အသိပညာ

အသက် ၃၀ ရောက်တဲ့အခါ လူတိုင်းနားလည်ထားသင့်တဲ့ အချက်တွေ

ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ အသက်အရွယ်ကို ကိန်းဂဏန်းတစ်ခုအဖြစ်သာ သတ်မှတ်လာကြပါတယ်။

ခေတ်သစ်လူနေမှုပုံစံကြောင့် အလုပ်တွေပိုလုပ်လာကြပြီး များပြားလှတဲ့ အစီအစဉ်တွေကြားမှာ သင့်ဟာ မမျှော်လင့်ပဲ အသက် ၃၀ ထဲကိုရောက်ရှိနေနိုင်ပါတယ်။

တကယ်လို့ သင်ဟာအသက် ၃၀ ထဲရောက်ရှိနေပြီဆိုရင်တော့ ဒီအချက်တွေကို သင်သိထားဖို့တော့ လိုအပ်ပါတယ်။

အသက် ၃၀ ထဲရောက်လာတဲ့အချိန်မှာ သင့်ရဲ့အတွေးအမြင်တစ်ချို့ကို ပြောင်းလဲပစ်ဖို့ လိုအပ်လာပြီပဲ ဖြစ်ပါတယ်။

-တစ်ခြားသူတွေရဲ့ ထင်မြင်ချက်တွေ

အသက် သုံးဆယ်ကိုရောက်လာပြီဆိုရင်တော့ သင့်မှာလံုံလောက်တဲ့ ပညာတွေရှိလို့နေပြီဖြစ်ပြီး အမှားအမှန်ကို ဆုံးဖြတ်နိုင်စွမ်းလည်း ပြည့်ဝလို့နေပါပြီ။

ဒီလိုအချိန်မှာ တစ်ခြားသူတွေရဲ့ပြောစကားတွေ၊ တစ်ခြားသူတွေရဲ့ အမြင်တွေနဲ့ ဂရုစိုက်နေစရာမလိုတော့ပဲ ကိုယ့်အတွက် အကောင်းဆုံးလုပ်ဆောင်သင့်ပါတယ်။

သူများတွေပြောတိုင်း လိုက်ခံစားတတ်တဲ့ အကျင့်မျိုးကို ဖျောက်လိုက်သင့်ပြီပဲ ဖြစ်ပါတယ်။

-Drama တွေထားခဲ့လိုက်တော့

ငယ်ရွယ်စဉ်မှာတော့ ကျရှုံးမှာကိုကြောက်တာ၊ ဆိုးရွားတဲ့တစ်ခုခုကြုံတွေ့ရမှာကို အရမ်းကြောက်တတ်ကြပြီး

အရှုံးတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာလည်း ဝမ်းနည်းငိုကြွေးတာမျိုး လုပ်တတ်ကြပါတယ်။

ဒါပေမယ့် ဘဝဆိုတာက မျှော်လင့်သလို ဖြစ်မလာတာကများပြီး ကိုယ့်ရဲ့ခံနိုင်ရည်ကို စမ်းသပ်တဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။

ဒီအသက်အရွယ်မှာ ကိုယ့်ဘဝရဲ့ drama ဆန်မှုတွေကို ထားခဲ့ပြီး ခံနိုင်ရည်ရှိစွာနဲ့ ဘဝကိုအကောင်းဆုံးပဲ ဖြတ်သန်းဖို့အချိန်တန်ပါပြီ။

-ချစ်ရသူတွေကို အချိန်ပေးပါ

လူတစ်ချို့က သူတို့ရဲ့ဘဝအတွက် ကြိုးစားရင်း ကိုယ်ချစ်ရသူတွေကို အချိန်မပေးဖြစ်ကြပဲ တဖြည်းဖြည်း ဝေးကွာသွားရတတ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့အသက် ၃၀ ထဲကိုရောက်လာတဲ့အချိန်မှာ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေကို အရင်ကထက် အချိန်ပိုပေးဖြစ်အောင် ကြိုးစားပါ။

တကယ်တော့ ဒီလိုအချိန်လေးတွေက သင့်ဘဝရဲ့ အပျော်ရွှင်ရဆုံးနဲ့ အမှတ်အရဆုံး အချိန်လေးတွေကို ဖန်တီးပေးမှာပဲ ဖြစ်ပါတယ်။

-ပြီးပြည့်စုံမှုကို မေ့လိုက်ပါ

အရာရာမှာ ပြီးပြည့်စုံနေမှုကို ရှာဖွေနေတယ်ဆိုရင်တော့ သင်လုံးဝကို မှားနေပါပြီနော်။

တကယ်တော့ ဘယ်သူကမှ ပြီးပြည့်စုံမှုမရှိကြပဲ လူတိုင်းမှာလိုအပ်ချက် ကိုယ်စီနဲ့ ချို့ယွင်းချက်တွေ ရှိတတ်ကြပါတယ်။

ဒါကြောင့် ဘယ်နေရာမှာမဆို တော်နေဖို့၊ တတ်နေဖို့၊ အရာရာပြီးပြည့်စုံနေဖို့ ကြိုးစားမှုကို ထားခဲ့လိုက်ပါတော့။

သင့်ဆီမှာ လိုအပ်ချက်တွေရှိနေရင်တောင် သင်ဟာ ဘဝကိုအကောင်းဆုံးဖြတ်သန်းနေဖို့ပဲ လိုပါတယ်။

-ကျန်းမာရေး လိုက်စားပါ

အသက်ကလေး ၃၀ ထဲရောက်လာပြီဆိုရင်တော့ အရင်ကလို ဖြစ်သလိုနေထိုင်လို့မဖြစ်တော့ပဲ ကိုယ့်ရဲ့နေထိုင်မှုပုံစံကို ပြောင်းလဲသင့်ပါပြီ။

အသက်ကြီးလာတာနဲ့ လူတွေရဲ့ရောဂါခုခံနိုင်စွမ်းတွေဟာလည်း ကျဆင်းလာတာဖြစ်ပြီး ကျန်းမာရေးကို အလေးထားသင့်ပါတယ်။

ကျန်းမာတဲ့ အစားအစာ၊ နေထိုင်မှုပုံစံတွေကို လိုက်နာတာ၊ အရက်သောက်တာတွေ လျော့တာ၊ ဆေးလိပ်ဖြတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ စသဖြင့်

ဒါတွေက သင့်ကိုနုပျိုတက်ကြွတဲ့ နေ့ရက်တွေကို ပေးစွမ်းမှာ ဖြစ်ပါတယ်နော်။