ၾကားသိရသမွ်

ရဲရဲေတာက္ နီပါတယ္ ဆိုတဲ့ လူေတြကို ေတးနုယဥ္နဲ႕ယွဥ္ၿပီး ေျပာျပလာတဲ့ မင္းအုပ္စိုး

ရဲရဲေတာက္ ပါတယ္ဆိုတဲ့ အႏုပညာသမားေတြဖတ္ဖို႔

သရပါမဂၢဇင္းရဲ႕ တာဝန္ခံအယ္ဒီတာေတးႏုယဥ္ကို သတ္ျဖတ္တယ္ဆိုတဲ့ ဆြဲခ်က္အမိန္နဲ႔ တရားသူႀကီးက

သရပါမဂၢဇင္းရဲ႕ အယ္ဒီတာခ်ဳပ္ျဖစ္တဲ့ကြၽန္ေတာ့္ကိုျ ပစ္ဒဏ္အျဖစ္ ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္းခ်ခဲ့ပါတယ္

တကယ္ဆိုရင္ ကြၽန္ေတာ့္အေနနဲ႔ ေတးႏုယဥ္အေပၚမွာ သတ္ခ်င္တဲ့စိတ္ျဖစ္ေပၚဖို႔ေဝးလို႔ ေသေစခ်င္တဲ့ စိတ္ဆႏၵေတာင္ ျမဴတစ္မႈံသဲတစ္ပြင့္မရွိခဲ့ပါဘူးဗ်ာ

ဒါေပမယ္လည္း ကြၽန္ေတာ့္ေၾကာင့္ သူေသဆုံးခဲ့ရတာမို႔ ကြၽန္ေတာ္ ကိုယ္တိုင္ပဲ ရဲစခန္းကိုသြားၿပီး ကြၽန္ေတာ္ေၾကာင့္သူေသဆုံးသြားရတယ္

ဆိုတဲ့အေၾကာင္းသတင္းသြားပို႔ခဲ့တာပါေက်ေက်နပ္နပ္ႀကီး အဖမ္းခံခဲ့တာပါကြၽန္ေတာ့္ေၾကာင့္ေတးႏုယဥ္ေသသြားခဲ့တဲ့အတြက္

အဲဒီအခ်ိန္တုန္းကဆိုရင္ ကြၽန္ေတာ့္ကို ဝိုင္းဆဲခဲ့ၾကတဲ့သူေတြ သိန္းသန္းမက ရွိခဲ့ၾကပါတယ္

သူတို႔ေတြက ေတးႏုယဥ္ေသဆုံးမႈအေပၚမွာ ႏွေမ်ာတသ ေက်ကြဲ ဝမ္းနည္းၾကၿပီး ကြၽန္ေတာ့္ အေပၚမွာေတာ့ မိန္းကေလးတစ္ေယာက္ကို ႏိုင္ထက္စီးနင္းလုပ္ မုဒိန္းက်င့္ဖို႔လုပ္ ႏွိပ္ဆက္ညႇင္းပန္း မုဒိန္းက်င့္ၿပီး ရက္ရက္စက္စက္ ယုတ္ယုတ္မာမာ စိတ္နဲ႔ သတ္ျပစ္လိုက္တယ္ဆိုတဲ့ အေတြးေတြ ထင္ေၾကးေတြ မွတ္ခ်က္ေတြကလည္းရွိေနၾကေလေတာ့ ပိုမုန္းၾက ပိုဆဲၾကတာေပါ့ဗ်ာ

ကြၽန္ေတာ့္အေပၚမွာလည္း ႐ြံရွာမုန္းတီးၾကတဲ့ စိတ္ခံစားခ်က္နဲ႔ ေဒါသျဖစ္ၾကတယ္ေပါ့

ဒါေပမယ့္ ေတးႏုယဥ္ ေသဆုံးသြားရတဲ့အတြက္ ေလာကႀကီး တစ္ခုလုံးမွာ အေၾကကြဲရဆုံး ဝမ္းအနည္းရဆုံး စိတ္အထိခိုက္ရဆုံး သူကို ေျပာပါဆိုရင္ကြၽန္ေတာ္မွတစ္ပါး အျခားလူတစ္ေယာက္မရွိႏိုင္ပါဘူး

ေတးႏုယဥ္ကို ကြၽန္ေတာ္က အင္မတန္ အားကိုးပါတယ္ အင္မတန္ေစတနာ ထားပါတယ္

ၿပီးေတာ့ တအားကိုလည္း သံေယာဇဥ္ ႀကီးလြန္းလွပါတယ္ ထပ္ၿပီးေျပာရရင္

ေတးႏုယဥ္ကို ကြၽန္ေတာ္က ေတာ္ေတာ္ႀကီးလည္း ခ်စ္ပါတယ္ ခ်စ္တာမွ ေတာ္ေတာ္ႀကီးကိုခ်စ္တာပါ

အဓိပၸာယ္ေပါင္းဆုံပါဝင္ေနတဲ့ အခ်စ္မ်ိဳးနဲ႔ကို သူ႔အေပၚမွာခ်စ္ေပးခဲ့တာပါ

ဘယ္ေလာက္ပဲခ်စ္ခ်စ္ ေမွ်ာ္လင့္မထားတဲ့ ကံၾကမၼာရဲ႕ အခ်ိဳးအေကြ႕ တစ္ခုေၾကာင့္ ကြၽန္ေတာ့္လက္ခ်က္နဲ႔ ေတးႏုယဥ္ေသဆုံးခဲ့ရပါတယ္

ဒါေၾကာင့္မို႔လည္း ကြၽန္ေတာ့္ကို တစ္သက္တစ္ကြၽန္းအမိန္႔ခ်တဲ့ေန႔မွာ ကြမ္းစားမပ်က္ခဲ့သလို အၿပဳံးလည္း မပ်က္ခဲ့ပါဘူး

ကိုယ္ခ်စ္ရလြန္းတဲ့သူတစ္ေယာက္ ကိုယ့္လက္ခ်က္နဲ႔ အသက္ေသဆုံးသြားရတဲ့အခ်ိန္ကစၿပီး ကြၽန္ေတာ့္ မွာရွိသမွ် ထိခိုက္ေၾကကြဲ နာက်င္ေပ်ာ္႐ႊင္ဝမ္းသာဝမ္းနည္း အစရွိတဲ့ စိတ္ခံစားခ်က္ေတြအားလုံး သူနဲ႔တစ္ပါတည္း ေသဆုံးေပ်ာက္ကြယ္သြားခဲ့ၿပီပဲဗ်ာ

အဲ့ဒါေၾကာင့္မို႔ ေယာႏုေသဆုံးသြားၿပီဆိုတာကို သိလိုက္ရတဲ့အခ်ိန္ကစၿပီး တစ္ျခားေသာသတင္းဆိုး ဆိုတဲ့အရာေတြက ကြၽန္ေတာ့စိတ္ကို လႈပ္ခါ တုန္ရင္သြားေအာင္ မစြမ္းေဆာင္ႏိုင္ၾကေတာ့ပါဘူး

တစ္သက္တစ္ကြၽန္း အခ်ခံလိုက္ရတဲ့ေန႔တုန္းကဆိုရင္လည္း ေထာင္ထဲကိုျပန္ေရာက္တာနဲ႔ ကြၽန္ေတာ္ကပိုက္ေက်ာ္ျခင္းကြင္းထဲသြားၿပီး ညေနငါးနာရီထိုးတဲ့အထိ ျခင္းခတ္ေနခဲ့တာပါ

ေတးႏုယဥ္မေသဆုံးခင္မွာ ကြၽန္ေတာ့္ေၾကာင့္ သူ႔မွာဒဏ္ရာေတြအမ်ားႀကီးရခဲ့ပါတယ္

အဲ့ဒီဒဏ္ရာေတြရဲ႕ေဝဒနာေၾကာင့္ နာက်င္ပူေလာင္မႈေတြကို သူခံစားခဲ့ရမွာပါ

ဒါေပမယ့္လည္း ျပႆနာ ျဖစ္ေနၾက ခ်ိန္တုန္းက ကြၽန္ေတာ္ထိုးလိုက္မိတဲ့ကန္လိုက္မိတဲ့အခ်ိန္မွာ သူကမ်က္ႏွာတစ္ခ်က္မပ်က္ခဲ့သလို နာက်င္မႈေၾကာင့္ညည္းညဴးတာကိုလည္း တစ္ခ်က္ကေလး ေတာင္မွ ကြၽန္ေတာ္မၾကားခဲ့ရပါဘူး

သူကအဲ့လိုမ်ိဳး မေအာ္ခဲ့ မညည္း ခဲ့ေလေတာ့ ကြၽန္ေတာ့္စိတ္ထဲမွာလည္း သူ႔ကိုေသသြားဖို႔မဆိုထားနဲ႔ နာက်င္ေနတယ္ဆိုတာကိုေတာင္ ကြၽန္ေတာ္ ဘက္က မရိပ္မိခဲ့ပါဘူး မသိခဲ့ပါဘူးမေတြးခဲ့ပါဘူး

အဲဒီလိုထူးျခားတဲ့ အေျခအေနမ်ိဳးေတြနဲ႔ ႀကဳံေတြ႕ခဲ့ရတာေၾကာင့္ မႀကဳံခ်င္မေတြ႕ခ်င္တဲ့ အျဖစ္ဆိုးႀကီးနဲ႔ ႀကဳံေတြ႕ခဲ့ရတာပါ

အဲဒါ ေၾကာင့္မို႔လည္း ေထာင္ထဲကိုေရာက္တဲ့အခ်ိန္မွာကြၽန္ေတာ္ခ်စ္ရလြန္းတဲ့ ကြၽန္ေတာ့္ ညီမေလး ေတးႏုယဥ္ ေသဆုံးခါနီးအခ်ိန္တုန္းက ခံစားသြားရတဲ့ပူေလာင္မႈေတြကို သက္သာပါေစေတာ့ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကေလးနဲ႔

ေထာင္ထဲမွာ ေရကန္ေတြအမ်ားႀကီး ကြၽန္ေတာ္ေဆာက္ေပးခဲ့ပါတယ္

ညီမေလးေတးႏုယဥ္ အတြက္ ရည္႐ြယ္ခဲ့တာမို႔ ေၾကြးျပား ကဗ်ည္းမွာလည္း ကြၽန္ေတာ့္ ညီမေလး ေတးႏုယဥ္ရဲ႕နာမည္ကိုပဲ အလႉ႔ရွင္အျဖစ္ ထိုးေပး ခဲ့ပါတယ္

အင္းစိန္ေထာင္ေဆး႐ုံဝင္းတစ္ခုထဲမွာကိုပဲ ေရကန္သုံးလုံးေဆာက္ေပးခဲ့ပါတယ္

အိပ္ေဆာင္ တစ္ မွာလည္း ေရကန္တစ္လုံးေဆာက္ေပးခဲ့ပါတယ္ တစ္ေဆာင္မွာေဆာက္ေပးခဲ့တဲ့ ေရကန္ဆိုရင္ သိန္းေပါင္း တစ္ရာ့သုံးဆယ္ေလာက္ကုန္ပါတယ္

လူငယ္ေဆာင္မွာလည္း ေရကန္တစ္လုံးေဆာက္ေပးခဲ့ပါတယ္ မခ်ဳပ္မွာလည္း ေရကန္တစ္လုံးေဆာက္ေပးခဲ့ပါတယ္

အိပ္ေဆာင္ ငါး မွာလည္း အဝီစိတြင္း တစ္တြင္းနဲ႔ ေရကန္တစ္လုံး ေဆာက္ေပးခဲ့ပါတယ္

ေလွေလွာ္အင္း ရဲဘက္စခန္းကို ရဲဘက္အက်ဥ္းသားအျဖစ္ပါသြားစဥ္တုန္းကလည္း အဲဒီ့စခန္းရဲ႕ၾကက္ေမြးျမဴေရးၿခံအမွတ္ႏွစ္မွာ ေရကန္တစ္လုံးေဆာက္ေပးခဲ့ပါတယ္

အင္းစိန္ေထာင္ကေန ေထာင္တြင္းျပစ္မႈ တစ္စုံတစ္ရာ က်ဴးလြန္ခဲ့ျခင္း မရွိခဲ့ေပမယ့္ အုပ္ခ်ဳပ္သူေတြရဲ႕မလိုမုန္းထားစိတ္ဓာတ္ေတြေၾကာင့္ ကြၽန္ေတာ့္ကိုေကာ့ေသာင္းေထာင္အထိ ေျပာင္းျပစ္ခဲ့ၾကပါတယ္

အဲဒီလိုမ်ိဳးနန္းခ်ခံခဲ့ရတဲ့အခ်ိန္မွာလည္း တစ္ခ်က္ကေလးမွ အၿပဳံးမပ်က္ခဲ့ပါဘူး ေကာ့ေသာင္းေထာင္မွာက အင္မတန္ေရရွားပါတယ္

အသစ္ထပ္ေဆာက္တဲ့ အိပ္ေဆာင္ေလးမွာ ေရကန္တစ္လုံးနဲ႔ အဝီစိတြင္းတစ္တြင္းတူးတဲ့အခါမွာလည္း ကုန္ၾကမယ့္စရိတ္ရဲ႕ တစ္ဝက္တိတိကိုပိုက္ဆံမတည္ေပးခဲ့ပါတယ္

ဒါေလးေတြကို ေရးျပေနတာက ကြၽန္ေတာ့ရင္ထဲမွာ ႂကြားဝါခ်င္တဲ့စိတ္ ႏွမ္းတစ္ေစ့စာေတာင္မရွိပါဘူး ကြၽန္ေတာ့္ေၾကာင့္ကြယ္လြန္သြားရရွာတဲ့ေတးႏုယဥ္အေပၚမွာ ကြၽန္ေတာ့္ဘက္က ဘယ္ေလာက္အထိသံေယာဇဥ္ႀကီးတယ္ ဘယ္ေလာက္အထိအေလးအနက္ထားတယ္

အဲဒီလိုက်င္းထဲက်က္ထဲေနရာမ်ိဳးေတြမွာေတာင္ သူ႔အတြက္ရည္စူးၿပီးလုပ္ေပးခဲ့တယ္ဆိုတာေလးကို ကြၽန္ေနာ့္အေပၚမွာ ခ်စ္ခင္ၾကတဲ့ ခြင့္လႊတ္ေပးၾကတဲ့အျမင္မွားေနၾကတဲ့ အထင္လြဲေနၾကတဲ့ ကြၽန္ေတာ့္ရဲ႕ပရိတ္သတ္ႀကီးကို သိေစခ်င္တာေၾကာင့္

သူနဲ႔ပတ္သတ္ၿပီး ကြၽန္ေတာ့္ဘက္က လုပ္ေပးထားခဲ့တာေလးေတြထဲကမွ အစအနေလာက္ေလးကိုပဲေရးျပတာပါ

အဓိကကြၽန္ေတာ္ေရးျပခ်င္တာက ေထာင္ထဲမွာ ကြၽန္ေတာ္ ဘယ္လိုပုံစံမ်ိဳးနဲ႔ျဖတ္သန္းခဲ့သလဲဆိုတဲ့အေၾကာင္းပါ

ေစတနာ ပါသည္ျဖစ္ေစ ရည္႐ြယ္သည္ျဖစ္ေစ မရည္႐ြယ္သည္ျဖစ္ေစ ကြၽန္ေတာ့္ေၾကာင့္ ေတးႏုယဥ္ေသခဲ့ရတာက အမွန္တရားပါ

အဲဒီေတာ့ ကြၽန္ေတာ္လည္းတစ္သက္တစ္ကြၽန္း အခ်ခံခဲ့ရတာေပါ့ဗ်ာ

တစ္သက္တစ္ကြၽန္းအခ်ခံလိုက္ရလို႔လည္း တစ္ခ်က္ကေလးေတာင္ ကြၽန္ေတာ္ မတုန္လႈပ္ခဲ့ပါဘူး ခပ္ေအးေအး ခပ္ေပ်ာ္ေပ်ာ္ပါပဲ

ဟုတ္ပါတယ္ ေထာင္ထဲမွာေနခဲ့ရစဥ္တုန္းကဆိုရင္ ကြၽန္ေတာ္က တကယ့္ကိုပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ၾကည္ၾကည္ႏူးႏူး ေက်ေက်နပ္နပ္ႀကီး ေနလာခဲ့တာပါ

အဲ့ဒီစကားကို မယုံဘူးဆိုရင္ ေထာင္ထဲမွာေျခာက္ႏွစ္ေက်ာ္ၾကာေအာင္ေ နခဲ့ရတဲ့သူမို႔ ကြၽန္ေတာ္နဲ႔ အတူတူ အက်ဥ္းသားဘဝကိုျဖတ္သန္းခဲ့ရတဲ့လူေပါင္း သိန္းခ်ီရွိပါတယ္

ဘယ္သူ႔ကိုပဲေမးေမး အဲဒီစကားက အမွန္ပါပဲလို႔ သူတို႔ေတြက ေျပာၾကပါလိမ့္မယ္

အမွန္တကယ္ႀကီးကိုပဲေ ထာင္ထဲမွာေနခဲ့ရခ်ိန္မွာ ကြၽန္ေတာ္ကေ ပ်ာ္ေပ်ာ္ပါးပါးႀကီးေ က်ေက်နပ္နပ္ႀကီးျ ဖတ္သန္းျဖစ္ခဲ့တာပါ ကုန္လြန္ေစခဲ့တာပါေနေပးခဲ့တာပါ

ဘာေၾကာင့္အဲဒီ့လိုမ်ိဳးေက်ေက်နပ္နပ္ႀကီးေ နျဖစ္ခဲ့ရတာလည္းဆိုရင္ ကိုယ္ခ်စ္ရလြန္း သူတစ္ေယာက္ ကိုယ့္လက္ခ်က္နဲ႔ အသက္ေသဆုံးသြားတာေၾကာင့္ကိုယ့္ကိုကိုယ္ ဒဏ္ခတ္တဲ့အေနနဲ႔ မေနသင့္တဲ့အရပ္ မသင့္ေတာ္တဲ့အရပ္ မထိုက္တန္တဲ့အရပ္မွာေ က်ေက်နပ္နပ္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႀကီးကို ကြၽန္ေတာ္ ေနျပစ္လိုက္တာပါ

ေထာင္ထဲကို တစ္ခါမွမေရာက္ဖူးတဲ့သူေတြက ဘုမသိဘမသိ ႐ူးေၾကာင္မူးေၾကာင္နဲ႔ေျ ပာတက္ၾကတဲ့စကားတစ္ခြန္းရွိပါတယ္အဲဒီ့စကားက ဘာလည္းဆိုရင္ေ ထာင္အျပင္တန္းမရွိဘူး ဆိုတဲ့စကားပဲျဖစ္ပါတယ္

တစ္ကယ္ကေတာ့ေ ထာင္ထဲမွာေ ထာင္အျပင္ေျ ခက်င္းလည္းရွိတယ္ေဒါက္လဲရွိတယ္ တန္းလည္းရွိတယ္ တိုက္လည္းရွိပါတယ္

ကြၽန္ေတာ္ဆိုရင္ေ ထာင္ထဲမွာတုန္းကေျ ချခင္းလည္းဝတ္ခဲ့ဖူးသလို တိုက္ထဲမွာလည္း ေနခဲ့ဖူးပါတယ္

ဒါေပမယ့္လည္း ဘယ္ေနရာမွာ ဘယ္လိုပဲေနရေနရ တစ္ခ်က္ကေလးေတာင္မတုန္လႈပ္ခဲ့သလို တစ္ခ်က္ကေလးေတာင္ အၿပဳံးမပ်က္ခဲ့ပါဘူး

ေထာင္ထဲမွာေနခဲ့ရစဥ္ အခ်ိန္ကာလတစ္ေလ်ာက္လုံး က်ားကက်ားလိုပဲေနခဲ့ပါတယ္ ကြၽန္ေတာ့္ရဲ႕စိတ္ခံစားခ်က္ထဲမွာေ ယာႏုကို ဆုံးမခဲ့စဥ္ အခ်ိန္တုန္းက
သူ႔ကို မေသေစခ်င္သလို မုန္းတီးတဲ့ခံစားခ်က္ နာက်င္ေစခ်င္တဲ့ ခံစားခ်က္ တစ္စက္ကေလးေတာင္ မရွိခဲ့ပါဘူး

ေသပါေစေတာ့ရယ္လို႔ ရည္႐ြယ္ၿပီးေတာ့လည္း သတ္ခဲ့တာမဟုတ္ပါဘူး

ဒါေပမယ့္ ကြၽန္ေတာ့္ေၾကာင့္ သူေသသြားခဲ့ရရွာပါတယ္ အဲဒါေၾကာင့္ ကြၽန္ေတာ့္မွာ အျပစ္ရွိတဲ့အတြက္ ဥပေဒက ေပးတဲ့ အျပစ္ဒဏ္ကို ကြၽန္ေတာ့္ဘက္က ေက်ေက်နပ္နပ္ႀကီး ခံယူခဲ့ပါတယ္

တစ္ခ်က္မွကိုအၿပဳံးမပ်က္ခဲ့တာပါ ဒါေတာင္ေ တးႏုယဥ္ကိုေသေအာင္သတ္ၿပီးေပးတဲ့အျပစ္ကိုခံမယ္ဆိုတဲ့ စိတ္ဓာတ္မ်ိဳးနဲ႔ သတ္ခဲ့တာမဟုတ္ပါဘူး

မေတာ္တဆျဖစ္သြားတဲ့ ရလဒ္တစ္ခုရဲ႕ အက်ိဳးဆက္ကိုအၿပဳံးမပ်က္ မတုန္မလႈပ္ခံယူေပးဆက္ခဲ့တာပါ ကိုယ္လုပ္ခဲ့မိရင္ ကိုယ့္အလွည့္က်ရင္လည္းေက်ေက်နပ္နပ္ ရဲရဲဝံ့ဝံ့ႀကီးခံရဲၾကရမွာေပါ့ဗ်ာ

အခုေတာ့ ႏိုင္ငံေရးလုပ္ရင္ အဖမ္းခံရမယ္ ဆိုတာလည္းသိတယ္ တပ္မေတာ္ႀကီးကို မိုက္မိုက္႐ိုင္း႐ိုင္း ညစ္ညစ္ညမ္းညမ္း ဆဲဆိုၾကရင္ အျပစ္ျဖစ္မယ္ဆိုတာကိုလည္းသိတယ္

အခန္႔မသင့္ရင္ အမႈ႕ဖြင့္ခံရၿပီး တရားဆြဲခံရမယ္ အဖမ္းခံရမယ္ေထာင္က်ၾကရမယ္ဆိုတာကိုလည္း ႀကိဳသိေနခဲ့ၾကတယ္

သိသိႀကီးနဲ႔ လက္ခုပ္သံေတြ လိုခ်င္တာေၾကာင့္ လုပ္တုန္းက လုပ္ခဲ့ၾကၿပီးမွ ဝရမ္းထုတ္ၿပီ အမႈဖြင့္ၿပီ အဖမ္းခံရမယ္လည္းဆိုေရာ ရဲရဲေတာက္ေတြကထြက္ေျပးၾကပါေလေရာ

ဝရမ္းအထုတ္ခံရ အမႈ႕ဖြင့္ခံရၿပီးေထာင္ၾကရေတာ့မယ္ ဆိုတာလည္းသိေရာ ခံဝန္ကတိေတြထိုးၾက မ်က္ရည္ေတြ ၾကျပၾကနဲ႔

ဒါလားဗ်ာ ရဲရဲေတာက္နီတဲ့အႏုပညာရွင္ ႏိုင္ငံေရးသမားႀကီးေတြဆိုတာေ အာက္မွာတင္ထားတဲ့ပုံက တိုက္ထဲမွာတုန္းက ႐ိုက္ထားခဲ့တဲ့ ဓာတ္ပုံအစစ္ပါခင္ဗ်ာ

ရွဴတင္မွာ အိုက္တင္လုပ္ေနတဲ့ပုံ မဟုတ္ပါဘူးခင္ဗ် က်ားက က်ားလိုေနခဲ့တယ္ဆိုတာ မယုံၾကဘူးဆိုရင္ေထာင္ထဲမွာ အဲဒီလို ဓာတ္ပုံမ်ိဳး ႐ိုက္ခြင့္ရဖို႔လြယ္မလားဆိုတာေထာင္က်ခဲ့ဖူးတဲ့ သူေတြကိုသာေ မးၾကည့္လိုက္ၾကေပါ့ဗ်ာ ။ ။

unicode

ရဲရဲတောက် ပါတယ်ဆိုတဲ့ အနုပညာသမားတွေဖတ်ဖို့

သရပါမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာတေးနုယဉ်ကို သတ်ဖြတ်တယ်ဆိုတဲ့ ဆွဲချက်အမိန်နဲ့ တရားသူကြီးက

သရပါမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ကျွန်တော့်ကိုြ ပစ်ဒဏ်အဖြစ် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခဲ့ပါတယ်

တကယ်ဆိုရင် ကျွန်တော့်အနေနဲ့ တေးနုယဉ်အပေါ်မှာ သတ်ချင်တဲ့စိတ်ဖြစ်ပေါ်ဖို့ဝေးလို့ သေစေချင်တဲ့ စိတ်ဆန္ဒတောင် မြူတစ်မှုံသဲတစ်ပွင့်မရှိခဲ့ပါဘူးဗျာ

ဒါပေမယ်လည်း ကျွန်တော့်ကြောင့် သူသေဆုံးခဲ့ရတာမို့ ကျွန်တော် ကိုယ်တိုင်ပဲ ရဲစခန်းကိုသွားပြီး ကျွန်တော်ကြောင့်သူသေဆုံးသွားရတယ်

ဆိုတဲ့အကြောင်းသတင်းသွားပို့ခဲ့တာပါကျေကျေနပ်နပ်ကြီး အဖမ်းခံခဲ့တာပါကျွန်တော့်ကြောင့်တေးနုယဉ်သေသွားခဲ့တဲ့အတွက်

အဲဒီအချိန်တုန်းကဆိုရင် ကျွန်တော့်ကို ဝိုင်းဆဲခဲ့ကြတဲ့သူတွေ သိန်းသန်းမက ရှိခဲ့ကြပါတယ်

သူတို့တွေက တေးနုယဉ်သေဆုံးမှုအပေါ်မှာ နှမျောတသ ကျေကွဲ ဝမ်းနည်းကြပြီး ကျွန်တော့် အပေါ်မှာတော့ မိန်းကလေးတစ်ယောက်ကို နိုင်ထက်စီးနင်းလုပ် မုဒိန်းကျင့်ဖို့လုပ် နှိပ်ဆက်ညှင်းပန်း မုဒိန်းကျင့်ပြီး ရက်ရက်စက်စက် ယုတ်ယုတ်မာမာ စိတ်နဲ့ သတ်ပြစ်လိုက်တယ်ဆိုတဲ့ အတွေးတွေ ထင်ကြေးတွေ မှတ်ချက်တွေကလည်းရှိနေကြလေတော့ ပိုမုန်းကြ ပိုဆဲကြတာပေါ့ဗျာ

ကျွန်တော့်အပေါ်မှာလည်း ရွံရှာမုန်းတီးကြတဲ့ စိတ်ခံစားချက်နဲ့ ဒေါသဖြစ်ကြတယ်ပေါ့

ဒါပေမယ့် တေးနုယဉ် သေဆုံးသွားရတဲ့အတွက် လောကကြီး တစ်ခုလုံးမှာ အကြေကွဲရဆုံး ဝမ်းအနည်းရဆုံး စိတ်အထိခိုက်ရဆုံး သူကို ပြောပါဆိုရင်ကျွန်တော်မှတစ်ပါး အခြားလူတစ်ယောက်မရှိနိုင်ပါဘူး

တေးနုယဉ်ကို ကျွန်တော်က အင်မတန် အားကိုးပါတယ် အင်မတန်စေတနာ ထားပါတယ်

ပြီးတော့ တအားကိုလည်း သံယောဇဉ် ကြီးလွန်းလှပါတယ် ထပ်ပြီးပြောရရင်

တေးနုယဉ်ကို ကျွန်တော်က တော်တော်ကြီးလည်း ချစ်ပါတယ် ချစ်တာမှ တော်တော်ကြီးကိုချစ်တာပါ

အဓိပ္ပာယ်ပေါင်းဆုံပါဝင်နေတဲ့ အချစ်မျိုးနဲ့ကို သူ့အပေါ်မှာချစ်ပေးခဲ့တာပါ

ဘယ်လောက်ပဲချစ်ချစ် မျှော်လင့်မထားတဲ့ ကံကြမ္မာရဲ့ အချိုးအကွေ့ တစ်ခုကြောင့် ကျွန်တော့်လက်ချက်နဲ့ တေးနုယဉ်သေဆုံးခဲ့ရပါတယ်

ဒါကြောင့်မို့လည်း ကျွန်တော့်ကို တစ်သက်တစ်ကျွန်းအမိန့်ချတဲ့နေ့မှာ ကွမ်းစားမပျက်ခဲ့သလို အပြုံးလည်း မပျက်ခဲ့ပါဘူး

ကိုယ်ချစ်ရလွန်းတဲ့သူတစ်ယောက် ကိုယ့်လက်ချက်နဲ့ အသက်သေဆုံးသွားရတဲ့အချိန်ကစပြီး ကျွန်တော့် မှာရှိသမျှ ထိခိုက်ကြေကွဲ နာကျင်ပျော်ရွှင်ဝမ်းသာဝမ်းနည်း အစရှိတဲ့ စိတ်ခံစားချက်တွေအားလုံး သူနဲ့တစ်ပါတည်း သေဆုံးပျောက်ကွယ်သွားခဲ့ပြီပဲဗျာ

အဲ့ဒါကြောင့်မို့ ယောနုသေဆုံးသွားပြီဆိုတာကို သိလိုက်ရတဲ့အချိန်ကစပြီး တစ်ခြားသောသတင်းဆိုး ဆိုတဲ့အရာတွေက ကျွန်တော့စိတ်ကို လှုပ်ခါ တုန်ရင်သွားအောင် မစွမ်းဆောင်နိုင်ကြတော့ပါဘူး

တစ်သက်တစ်ကျွန်း အချခံလိုက်ရတဲ့နေ့တုန်းကဆိုရင်လည်း ထောင်ထဲကိုပြန်ရောက်တာနဲ့ ကျွန်တော်ကပိုက်ကျော်ခြင်းကွင်းထဲသွားပြီး ညနေငါးနာရီထိုးတဲ့အထိ ခြင်းခတ်နေခဲ့တာပါ

တေးနုယဉ်မသေဆုံးခင်မှာ ကျွန်တော့်ကြောင့် သူ့မှာဒဏ်ရာတွေအများကြီးရခဲ့ပါတယ်

အဲ့ဒီဒဏ်ရာတွေရဲ့ဝေဒနာကြောင့် နာကျင်ပူလောင်မှုတွေကို သူခံစားခဲ့ရမှာပါ

ဒါပေမယ့်လည်း ပြဿနာ ဖြစ်နေကြ ချိန်တုန်းက ကျွန်တော်ထိုးလိုက်မိတဲ့ကန်လိုက်မိတဲ့အချိန်မှာ သူကမျက်နှာတစ်ချက်မပျက်ခဲ့သလို နာကျင်မှုကြောင့်ညည်းညူးတာကိုလည်း တစ်ချက်ကလေး တောင်မှ ကျွန်တော်မကြားခဲ့ရပါဘူး

သူကအဲ့လိုမျိုး မအော်ခဲ့ မညည်း ခဲ့လေတော့ ကျွန်တော့်စိတ်ထဲမှာလည်း သူ့ကိုသေသွားဖို့မဆိုထားနဲ့ နာကျင်နေတယ်ဆိုတာကိုတောင် ကျွန်တော် ဘက်က မရိပ်မိခဲ့ပါဘူး မသိခဲ့ပါဘူးမတွေးခဲ့ပါဘူး

အဲဒီလိုထူးခြားတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် မကြုံချင်မတွေ့ချင်တဲ့ အဖြစ်ဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရတာပါ

အဲဒါ ကြောင့်မို့လည်း ထောင်ထဲကိုရောက်တဲ့အချိန်မှာကျွန်တော်ချစ်ရလွန်းတဲ့ ကျွန်တော့် ညီမလေး တေးနုယဉ် သေဆုံးခါနီးအချိန်တုန်းက ခံစားသွားရတဲ့ပူလောင်မှုတွေကို သက်သာပါစေတော့ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့

ထောင်ထဲမှာ ရေကန်တွေအများကြီး ကျွန်တော်ဆောက်ပေးခဲ့ပါတယ်

ညီမလေးတေးနုယဉ် အတွက် ရည်ရွယ်ခဲ့တာမို့ ကြွေးပြား ကဗျည်းမှာလည်း ကျွန်တော့် ညီမလေး တေးနုယဉ်ရဲ့နာမည်ကိုပဲ အလှူ့ရှင်အဖြစ် ထိုးပေး ခဲ့ပါတယ်

အင်းစိန်ထောင်ဆေးရုံဝင်းတစ်ခုထဲမှာကိုပဲ ရေကန်သုံးလုံးဆောက်ပေးခဲ့ပါတယ်

အိပ်ဆောင် တစ် မှာလည်း ရေကန်တစ်လုံးဆောက်ပေးခဲ့ပါတယ် တစ်ဆောင်မှာဆောက်ပေးခဲ့တဲ့ ရေကန်ဆိုရင် သိန်းပေါင်း တစ်ရာ့သုံးဆယ်လောက်ကုန်ပါတယ်

လူငယ်ဆောင်မှာလည်း ရေကန်တစ်လုံးဆောက်ပေးခဲ့ပါတယ် မချုပ်မှာလည်း ရေကန်တစ်လုံးဆောက်ပေးခဲ့ပါတယ်

အိပ်ဆောင် ငါး မှာလည်း အဝီစိတွင်း တစ်တွင်းနဲ့ ရေကန်တစ်လုံး ဆောက်ပေးခဲ့ပါတယ်

လှေလှော်အင်း ရဲဘက်စခန်းကို ရဲဘက်အကျဉ်းသားအဖြစ်ပါသွားစဉ်တုန်းကလည်း အဲဒီ့စခန်းရဲ့ကြက်မွေးမြူရေးခြံအမှတ်နှစ်မှာ ရေကန်တစ်လုံးဆောက်ပေးခဲ့ပါတယ်

အင်းစိန်ထောင်ကနေ ထောင်တွင်းပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်း မရှိခဲ့ပေမယ့် အုပ်ချုပ်သူတွေရဲ့မလိုမုန်းထားစိတ်ဓာတ်တွေကြောင့် ကျွန်တော့်ကိုကော့သောင်းထောင်အထိ ပြောင်းပြစ်ခဲ့ကြပါတယ်

အဲဒီလိုမျိုးနန်းချခံခဲ့ရတဲ့အချိန်မှာလည်း တစ်ချက်ကလေးမှ အပြုံးမပျက်ခဲ့ပါဘူး ကော့သောင်းထောင်မှာက အင်မတန်ရေရှားပါတယ်

အသစ်ထပ်ဆောက်တဲ့ အိပ်ဆောင်လေးမှာ ရေကန်တစ်လုံးနဲ့ အဝီစိတွင်းတစ်တွင်းတူးတဲ့အခါမှာလည်း ကုန်ကြမယ့်စရိတ်ရဲ့ တစ်ဝက်တိတိကိုပိုက်ဆံမတည်ပေးခဲ့ပါတယ်

ဒါလေးတွေကို ရေးပြနေတာက ကျွန်တော့ရင်ထဲမှာ ကြွားဝါချင်တဲ့စိတ် နှမ်းတစ်စေ့စာတောင်မရှိပါဘူး ကျွန်တော့်ကြောင့်ကွယ်လွန်သွားရရှာတဲ့တေးနုယဉ်အပေါ်မှာ ကျွန်တော့်ဘက်က ဘယ်လောက်အထိသံယောဇဉ်ကြီးတယ် ဘယ်လောက်အထိအလေးအနက်ထားတယ်

အဲဒီလိုကျင်းထဲကျက်ထဲနေရာမျိုးတွေမှာတောင် သူ့အတွက်ရည်စူးပြီးလုပ်ပေးခဲ့တယ်ဆိုတာလေးကို ကျွန်နော့်အပေါ်မှာ ချစ်ခင်ကြတဲ့ ခွင့်လွှတ်ပေးကြတဲ့အမြင်မှားနေကြတဲ့ အထင်လွဲနေကြတဲ့ ကျွန်တော့်ရဲ့ပရိတ်သတ်ကြီးကို သိစေချင်တာကြောင့်

သူနဲ့ပတ်သတ်ပြီး ကျွန်တော့်ဘက်က လုပ်ပေးထားခဲ့တာလေးတွေထဲကမှ အစအနလောက်လေးကိုပဲရေးပြတာပါ

အဓိကကျွန်တော်ရေးပြချင်တာက ထောင်ထဲမှာ ကျွန်တော် ဘယ်လိုပုံစံမျိုးနဲ့ဖြတ်သန်းခဲ့သလဲဆိုတဲ့အကြောင်းပါ

စေတနာ ပါသည်ဖြစ်စေ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ကျွန်တော့်ကြောင့် တေးနုယဉ်သေခဲ့ရတာက အမှန်တရားပါ

အဲဒီတော့ ကျွန်တော်လည်းတစ်သက်တစ်ကျွန်း အချခံခဲ့ရတာပေါ့ဗျာ

တစ်သက်တစ်ကျွန်းအချခံလိုက်ရလို့လည်း တစ်ချက်ကလေးတောင် ကျွန်တော် မတုန်လှုပ်ခဲ့ပါဘူး ခပ်အေးအေး ခပ်ပျော်ပျော်ပါပဲ

ဟုတ်ပါတယ် ထောင်ထဲမှာနေခဲ့ရစဉ်တုန်းကဆိုရင် ကျွန်တော်က တကယ့်ကိုပဲ ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူး ကျေကျေနပ်နပ်ကြီး နေလာခဲ့တာပါ

အဲ့ဒီစကားကို မယုံဘူးဆိုရင် ထောင်ထဲမှာခြောက်နှစ်ကျော်ကြာအောင်ေ နခဲ့ရတဲ့သူမို့ ကျွန်တော်နဲ့ အတူတူ အကျဉ်းသားဘဝကိုဖြတ်သန်းခဲ့ရတဲ့လူပေါင်း သိန်းချီရှိပါတယ်

ဘယ်သူ့ကိုပဲမေးမေး အဲဒီစကားက အမှန်ပါပဲလို့ သူတို့တွေက ပြောကြပါလိမ့်မယ်

အမှန်တကယ်ကြီးကိုပဲေ ထာင်ထဲမှာနေခဲ့ရချိန်မှာ ကျွန်တော်ကေ ပျာ်ပျော်ပါးပါးကြီးေ ကျကျေနပ်နပ်ကြီးြ ဖတ်သန်းဖြစ်ခဲ့တာပါ ကုန်လွန်စေခဲ့တာပါနေပေးခဲ့တာပါ

ဘာကြောင့်အဲဒီ့လိုမျိုးကျေကျေနပ်နပ်ကြီးေ နဖြစ်ခဲ့ရတာလည်းဆိုရင် ကိုယ်ချစ်ရလွန်း သူတစ်ယောက် ကိုယ့်လက်ချက်နဲ့ အသက်သေဆုံးသွားတာကြောင့်ကိုယ့်ကိုကိုယ် ဒဏ်ခတ်တဲ့အနေနဲ့ မနေသင့်တဲ့အရပ် မသင့်တော်တဲ့အရပ် မထိုက်တန်တဲ့အရပ်မှာေ ကျကျေနပ်နပ်ပျော်ပျော်ရွှင်ရွှင်ကြီးကို ကျွန်တော် နေပြစ်လိုက်တာပါ

ထောင်ထဲကို တစ်ခါမှမရောက်ဖူးတဲ့သူတွေက ဘုမသိဘမသိ ရူးကြောင်မူးကြောင်နဲ့ေြ ပာတက်ကြတဲ့စကားတစ်ခွန်းရှိပါတယ်အဲဒီ့စကားက ဘာလည်းဆိုရင်ေ ထာင်အပြင်တန်းမရှိဘူး ဆိုတဲ့စကားပဲဖြစ်ပါတယ်

တစ်ကယ်ကတော့ေ ထာင်ထဲမှာေ ထာင်အပြင်ေြ ခကျင်းလည်းရှိတယ်ဒေါက်လဲရှိတယ် တန်းလည်းရှိတယ် တိုက်လည်းရှိပါတယ်

ကျွန်တော်ဆိုရင်ေ ထာင်ထဲမှာတုန်းကေြ ခခြင်းလည်းဝတ်ခဲ့ဖူးသလို တိုက်ထဲမှာလည်း နေခဲ့ဖူးပါတယ်

ဒါပေမယ့်လည်း ဘယ်နေရာမှာ ဘယ်လိုပဲနေရနေရ တစ်ချက်ကလေးတောင်မတုန်လှုပ်ခဲ့သလို တစ်ချက်ကလေးတောင် အပြုံးမပျက်ခဲ့ပါဘူး

ထောင်ထဲမှာနေခဲ့ရစဉ် အချိန်ကာလတစ်လျောက်လုံး ကျားကကျားလိုပဲနေခဲ့ပါတယ် ကျွန်တော့်ရဲ့စိတ်ခံစားချက်ထဲမှာေ ယာနုကို ဆုံးမခဲ့စဉ် အချိန်တုန်းက
သူ့ကို မသေစေချင်သလို မုန်းတီးတဲ့ခံစားချက် နာကျင်စေချင်တဲ့ ခံစားချက် တစ်စက်ကလေးတောင် မရှိခဲ့ပါဘူး

သေပါစေတော့ရယ်လို့ ရည်ရွယ်ပြီးတော့လည်း သတ်ခဲ့တာမဟုတ်ပါဘူး

ဒါပေမယ့် ကျွန်တော့်ကြောင့် သူသေသွားခဲ့ရရှာပါတယ် အဲဒါကြောင့် ကျွန်တော့်မှာ အပြစ်ရှိတဲ့အတွက် ဥပဒေက ပေးတဲ့ အပြစ်ဒဏ်ကို ကျွန်တော့်ဘက်က ကျေကျေနပ်နပ်ကြီး ခံယူခဲ့ပါတယ်

တစ်ချက်မှကိုအပြုံးမပျက်ခဲ့တာပါ ဒါတောင်ေ တးနုယဉ်ကိုသေအောင်သတ်ပြီးပေးတဲ့အပြစ်ကိုခံမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ သတ်ခဲ့တာမဟုတ်ပါဘူး

မတော်တဆဖြစ်သွားတဲ့ ရလဒ်တစ်ခုရဲ့ အကျိုးဆက်ကိုအပြုံးမပျက် မတုန်မလှုပ်ခံယူပေးဆက်ခဲ့တာပါ ကိုယ်လုပ်ခဲ့မိရင် ကိုယ့်အလှည့်ကျရင်လည်းကျေကျေနပ်နပ် ရဲရဲဝံ့ဝံ့ကြီးခံရဲကြရမှာပေါ့ဗျာ

အခုတော့ နိုင်ငံရေးလုပ်ရင် အဖမ်းခံရမယ် ဆိုတာလည်းသိတယ် တပ်မတော်ကြီးကို မိုက်မိုက်ရိုင်းရိုင်း ညစ်ညစ်ညမ်းညမ်း ဆဲဆိုကြရင် အပြစ်ဖြစ်မယ်ဆိုတာကိုလည်းသိတယ်

အခန့်မသင့်ရင် အမှု့ဖွင့်ခံရပြီး တရားဆွဲခံရမယ် အဖမ်းခံရမယ်ထောင်ကျကြရမယ်ဆိုတာကိုလည်း ကြိုသိနေခဲ့ကြတယ်

သိသိကြီးနဲ့ လက်ခုပ်သံတွေ လိုချင်တာကြောင့် လုပ်တုန်းက လုပ်ခဲ့ကြပြီးမှ ဝရမ်းထုတ်ပြီ အမှုဖွင့်ပြီ အဖမ်းခံရမယ်လည်းဆိုရော ရဲရဲတောက်တွေကထွက်ပြေးကြပါလေရော

ဝရမ်းအထုတ်ခံရ အမှု့ဖွင့်ခံရပြီးထောင်ကြရတော့မယ် ဆိုတာလည်းသိရော ခံဝန်ကတိတွေထိုးကြ မျက်ရည်တွေ ကြပြကြနဲ့

ဒါလားဗျာ ရဲရဲတောက်နီတဲ့အနုပညာရှင် နိုင်ငံရေးသမားကြီးတွေဆိုတာေ အာက်မှာတင်ထားတဲ့ပုံက တိုက်ထဲမှာတုန်းက ရိုက်ထားခဲ့တဲ့ ဓာတ်ပုံအစစ်ပါခင်ဗျာ

ရှူတင်မှာ အိုက်တင်လုပ်နေတဲ့ပုံ မဟုတ်ပါဘူးခင်ဗျ ကျားက ကျားလိုနေခဲ့တယ်ဆိုတာ မယုံကြဘူးဆိုရင်ထောင်ထဲမှာ အဲဒီလို ဓာတ်ပုံမျိုး ရိုက်ခွင့်ရဖို့လွယ်မလားဆိုတာထောင်ကျခဲ့ဖူးတဲ့ သူတွေကိုသာေ မးကြည့်လိုက်ကြပေါ့ဗျာ ။ ။