ထိုင်းနိုင်ငံက ဘန်ကလိုင်ယိုင်ဘုရားကျောင်းရဲ့ ယာယီဆရာတော်ကြီး Phra Somwang Ataro ဟာ ဖိမိုင်းခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းအတွင်း သံအပိုင်းအစများ အသုံးပြုရန် စိတ်ကူးကို ထွက်ပေါ်လာခဲ့ပါတယ် ။ အဆိုပါ ဘုန်းကြီးက ဘတ် 1500 သာကုန်ကျပြီး ဆိုလာစွမ်းအင်သုံး စက်ဘီးကို တီထွင်လိုက်တာပါ ။
Phra Somwang က ဘုန်းကြီးမဖြစ်ခင်မှာ စက်ပြင်ပညာကို တတ်မြောက်ထားပြီး ဘုရားကျောင်းအတွင်း ကိုယ်တိုင်အသုံးပြုဖို့အတွက် ဆိုလာစွမ်းအင်သုံး စက်ဘီးကို အောင်မြင်စွာ မတည်ဆောက်နိုင်မချင်း ကိုယ်တိုင် စမ်းသုံးကြည့်ခဲ့သေးတယ်လို့ ဆိုပါတယ် ။
ဘုန်းကြီးက ကျောင်းတော်ဧရိယာက ကျယ်သောကြောင့် ဈာပနပွဲ သို့မဟုတ် ကုသိုလ်ကောင်းမှု အခမ်းအနားကျင်းပတဲ့အခါမှာ အသက်ကြီးသောကြောင့် သွားလာရတာ ခက်ခဲပါတယ် ။ ဒါကြောင့် သက်ကြီးရွယ်အို ဆွေမျိုးများ အသုံးပြုရန် နေရောင်ခြည် စွမ်းအင်သုံး စက်ဘီးများ တီထွင်မှုကို တိုးချဲ့ရန် ပြင်ဆင်ခြင်းဖြင့် ဘုရားကျောင်းအတွင်းမှာ အသုံးပြုရန် နေစွမ်းအင်သုံး စက်ဘီးကို တီထွင်ခဲ့ခြင်းဖြစ်ပါတယ် ။
ထိုနေရောင်ခြည်စွမ်းအင်သုံးစက်ဘီးက ဘက်ထရီများကိုအသုံးပြုပြီး စီးရန် ခြေလျင်မလိုအပ်ပါ ။ သက်ကြီးရွယ်အိုများ အထူးသဖြင့် ခြေထောက်များ စက်ဘီးစီးရန် ခွန်အားမရှိတဲ့ သက်ကြီးရွယ်အိုအချို့အတွက် သင့်တော်ပါတယ် ။ ၎င်းဟာ ဗိမာန်တော်အတွင်း အပြန်ပြန်အလှန်လှန် စီးနင်းအသုံးပြုနိုင်ဒါကြောင့် ရွာရှိဆွေမျိုးသားချင်းများအတွက် ဆိုလာစွမ်းအင်သုံး စက်ဘီးများ တီထွင်မှုကို ဆက်လက်ပြုလုပ်သွားရန် ပြင်ဆင်လျက်ရှိကြောင့် သိရပါတယ် ။
JRose (KB Chimmy One)
Reference : sanook77
Zawgyi
ထိုင္းႏိုင္ငံက ဘန္ကလိုင္ယိုင္ဘုရားေက်ာင္းရဲ႕ ယာယီဆရာေတာ္ႀကီး Phra Somwang Ataro ဟာ ဖိမိုင္းခ႐ိုင္အတြင္းရွိ ဘုန္းေတာ္ႀကီးေက်ာင္းအတြင္း သံအပိုင္းအစမ်ား အသုံးျပဳရန္ စိတ္ကူးကို ထြက္ေပၚလာခဲ့ပါတယ္ ။ အဆိုပါ ဘုန္းႀကီးက ဘတ္ 1500 သာကုန္က်ၿပီး ဆိုလာစြမ္းအင္သုံး စက္ဘီးကို တီထြင္လိုက္တာပါ ။
Phra Somwang က ဘုန္းႀကီးမျဖစ္ခင္မွာ စက္ျပင္ပညာကို တတ္ေျမာက္ထားၿပီး ဘုရားေက်ာင္းအတြင္း ကိုယ္တိုင္အသုံးျပဳဖို႔အတြက္ ဆိုလာစြမ္းအင္သုံး စက္ဘီးကို ေအာင္ျမင္စြာ မတည္ေဆာက္ႏိုင္မခ်င္း ကိုယ္တိုင္ စမ္းသုံးၾကည့္ခဲ့ေသးတယ္လို႔ ဆိုပါတယ္ ။
ဘုန္းႀကီးက ေက်ာင္းေတာ္ဧရိယာက က်ယ္ေသာေၾကာင့္ ဈာပနပြဲ သို႔မဟုတ္ ကုသိုလ္ေကာင္းမႈ အခမ္းအနားက်င္းပတဲ့အခါမွာ အသက္ႀကီးေသာေၾကာင့္ သြားလာရတာ ခက္ခဲပါတယ္ ။ ဒါေၾကာင့္ သက္ႀကီး႐ြယ္အို ေဆြမ်ိဳးမ်ား အသုံးျပဳရန္ ေနေရာင္ျခည္ စြမ္းအင္သုံး စက္ဘီးမ်ား တီထြင္မႈကို တိုးခ်ဲ႕ရန္ ျပင္ဆင္ျခင္းျဖင့္ ဘုရားေက်ာင္းအတြင္းမွာ အသုံးျပဳရန္ ေနစြမ္းအင္သုံး စက္ဘီးကို တီထြင္ခဲ့ျခင္းျဖစ္ပါတယ္ ။
ထိုေနေရာင္ျခည္စြမ္းအင္သုံးစက္ဘီးက ဘက္ထရီမ်ားကိုအသုံးျပဳၿပီး စီးရန္ ေျခလ်င္မလိုအပ္ပါ ။ သက္ႀကီး႐ြယ္အိုမ်ား အထူးသျဖင့္ ေျခေထာက္မ်ား စက္ဘီးစီးရန္ ခြန္အားမရွိတဲ့ သက္ႀကီး႐ြယ္အိုအခ်ိဳ႕အတြက္ သင့္ေတာ္ပါတယ္ ။ ၎ဟာ ဗိမာန္ေတာ္အတြင္း အျပန္ျပန္အလွန္လွန္ စီးနင္းအသုံးျပဳႏိုင္ဒါေၾကာင့္ ႐ြာရွိေဆြမ်ိဳးသားခ်င္းမ်ားအတြက္ ဆိုလာစြမ္းအင္သုံး စက္ဘီးမ်ား တီထြင္မႈကို ဆက္လက္ျပဳလုပ္သြားရန္ ျပင္ဆင္လ်က္ရွိေၾကာင့္ သိရပါတယ္ ။
JRose (KB Chimmy One)