ်လို့ သိရပါတယ်။
၁။ စိတ်ဖိစီးမှုများလို့
ဗိုက်အဆီတွေစုတာနဲ့ ဘယ်လောက်ဝိတ်ချချ မကျသွားတဲ့ ဗိုက်ခေါက်ဟာ စိတ်ဖိစီးမှုကြောင့်လည်း အများကြီးသက်ဆိုင်ပါတယ်။ အကြီးအကျယ် စိတ်ဖိစီးတာနဲ့ စိတ်ကျရောဂါတွေဟာ သကြားတွေစားသုံးတဲ့အခါ ခန္ဓာကိုယ်က ရောင်ရမ်းစေသလိုပဲ ထပ်တူကျတဲ့ ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။
ကိုယ်တွင်းက ဆဲလ်တွေဟာလည်း အဲ့ဒီ့ရောင်ရမ်းမှုကို ပြန်လည်တုံ့ပြန်ရင်း ကြီးထွားလာကြလို့ ဗိုက်ခေါက်ဟာ ဒုံရင်းကဒုံရင်းအတိုင်း ရှိနေတတ်ပါတယ်။
၂။ အမျှင်ဓာတ်အလုံအလောက်မစားသုံးလို့
နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အမျှင်ဓာတ်အလုံအလောက် မပါဝင်တဲ့အခါမှာလည်း ဗိုက်အဆီတွေ မကျဘဲ ဖြစ်တတ်ပါတယ်။ လေ့လာမှုတွေအရ အူထဲမှာ bactericides လို့ခေါ်တဲ့ ဘက်တီးရီးယားအမျိုးအစား ရှိနေတဲ့ အမျိုးသမီးတွေဟာ အခြားသော အမျိုးသမီးတွေထက် ပိုပြီး ဗိုက်အဆီရှိနိုင်တယ်လို့ သိရပါတယ်။
အဲ့ဒီဘက်တီးရီးယားကို ဖြိုခွဲနိုင်ဖို့အတွက်ဆို အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို များများပိုစားပေးသင့်ပါတယ်။
၃။ ပရိုဘိုင်အိုတစ်တွေ မစားသုံးလို့
ကိုယ်တွင်းက ဘက်တီးရီးယားတွေကို အမြစ်ဖြတ်တိုက်ထုတ်ပေးနိုင်တဲ့ အရေးကြီးတဲ့အရာတစ်ခုကတော့ ပရိုဘိုင်အိုတစ်တွေပါပဲ။ သဘာဝဒိန်ချိန်လိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအစာတွေဟာ အူကျန်းမာရေးအတွက် မရှိမဖြစ် စားသုံးသင့်တဲ့ ပရိုဘိုင်အိုတစ်တွေ ဖြစ်ပါတယ်။
အူလမ်းကြောင်း ကျန်းမာရေးကောင်းနေတာနဲ့အမျှ အူနံရံတွေမှာ ရောင်ရမ်းမှုတွေ လျော့ကျသွားမှာဖြစ်တာကြောင့် အူတွင်းက အဆီတွေကို ပိုပြီးလောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။
၄။ BPA မပါဝင်တဲ့ရေကို သောက်သုံးပါ။
သင်နေ့စဉ်သောက်သုံးနေတဲ့ ပလတ်စတစ်ရေဘူးတွေကို သတိမေ့ကောင်းမေ့နေပါလိမ့်မယ်။ သို့ပေမယ့် အဲ့ဒီ့ရေဘူးတွေထဲမှာ ကိုယ်တွင်းက ဟော်မုန်းတွေကို ဖျက်ဆီးတတ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတတ်ပါတယ်။
နေ့စဉ်ရက်ဆက် ဒီလိုရေဘူးတွေနဲ့ ရေသောက်သုံးတဲ့အခါ ကိုယ်တွင်းအစာချေစနစ်ကို နှောင့်ယှက်ဖျက်ဆီးစေပြီး အူတွင်းနံရံက အဆီတွေကိုလည်း လှုပ်ရှားဖို့ငှာ အခွင့်မသာဖြစ်စေပါတယ်။ ဒါကြောင့် ပလတ်စတစ်ရေဘူးတွေနဲ့ ရေသောက်သုံးတာကို တတ်နိုင်သလောက် ရှောင်ကျဉ်သင့်ပါတယ်။
Unicode
ဘယ်လောက်ဝိတ်ချချ ဗိုက်တစ်လုံးက မကျသွားရတဲ့ အံ့သြစရာအကြောင်းရင်းများ